Tuesday, August 31, 2010

အမေရိကန်နိုင်ငံတွင် ဗုဒ္ဓဘာသာ တဖြေးဖြေး ထွန်းကားလာခြင်း

အမေရိကန်နိုင်ငံသည် ပုံမှန်အားဖြင့် ခရစ်ယာန်၊ ဂျူး၊ နှင့် အစ္စလာမ်ဘာသာဝင် အများစုတို့ နေထိုင်ရာ နေရာဖြစ်သော်လည်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ တရားစခန်းများလည်း ခေတ်စားစပြုလာသည်ကိုတွေ့ရသည်။ အများစုသည် ဗီယက်နမ် ဗုဓ္ဒဘာသာဝင်များ၊ အရှေ့တိုင်းသားများဖြစ်သော်လည်း ဥရောပနွယ်ဝင်များလည်း ဗုဒ္ဓဘာသာ တရားစခန်းများသို့  တရားထိုင်ရန် ရောက်ရှိလာကြသည်။

ရစ်ခ်ျမွန်းမြို့ ရှိ သာသန၀ိပဿနာတရားရိပ်သာသို့ တရားထိုင်ရန် ရောက်လာသော လူများထဲမှ ဟွမ်ထရန်ဆိုသူက ဗုဓ္ဒဘာသာဆိုတာ ဘ၀နေမှုပုံစံ တမျိုးပါ။ ဆိုလိုချင်တာက ခင်ဗျားအနေနဲ့ ဘာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဓ္ဒဘာသာဖြစ်ဖြစ်၊ ဖြစ်ချင်တာဖြစ် အရေးမကြီးဘူး၊ ဒီဘ၀နေမှုပုံစံကလေးကို လိုက်နာရုံပါပဲ။ အမေရိကမှာတော့ လွတ်လပ်တယ်။ ရွေးချင်တာကို ရွေးချယ်လို့ ရတယ်။ ဗီယက်နမ်မှာ နေခဲ့ရသလိုမျိုး ဘောင်ချထားတဲ့ စည်းဝိုင်းအ တွင်း နေရတာမျူိး မဟုတ်ဘူးဟု ထရမ် က ဆက်လက်ပြောဆိုသည်။

Monday, August 30, 2010

ဂရုစိုက်ရမည့် နာရီလေးများ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်
အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

အကိုး။ ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ
(ပါမောက္ခ ဒေါ်ခင်ဖြူ)

ဆင်တစ်ကောင်မွေးဖွားလာခြင်း

ကဲသယ်ရင်းတို့ရေ ဆင်လေးတစ်ကောင်မွေးဖွားတဲ့ ပုံကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုလေးပါ။ သိတယ်မဟုတ်လား ကျွန်တော့က လဲ ဗုဒ္ဓဟူးသားဆိုတော့ မဆီမဆိုင် အမေ့မေတ္တာတွေ တောင် ပြန်အောက်မေ့လို့ပေါ့။ ဒီမှာကြည့်ကြည့်လိုက်ကြပါနော်။


Sunday, August 29, 2010

ကဲ အခုတော့ ဘာပြောမလဲ

ဒီလူဆိုးတယ်လို့ ကိုယ်မြင်တယ်
လူကောင်းတိုင်းလဲ အဲလိုမြင်တယ်

ဒီလူမရှိရင်ကောင်းမယ်လို့ ကိုယ်ရိုင်းမိတယ်
နောက်လူကောင်းကို မျှော်လင့်မိတယ်

ဘုရားသခင် ကောင်းချီးပေးပါတယ်
နောက်လူရောက်လာတယ်။
အရောင်အသွေး မခြားခဲ့ပါဘူး
လုပ်ရပ်တွေ မထူးခြားပါဘူး။

ဒီအဖေက မွေးတဲ့ဒီသား
အဖေ့စကား ဆို ဦးထိပ်ပန်ဆင်

စနစ်ဟောင်းလေးနဲ့ လူပြောင်းလဲခဲ့တယ်

အို--- ကမ္ဘာလောက


မိုးယံ (29.8.2010)

ဖတ်မိတော့လည်း ကဗျာ(၄)

ခင်ဗျား ထိုင်တတ်သလား ။

ထိုင်တတ်တဲ့သူဟာ နေရာ မပျောက်ဘူး ။
ထိုင်တတ်တဲ့သူဟာ နေရာ မရွေ့ဘူး ။
ထိုင်တတ်တဲ့သူဟာ ထပေးစရာ မလိုဘူးပေါ့ ။

ခင်ဗျားနှယ်
ခုထိ မနေတတ် မထိုင်တတ် ။

ခင်ဗျား အသက်ကြီးနေပြီ
မတ်တပ် မတ်တပ်နဲ့ …။

ခင်ဗျားအရွယ်ကြီးနဲ့
ထိုင်စရာ ရှာမတွေ့သေးဘူးလား ။

(ဒီထက် ဆိုးတာက)
အခုထိ နေရာမရဖြစ်နေတယ် မဟုတ်လား ဆိုတာမျိုး ။

လင်းဒီပ
၂၉.၀၈.၁၀

Friday, August 27, 2010

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈)

STDs
လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ဆေးပညာမှာ
Sexually Transmitted Diseases (STDs)လို့ အခု ခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD)လို့ ခေါ်ခဲ့တယ်။ ကျွန်တော်တို့ ဆီမှာလဲ အရင်က ကာလသားရောဂါလို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေး ဌာနတောင် ဒီနာမယ်နဲ့ လုပ်ခဲ့ပါသေးတာ။

ကာလသားဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲ မကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ တောရွာတွေမှာကာလသားခေါင်းဆိုတာ ရပ်ရေးရွာရေး၊ လူမှုရေးကိစ္စတွေမှာ စေတနာနဲ့ (ဗော်လန်တီယာ) လုပ်နေသူတွေရဲ့ ခေါင်းဆောင်ကို ခေါ်တယ်။ အမိန့်နာခံသူကိုရွေးတာ၊ အထက်လူကြီးကို လာဘ်ထိုးနိုင်လို့ ခန့်တာမျိုး မဟုတ်ဘူး။ ရွာသားတွေက နှစ်လိုသဘောကျသူကိုသာ ရွေးတာ။ အင်မတန် ချစ်ဘို့ကောင်းတဲ့ယဉ်ကျေးမှုပေါ့။

ကာလသားတွေသာ မဟုတ်ဘူး၊ STDs တွေက အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ အမျိုးသား တွေရော အမျိုးသမီးများတွေမှာပါဖြစ်တယ်။ ဖြစ်မှာပေါ့ လိင်ဆက်ဆံကြရာမှာ မဆင်ခြင်ကြလို့ တယောက်ကနေ နောက်တယောက်ကို ကူးတာကိုး။ ဒါ့ကြောင့် STIs လို့ ပြောတာက ပိုမှန်တယ်။ “I” ဆိုတာ Infection “ကူးစက်ရောဂါလို့ ကွက်ကွက် ကွင်းကွင်း ခေါ်လိုက်တာပါဘဲ။

Venereal လို့ ခေါ်တာကလဲ Venus ဗီးနပ်စ် ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ် ကို အချစ် နဲ့ အလှကို ကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမ သာမကပါ၊ ဂရိနတ်သမီး (အဖရိုဒိုက်) နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Miloလို့ ပိုသိကြတယ် မဟုတ်လား။ လှတာမက်တော့ ညစာခက်ဆိုသလို ရောဂါက အတော်ကိုကြောက်ဘို့ ကောင်းတယ်။

ဆေးတွေမပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဘို့ ပဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် ရန်သူ့ကျည်ဆံလို ကြောက်ဘို့ကောင်းတယ်လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအိုနောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားတခြား နေရာတွေမှာပါ ရောဂါရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။

ရောဂါပိုးတွေကလဲ အမျိုးမျိုး။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပရိုဇိုးဝါး နဲ့ ပါရာဆိုက်၊ အကောင်စုံပါဘဲ။ ဆစ်ဖလစ် ကို VD ခေါ်ကတည်းက ရောဂါ ရှိ-မရှိစမ်းတာကို Venereal Disease Research Laboratory (VDRL) tests လို့ ခေါ်တာ ခုအထိဘဲ။ ဒီစမ်းသပ်နည်းက ရာနှုန်းပြည့် ဒီရောဂါရှိတယ်လို့ ပြောနိုင်တာတော့ မဟုတ်ပါ။

Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ကျား-မ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ တက်စေ့ကနေ အနာလဲ ဖြစ်လာတတ်တယ်။ အမျိုးသမီးများ သားအိမ်အဝမှာ အဖြစ်များတယ်။ အဖြူဆင်းတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းအရောင်လဲ ဖြစ်နိုင်တယ်။

အမြှုတ်လိုလဲ ရှိတတ်တယ်။ အနံ့ဆိုးတယ်။ ယားမယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ စအိုလိင်ဆက်ဆံသူများဆိုရင် အစာဟောင်းအိမ်ကို ရောဂါရလို့ ဝမ်းသွားရင် နာမယ်။

ဒုတိယအများဆုံးဖြစ်တာက Gonorrhea ဂနိုရီးယား။ လွန်ခဲ့တဲ့ နှစ် ၅ဝဝဝ က တရုပ်မှာ ဖြစ်ခဲ့တယ်လို့ သမိုင်းဆရာတွေက ပြောတယ်။ ပိုးရှိပေမဲ့ ဘာမှမဖြစ်သလိုလဲ နေတတ်တယ်။ ပိုးရှိနေသူနဲ့ ဆက်ဆံပြီး၊ ၄-၅ ရက်မှာ စတယ်။ ယောက်ျားတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းကနေ အဖြူရည် အဝါရည် ကျတာ။ ဆက်ဖြစ်ရင် အကြောနာ၊ အစေ့နာတာ ဖြစ်မယ်။ ဗမာတွေက ဆီးပူး-ညောင်းကျလို့ အရပ်ထဲမှာ ပြောတာပေါ့။ ပုဆိုးကို မ-ပင့်ပြီး လမ်းသွားရတယ်။ (ဂေး) တွေမှာ စအို ရောင်နိုင်မယ်။ လမ်းလျောက်ပုံ တမျိုးပေါ့။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ သေသေခြာခြာ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။

Chancroid (ရှန်ကာ) ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာ အနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ Genital Herpes ခေါ်တယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကို ကူးနိုင်တယ်။

Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကလဲ ဒီအုပ်စုဝင်ရောဂါဖြစ်တယ်။ Lymphogranuloma Venereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။

ဆစ်ဖလစ် ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ လီနင်နဲ့ တော်လ်စထွိုင် တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမနီက ဟစ်တလာ၊ အီတလီက မူဆိုလီနီ၊ ရုရှားက လူဆိုးဘုရင် အိုင်ဗင် စသူတွေ ပါတယ်။ နာမယ်ဆိုးရှိသူများ သတိထားကြပါ။

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့ Smallpox ကို ကျောက်ကြီးလို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျဘာသာပြန်ရင် မဟာကျောက်ရောဂါ ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်ကို ခေါ်တာပါ။

အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြတယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ ဆစ်ဖလစ်ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျ တွေကတော့ စပိန်ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နဲနဲပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

ဆစ်ဖလစ် ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါ အစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယ အဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေးတယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ Vaginal Infections မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ Trichomoniasis ပိုးက လိင်နဲ့မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဒါ့အပြင်

ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို မှတ်ပါ၊ လုပ်ပါ။ ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင်ရင်တော့ ကွန်ဒွန်က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊

ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပါတ် လည်အောင်တော့ ကုဘို့လိုတယ်။ အတူနေဖေါ် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှ ရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပါတ် ၁လုံး၊ ၃ ပါတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမဲ့ ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဘို့ သတိပေးပါတယ်ခင်ဗျား။

ဒေါက်တာတင့်ဆွေ

ကမ္ဘာ့​ပ​ထ​မ​ဆုံး​ 3D​ ​နည်း​ပ​ညာ​သုံး​ ​ညစ်​ညမ်း​ ရုပ်​ရှင်​ ​စ​တင်​ ရိုက်​ကူး​ရန်​ စီ​စဉ်


ဟောင်ကောင်ရှိ ရုပ်ရှင် ထုတ်လုပ်သူများသည် ကမ္ဘာ့ ပထမဆုံး 3D နည်းပညာသုံး ညစ်ညမ်း ရုပ်ရှင်ကို

စတင် ရိုက်ကူးရန် စီစဉ် နေပြီဟု သိရသည်။

အမေရိကန်ဒေါ်လာ ၃.၂ သန်းမျှ အကုန်ခံ ရိုက်ကူးမည့် Sex and Zen: Extreme Ecstansy (3D) သည် အာရှဈေးကွက်တွင်သာမက ဥရောပနှင့် အမေရိကတိုက်တွင်ပါ တွင်ကျယ်စွာ ဖြန့်ဖြူးနိုင်ရန် မျှော်လင့်ထားကြောင်း ပရိုဂျူဆာ စတီဖင်ရှူးက ပြောကြားခဲ့သည်။ ယင်းဇာတ်ကားတွင် ဂျပန်၏ အဖော်အချွတ်နှင့် လိင်မင်းသမီးများ ဖြစ်ကြသည့် ယူကီကိုဆိုနှင့် ဆိုရီဟာရာတို့ ပါဝင်မည်ဟုဆိုသည်။

ယင်းဇာတ်ကားသည် မြို့စားတစ်ဦးက စိတ်ကူးယဉ် ဖန်တီးထားသည့် လိင်အညှီအဟောက် လောကအတွင်း ရောက်ရှိသွားသည့် လူငယ်တစ်ဦးသည် ထိုကိစ္စတွင် ၎င်း၏ဇနီးဟောင်းပါ ဆက်နွယ်ပတ်သက်နေကြောင်း သိရှိလာပုံကို ရိုက်ကူးထားသည်။ စတီဖင်က 3D အမြင်ဖြင့် တင်ဆက်သည့် လိင်မြင်ကွင်းများသည် အလွန်စိတ်လှုပ်ရှားဖွယ် ဖြစ်လိမ့်မည်ဟုဆိုသည်။ ၎င်းက တရုတ်၏ ဆင်ဆာဥပဒေအရ ပြည်မကြီးသို့ တင်သွင်းခွင့် ပိတ်ပင်မည် ဖြစ်သော်လည်း ဟောင်ကောင်တွင် လူကြိုက်များဖွယ်ရှိကြောင်း ခန့်မှန်းခဲ့သည်။

စတီဖင်က အာရှဒေသတွင်း ဂျပန်၊ ကိုရီးယား၊ အရှေ့တောင်အာရှ နိုင်ငံအချို့နှင့် ဟောင်ကောင်ရှိ အခပေးရုပ်သံလိုင်း အချို့တို့နှင့် သဘောတူညီမှု ရယူနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသွားသည်။

posted by ၀င်းဝင်းခင်, Credit :လူထုအသံ


Wednesday, August 25, 2010

မိန်းခလေးများမဖတ်ရးးးးးးးးးးးးးးးးးးး

ဆရာဝန်ရဲ့ စမ်းသပ်ပုံ


အမျိုးသမီးတစ်ဦး ကလေးငယ်လေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
အမျိုးသမီး။....။ ကလေးကအားနည်းနေလို့ပါဆရာ

ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာဖြစ်လို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
ဇဝေဇ၀ါဖြစ်နေသောအမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို
ခံလိုက်တယ်။
အသေအချာစမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ..

“ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိပဲ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့”

အဲလို ပြောတော့ အမျိုးသမီးက ဒေါသတကြီး ပြန်အော်လိုက်တယ်။

“ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီရှင့်”


မဖတ်နဲ့ဆို ဖတ်ပြန်ပြီ .. .. ဒီတခါကလေးနဲ့ဆေးခန်းသွားရင် သတိထားနော် .. ကိုကိုလည်း အဲဒီလိုပဲ …. မှားတတ်တယ် … .. ဟားဟားဟား ..


ကိုယ်တွေ့ပညာ


အတော်လေးလည်ဟိုက်တဲ့ အင်္ကျီကိုဝတ်ထားတဲ့ နပ်စ်မချောချောလေးက ဆရာဝန်ကို ပြောပါတယ်။ “ဒေါက်တာ။ ဒီလူငယ်ကို ကျွန်မ သွေးခုန်နှုန်း စမ်းလိုက်တိုင်း ပိုပိုပြီးမြန်လာတယ်။ သူ့ကို စိတ်ငြိမ်ဆေး ပေးလိုက်ရမလား။”
ဆရာဝန်က ပြန်ဖြေပါတယ်။
“မလိုပါဘူး။ နောက်တစ်ခါ စမ်းမယ်ဆိုရင် သူ့မျက်လုံးကိုသာ အဝတ်နဲ့ စည်းထားလိုက်ပါ။”


မာစတာ Key (သော့ဝိဇ္ဖာ)


ဘီယာ စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ် .. .. ….
ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ ပြောတတ်လိုက်ကြတာ …

****ယောက်ျားကောင်းတော့မောင်းမတစ်ထောင်****တဲ့။

မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိလို့ကတော့မကောင်းတဲ့မိန်းမ။ ကြေးစားမတဲ့။ ပက်ပက်စက်စက်ပြောလိုက်ကြတာ။ အတော်လည်းမတရားတဲ့ယောကျာ်းတွေ။ မိန်းမတွေဆိုရင် နှိမ်ချင်ကြတယ်။


အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။
ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။

သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ခဲ့ရင် .. … …
**“**မာစတာကီး**”** ”သော့ဝိဇ္ဖာ” လို့ ခေါ်ကြပါတယ်။

အဲ ဒါပေမဲ့ သော့ခလောက်တစ်ခုကို ဘယ်သော့တံနဲ့မဆို ဖွင့်နိုင်ပြီ/ဖွင့်လို့ရပြီဆိုရင်တော့ .. .. အဲဒီသော့ခလောက်ကသုံးစားလို့မရတဲ့သော့ခလောက် ဖြစ်သွားမှာပေါ့....အစ်မရဲ.---

ကျွန်တော်တို့က အစ်မတို့မိန်းခလေးတွေရဲ့ သော့ခလောက်ကို တန်ဖိုးထားလို့ပါ .. .. အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ မာစတာကီးလေးကိုလည်းတန်ဖိုးထားသင့်တာပေါ့နော် ..

ဟဲဟဲဟဲ---


(တကယ်တော့အပြစ်တင်ချင်ရင် ဘုရားသခင်ကိုတင်ပေါ့ …. ဘာလို့ကျွန်မတို့ကို သော့ခလောက်ပေးပြီး သူတို့ကို သော့ဝိဇ္ဖာပေးလိုက်လဲလို့လေနော .. ဟဟဟ)


မဖတ်နဲ့ဆို ဖတ်ပြန်ပြီ .. .. ကိုကိုကသော့ဝိဇ္ဖာနော် .. .. သတိထား .. ဟားဟားဟား ..
အားလုံးကို ရယ်မောစေချင်တဲ့ .. .. .. (ဆူးကဗျာ)

သင်မသိသေးတဲ့မေးခွန်းနဲ့အဖြေ

၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။

အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ၀န်ခံပါသည်။

==============================

၂) အောက်ပါတို့ကို အသေးစိတ်ရှင်းပြပါ။

အမေး။ လူ နှင့် ခွေး၏ ဆက်စပ်ပုံကို ဖြေပါ။
အဖြေ။ လူသည် သေမျိုး၊ ခွေးသည်လည်း သေမျိုး
သေမျိုးခြင်းအတူတူဖြစ်သည်။ ထို့ကြောင့်...
လူသည် သေမျိုး = ခွေးသည် သေမျိုး
ညီမျှခြင်းနှစ်ဘက်စလုံးမှ `သေမျိုး´ များကို ချေလိုက်သောအခါ
လူ = ခွေး

အမေး။ `ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။
အဖြေ။ ကျွဲ၏ ပါးစောင်းအား သွားတီးခြင်းဖြစ်ပါသည်။ အင်မတန်မှ
အန္တရာယ်များမည့် အလုပ်ဟု ယူဆရပါသည်။

အမေး။ ထမင်းစားသော တူကို မည်သူတီထွင်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။
အဖြေ။ တရုတ်လူမျိုးများဟု ထင်ပါသည်။ သို့သော် ထိုသူကို တော်တော်လေး
အမြင်ကပ်ပါသည်။ သူ့ဘာသာ လက်နဲ့အလွယ်တကူ စားလို့ရနေတာကို
တုတ်ချောင်းနှစ်ချောင်းဖြင့် ညှပ်ပြီး မခက်ခက်အောင်လုပ်ပြီး စားရသည်မှာ
သိပ်အဓိပ္ပာယ် မရှိဟု ထင်မိပါသည်။ တူ၏ အခြားမကောင်းသောအချက်မှာ
ဟင်းချိုသောက်၍ မရခြင်းဖြစ်သည်။

==============================

Tuesday, August 24, 2010

ဘောလုံးတွေနဲ့လုပ်တဲ့ဝတ်စုံ

အတူတူမအိပ်သင့်တဲ့ အရာ ( ၅ ) မျိုး

1. DON’T SLEEP WITH WATCH

Watches can emit a certain level of radioactivity.
Though small, but if you wear your watch to bed
for a long time, it might have adverse effects on your health.

၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်
မှုအတော်မြင့်မားပါတယ်…နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာ အိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့….ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

2. DON’T SLEEP WITH BRA

Scientists in America have discovered those that
wear bras for more than 12 hours have
a higher risk of getting breast cancer.
So go to bed without it.

၂. အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါကရင်သားကင်ဆာ ဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

3. DON’T SLEEP WITH PHONE

Putting the phone beside your bed or anywhere near you is not encouraged.
Though some of us will use phones as alarm clocks,but please put the phone as far as possible.
Scientists have proved that electrical items including mobile phone and television sets emit magnetic waves when used.
These waves can cause disruptions to our nervous system.Therefore if
you need to put your mobile phone near you, switch it off first.

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့အသုံးပြုတတ်ကြ ပါတယ် ….အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာထားသင့်ပါတယ်. … ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်း အပါအ၀င် တယ်လီဗေးရှင်းစက်များဟာအသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေ ပြခဲ့ကြ ပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်…..

4. DON’T SLEEP WITH MAKE UP

People who sleep with make up might have skin problems in the long run.
Sleeping with make up will cause the skin to have difficulty in
breathing and problem in perspiring. You will also need a much longer
time to go into deep sleep.

၎.မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..

ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ် …မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး ၀က်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်….အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့ နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ…

Lastly…..

5. DON’T SLEEP WITH OTHERS’ WIFE / HUSBAND

You may never wake up again.

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ
မအိပ်စက်သင့်ပါဘူးတဲ့…ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့လို့ပါ….

ပေါင် ၄ ဘီလျံတန် ထူးထူးခြားခြားရေကန်

ဒီရေကူးကန်မှာ ဆင်းပြီးစိမ်နေလိုက်မယ် စိတ်ကူးရင်တော့ အမြင့်ကို တက်ရတာ (ပျော်တဲ့လူ နှစ်သက်တဲ့လူ ဖြစ်ဖို့ကတော့ လိုမယ်။ အထပ်ပေါင်း ၅၅ ထပ်အမြင့်မှာ ရှိတဲ့ ရေကူးကန်မို့ပါဘဲ)။ ရေကူးကန်ရဲ့ အခြား တစ်ဘက်စွန်း ရောက်သွားလို့လဲ ထင်ရသလို အန္တရာယ်မကြီးဘူး။ အမြင်မှာတော့ဒီ infinity ရေကူးကန်ရဲ့ ဟိုဘက်စွန်းကိုသွားရင် အောက်ဖက်ကို ပြုတ်ကျ တော့မလိုပါဘဲ။

တကယ်မှာတော့ လျှံကျသွားတဲ့ရေကို ခံယူတဲ့ အကန့်တစ်ကန့်အောက်ဖက်မှာ ပါရှိပြီး အဲဒီထဲကျသွားတဲ့ရေ ကိုရေကူးကန်ထဲကို ပြန်မောင်းထည့်ပါတယ်။ အိုလံပစ်ပြိုင်ပွဲတွေမှာ သုံးတဲ့ရေကူးကန်ထက် အလျား ၃ ဆ ပိုပြီး ပေ ၆၅၀အမြင့်မှာ ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ အမြင့်ပိုင်း အဆောက်အဦးပြင်ပရေကူးကန်တွေ ထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။

စင်ကာပူမှာ တည်ဆောက်ပြီး ပေါင် ၄ ဘီလျံတန် ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ် Marina Bay Sads ရဲ့ မျှော်စင်သုံးခုအပေါ်မှာ ရှိနေတဲ့ လှေပုံသဏ္ဌာန် Sky ပန်းခြံရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ အင်ဖင်နတီပူးလ် (Infinity Pool)
ရေကူးကန်က တည်ရှိနေပါတယ်။

မာရိနာဘေး (Marina Bay) ဟိုတယ် အပေါ်မှာ ရှိတဲ့ Sky Park နဲ့ အင်ဖင်နတီးပူးလ် (Infinity Pool) တွင် ရေကူးနေတဲ့ ဧည့်သည်တစ်ယောက်။

ရေကူးကန်က မီတာ ၁၅၀ အဝေးထိကို ဆန့်ထွက်သွားတဲ့အတွက် အိုလံပစ် ရေကူးကန်ရဲ့ ၃ ဆရှည်ပါတယ်။

ဟိုးတစ်ဖက်ဆီက (မြင်ကွင်း/ရှုခင်း) အနုပညာသားပါပါ တင်ပြထားတဲ့ Marina Bay Sads ရဲ့ မျှော်စင်တွေပေါ်မှာ ရှိတဲ့ အင်ဖင်နတီပူးလ် (Infinity Pool) ပါရှိတဲ့ Sky
Park။

တစ်ညကို ပေါင် ၃၅၀ ကုန်ကျတဲ့ အခန်းပေါင်း ၂၅၆၀ ပါတဲ့ ဟိုတယ်ကို ဒိုင်ယာနာရော့စ် (Diana Ross) ရဲ့ ဖြေဖျော်ပွဲနဲ့ တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။

ခန့်မှန်းခြေ ပေါင် ၂ ဘီလျံကုန်ကျခဲ့တဲ့ အဘူဒါဘီ (Abu Dabhi) မှာရှိတဲ့ အဲမ္မရိတ် ပဲလေ့စ်ဟိုတယ် (Emerate Palace Hotel) ကို ၂၀၀၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တုန်းကတော့ အကုန်အကျ အများဆုံး ဟိုတယ် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အဆောက်အဦးထဲမှာ ရှိတဲ့ လှေစီးဖို့ တူးမြောင်း၊ တန်ဖိုးကြီး
အနုပညာ ပစ္စည်း၊ လောင်းကစားဖို့ ကာစီနို (Casino) ၊ အဆောက်အဦးပြင်ပမှာ
ရှိတဲ့ ပလာဇာ၊ အစည်းအဝေးခန်းမ၊ ရုပ်ရှင် ပြဇာတ်ရုံ၊ ကျောက်မျက်ခန်းမ၊
ကြာပွင့်ပုံ သဏ္ဌာန်ပြတိုက် အဆောက်အဦးတွေ ပါတဲ့ Marina Bay Sads ဟိုတယ်က
အကုန်အကျအများဆုံးဆိုတဲ့ သရဖူကို ရယူလိုက်ပြီ ဖြစ်ပါတယ်။

Sunday, August 22, 2010

အလှမယ်များ၏ အပေါ်ပိုင်း​ ဗလာကျင်း​ ပုံများ ပြသခဲ့မှု​ အတွက်


မယ်စကြာဝဠာ ရွေးချယ်ရေး အဖွဲ့သည်
ကမ္ဘာ့နိုင်ငံ အချို့မှ နိုင်ငံကိုယ်စားပြု အလှမယ်များ၏



အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို
ပြသခဲ့ခြင်း အတွက် ဝေဖန်မှုများ ရင်ဆိုင် နေရသည်။

တစ်ကိုယ်လုံးတွင် ဆေးရောင်များ ခြယ်သကာ အပေါ်ပိုင်း အဝတ် မပါသော ဆွဲဆောင်မှု ရှိလှသည့်
ဓာတ်ပုံရှင်များ အနက် အမေရိကန် အလှယမ် ရီမာဖာကီ၊ အယ်ဘေးနီးယားမယ် အန်ဂျယ်လာ
မာတီနီ၊ အိုင်ယာလန် အလှမယ် ရိုဇာနာပါဆဲ၊ ထရီနီဒက်နှင့် တိုဘာဂို
ကိုယ်စားပြု လာတိုယာဝုဒ်တို့လည်း ပါဝင်သည်။ ယင်းတို့၏ ဓာတ်ပုံများကို
လက်စ်ဗီးဂက်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မယ်စကြာဝဠာ ရွေးချယ်ရေး အဖွဲ့မှ
လူထု ဆက်ဆံရေး အရာရှိ မက်မာလီအန်တန်က ယခု ဓာတ်ပုံများသည် အထူး
ညှို့ငင်အားကောင်းပြီး အမျိုးသမီးများ၏ လှပမှုကို ပေါ်လွင် စေမည်ဟု
ယူဆကြောင်း ပြောကြားခဲ့သည်။

မယ်စကြာဝဠာ ပြိုင်ပွဲ စည်းမျဉ်းအရ မယ်စကြာဝဠာဘွဲ့ အရွေးချယ်ခံရသည့် အလှမယ် ကိုယ်တိုင်မှာမူ အဝတ်မပါသော
ဓာတ်ပုံများ ရိုက်ကူးခွင့် မရှိချေ။ အန်တန်က သူမအနေနှင့် ယခုဓာတ်ပုံများသည်
ပြိုင်ပွဲ၏ အစဉ်အလာနှင့် ဂုဏ်သရေကို ထိခိုက်စေမည်ဟု မယူဆကြောင်း
ကာကွယ်ပြောကြားခဲ့သည်။ သူမက ယခုလုပ်ရပ်သည် အလှမယ်များက သူမတို့၏
ခန္ဓာကိုယ်အလှကို အနုပညာဆန်ဆန် ပြသခြင်းသာဖြစ်သည်ဟု ယူဆကြောင်းလည်း
ပြောဆိုသွားသည်။

မယ်စကြာဝဠာ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ဗိုလ်လုပွဲစဉ်ကို ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

