Thursday, August 5, 2010

hard disk မှာ free space များများရအောင်

ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ်
မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့
နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့
ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default
disk setting ကို
Waste capacity ကို များစွာပေးထား တာပါ ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့
wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့်
free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ
လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used
space , free space
ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့
လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..
မှတ်သားပြီးသွားရင်တော့

၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို
ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး
Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို
ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button
ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ
3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်.
ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက
474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက
မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ်
ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ
သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)

ကျေးဇူးတင်ပါတယ်ခင်ဗျာ။။အဆင်ပြေမယ်လို့လဲမျှော်လင့်ပါတယ်ခင်ဗျာ။။။။

0 comments: