Wednesday, August 25, 2010

မိန်းခလေးများမဖတ်ရးးးးးးးးးးးးးးးးးးး

ဆရာဝန်ရဲ့ စမ်းသပ်ပုံ


အမျိုးသမီးတစ်ဦး ကလေးငယ်လေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
အမျိုးသမီး။....။ ကလေးကအားနည်းနေလို့ပါဆရာ

ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာဖြစ်လို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
ဇဝေဇ၀ါဖြစ်နေသောအမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို
ခံလိုက်တယ်။
အသေအချာစမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ..

“ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိပဲ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့”

အဲလို ပြောတော့ အမျိုးသမီးက ဒေါသတကြီး ပြန်အော်လိုက်တယ်။

“ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီရှင့်”


မဖတ်နဲ့ဆို ဖတ်ပြန်ပြီ .. .. ဒီတခါကလေးနဲ့ဆေးခန်းသွားရင် သတိထားနော် .. ကိုကိုလည်း အဲဒီလိုပဲ …. မှားတတ်တယ် … .. ဟားဟားဟား ..


ကိုယ်တွေ့ပညာ


အတော်လေးလည်ဟိုက်တဲ့ အင်္ကျီကိုဝတ်ထားတဲ့ နပ်စ်မချောချောလေးက ဆရာဝန်ကို ပြောပါတယ်။ “ဒေါက်တာ။ ဒီလူငယ်ကို ကျွန်မ သွေးခုန်နှုန်း စမ်းလိုက်တိုင်း ပိုပိုပြီးမြန်လာတယ်။ သူ့ကို စိတ်ငြိမ်ဆေး ပေးလိုက်ရမလား။”
ဆရာဝန်က ပြန်ဖြေပါတယ်။
“မလိုပါဘူး။ နောက်တစ်ခါ စမ်းမယ်ဆိုရင် သူ့မျက်လုံးကိုသာ အဝတ်နဲ့ စည်းထားလိုက်ပါ။”


မာစတာ Key (သော့ဝိဇ္ဖာ)


ဘီယာ စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ် .. .. ….
ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ ပြောတတ်လိုက်ကြတာ …

****ယောက်ျားကောင်းတော့မောင်းမတစ်ထောင်****တဲ့။

မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိလို့ကတော့မကောင်းတဲ့မိန်းမ။ ကြေးစားမတဲ့။ ပက်ပက်စက်စက်ပြောလိုက်ကြတာ။ အတော်လည်းမတရားတဲ့ယောကျာ်းတွေ။ မိန်းမတွေဆိုရင် နှိမ်ချင်ကြတယ်။


အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။
ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။

သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ခဲ့ရင် .. … …
**“**မာစတာကီး**”** ”သော့ဝိဇ္ဖာ” လို့ ခေါ်ကြပါတယ်။

အဲ ဒါပေမဲ့ သော့ခလောက်တစ်ခုကို ဘယ်သော့တံနဲ့မဆို ဖွင့်နိုင်ပြီ/ဖွင့်လို့ရပြီဆိုရင်တော့ .. .. အဲဒီသော့ခလောက်ကသုံးစားလို့မရတဲ့သော့ခလောက် ဖြစ်သွားမှာပေါ့....အစ်မရဲ.---

ကျွန်တော်တို့က အစ်မတို့မိန်းခလေးတွေရဲ့ သော့ခလောက်ကို တန်ဖိုးထားလို့ပါ .. .. အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ မာစတာကီးလေးကိုလည်းတန်ဖိုးထားသင့်တာပေါ့နော် ..

ဟဲဟဲဟဲ---


(တကယ်တော့အပြစ်တင်ချင်ရင် ဘုရားသခင်ကိုတင်ပေါ့ …. ဘာလို့ကျွန်မတို့ကို သော့ခလောက်ပေးပြီး သူတို့ကို သော့ဝိဇ္ဖာပေးလိုက်လဲလို့လေနော .. ဟဟဟ)


မဖတ်နဲ့ဆို ဖတ်ပြန်ပြီ .. .. ကိုကိုကသော့ဝိဇ္ဖာနော် .. .. သတိထား .. ဟားဟားဟား ..
အားလုံးကို ရယ်မောစေချင်တဲ့ .. .. .. (ဆူးကဗျာ)

7 comments:

Anonymous said...

ဟီးးးးးးးးးး
တော်သေးတယ်
အနော်က အန်တီမဟုတ်ပဲ မာစတာကီးကြီး ဖြစ်နေလို့ပေါ့..
ရှယ် ရယ်သွားပါတယ်

သဒ္ဓါလှိုင်း said...

ဖတ်ပြီးရီမိပါတယ်..။
အားပေးနေမယ်နော်..။
ပျော်ရွှင်ပါစေ။

SHWE ZIN U said...

ရီစရာ တွေ ကို ဖတ်သွားပါတယ်ဗျာ

ခင်တဲ့
ရွှေစင်ဦး

Maung Myo said...

လူဆိုး ပေါ်က်ပေါက်ရှာရှာတွေ ရှာ တတ် ရေးတတ်တယ်း)

blackroze said...

ရေးလည်းရေးတတ်ပလေတယ်
ရီသွားကြောင်း.. :P

မိုးယံ said...

သယ်ရင်း မ လေး တွေက အဆိုးဆုံးပဲ နော်။ မဖတ်ပါနဲ့ ဆိုကာမှ အံမယ် ဖတ်ပြီး ရီသွားကြောင်းဆိုပဲ။

ဟီဟိ

ငြိမ်းချမ်းပါစေ

ကိုဇော် said...

တော်သေးတယ် များက မိန်းကလေး မဟုတ်လို့..
ဖတ်မိသွားတယ်...

Word Verification ကို ဖြုက်လိုက်ပါလား။
spam ဝင်စရာ ရှိလို့လား။