www.mymcnews.net

သံသရာကြီး ချာလည်လည်။



တစ်နေ့သော အခါတွင် သူဌေးကြီးဦးဘောဂသည် ခရီးထွက်စရာရှိသောကြောင့် သူ၏အတွင်းရေးမှူး ဒေါ်သီရိကိုခေါ်၍ ....
သီရိရေ...ဆရာတို့ခရီးသွားရမယ်ကွာ။စီစဉ်စရာရှိတာ စီစဉ်လိုက်ဟေ့...ဟုပြောလေသည်။
ဒေါ်သီရိသည် ခရီးအတွက် ပြင်ဆင်ပြီးသောအခါ သူမ၏ အမျိုးသားအား ၄င်းခရီးသွားရန်ရှိကြောင်းပြောပြ၏။
မောင်ရေ...သီရိ ဆရာနဲ့ ခရီးထွက်ရမယ်။တစ်ပတ်လောက်ကြာမယ်ထင်တယ်။ဒီတစ်ပတ်အတွင်းတော့ ကိုယ့်ကို ကိုယ် ဂရုစိုက်နော်မောင်.
ထိုအခါ သူ၏အမျိုးသားသည် ဝမ်းသာအားရဖြင့် သူ၏ မယားငယ်အားခေါ်၍ ....
သည်းရေ..အိမ်ကဟာမကြီး တစ်ပတ်လောက် ခရီးသွားစရာရှိတယ်တဲ့။ဒီတစ်ပတ်တော့ ကိုယ်တို့ လွတ်လွတ်လပ်လပ်နေလို့ ရပြီ...........ဟုပြောလေသည်။
မယားငယ်လေးသည် ထိုသတင်းကိုကြားလျှင် သူမ အချိန်ပိုင်း စာပြပေးရသော အောင်အောင်ဟူသောကောင်လေးအား ၄င်း၏ သင်တန်းကို
တစ်ပတ်နားမည်ဖြစ်ကြောင်းပြောလေသည်။
အောင်အောင်သည် သင်တန်းတစ်ပတ်ပိတ်ပေးသောကြောင့် ဝမ်းသာအားရဖြင့် သူ၏ အဖိုးဖြစ်သူ သူဌေးကြီး ဦးဘောဂအား တစ်ပတ်ခရီးထွက်ရန် ပူဆာလေတော့သည်။
အချစ်ဆုံးမြေး၏ ဆန္နကို မငြင်းဆန်နိုင်သော ဦးဘောဂသည် ၄င်း၏ခရီးအား ဖျက်လိုက်ကြောင်း
ဒေါ်သီရိအား ပြောပြန်၏။ဒေါ်သီရိကလည်း သူမ၏ အမျိုးသားအား ခရီးစဉ်
ပျက်သွားကြောင်းပြောပြန်၏။
သူမ၏ အမျိုးသားသည်လည်း မယားငယ်အားခေါ်၍ ထိုအကြောင်းကိုပြောပြပြန်၏။မယားငယ်လေးသည်လည်း ကျောင်းသားလေးအောင်အောင်ကို
သင်တန်း ပြန်ခေါ်မည်ဖြစ်ကြောင်း ပြောပြန်လေသည်။အောင်အောင်သည်လည်း သူ၏
အဖိုးကို ခရီးသွားရန်မဖြစ်နိုင်တော့ကြောင်း ပြောပြလေပြန်၏။ဦးဘောဂသည်လည်း
သူ၏ ခရီးကို ပြန်လည်စတင်ရန် ဒေါ်သီရိအားစီစဉ်ခိုင်းပြန်လေသည်။
ဒေါ်သီရိသည်လည်း...................
သူမ၏ အမျိုးသားသည်လည်း............
မယားငယ်သည်လည်း..............
အောင်အောင်သည်လည်း..........
ဦးဘောဂသည်လည်း................
လည်း...............
လည်း...............လည်း.................
ဤသို့ဖြင့်....................
ဒန်တန့်တန်။
Source By Daily Mail

စပိန်နိုင်ငံတွင် နွားရိုင်း ဝှေ့ခံရသောကြောင့် လူ ၄၀ ဒဏ်ရာရ

ဤသို့ ခုန်တက်သည်..။

အပေါ်ကို ရောက်သွားပြီ....

ဟောဒီလို ဒိုင်ဗင်နဲ့ ၀င်လိုက်တယ်..။


ခွာချော်နေလို့ တော်တော်နဲ့ မတက်နိုင်တာ ကံကောင်းသွားကြတယ်...။


တွေ့ရာ မြင်ရာ ကို ဝှေ့နေတာ ကြောက်စရာ....။ လူတွေက အသက်လု ပြေးကြရတယ်..။



ကျောပြင်တော့ ပေါက် ပါပြီ...။


ဒီ သားအဖက ဘယ်လို လုပ်မှာလဲ...။


ပြေးစရာက မရှိတော့ဘူး...။ နောက်မှာ က ရောက်နေပြီ..။ ငိုရုံက လွဲလို့ ဘာတတ်နိုင်မှာလဲနော်..။


နောက်ဆုံးတော့ ဒီကောင်ကြီး ကြွသွားပြီပေါ့...။


ပရိတ်သတ်လည်း (၄၀) လောက် ဒဏ်ရာ ရသွားပါတယ်တဲ့..။ စပိန်နိုင်ငံက နွားရိုင်းသတ်ပွဲ သွားမယ် ဆိုရင် သတိထားကြနော်...။


ထာဝရသူငယ်ချင်းများမှဖြစ်ပါတယ်

ငွေရှိတိုင်းမဖြစ်နိုင်သောအရာများ

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့
ထင်နေကြသူတွေအတွက်

အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ
…………
  1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
  2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
  3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
  4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို
    ဝယ်လို့မရဘူး။
  5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို
    ဝယ်လို့မရဘူး။
  6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
  7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို

    ဝယ်လို့မရဘူး။
  8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို
    ဝယ်လို့မရဘူး။
  9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)
    ကို ဝယ်လို့မရဘူး။
  10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန် (Time) ကို ဝယ်လို့မရဘူး။
  11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
  12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကို
    ဝယ်လို့မရဘူး။
  13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို
    ဝယ်လို့မရဘူး။
  14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို

    ဝယ်လို့မရဘူး။
  15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။
  1. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
  2. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး
    သိက္ခာဆည်လို့မရဘူး။
  3. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊ လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်
    ပြန်ကာလို့မရဘူး။
  4. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

  5. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
    (1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို
    သုံးချင်သူ။

    (2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။


    တို့သာဖြစ်သည်။

    Forward Mail မှဖြစ်ပါတယ်