Monday, August 16, 2010

၂၀၁၀ မှာ အိမ်ထောင်မပြုသေးတဲ့ မိုးဟေကို

အနုပညာ အလုပ်တွေ လုပ်ရင်း အားလပ်ရက် အချို့မှာ ပြည်ပ ခရီးတွေ ထွက်ဖြစ်နေတဲ့ မိုးဟေကိုနဲ့ တွေ့ဆုံ ဖြစ်ပါတယ်။

စင်ကာပူကို အလည်အပတ် သွားရင်း ဈေးဝယ် ဖြစ်ခဲ့တဲ့ မိုးဟေကို ကို မေးမြန်း ဖြစ်တာက...

တစ်လ တစ်ခေါက်နှုန်း ပြည်ပကို ထွက်တဲ့အခါ ခေတ်စားတဲ့ ၀တ်စုံ ဒီဇိုင်းတွေ ၀ယ်ဖြစ်တော့ ဇာတ်ကား ရိုက်တဲ့ အခါတိုင်း အသုံး တည့်နိုင်ပါ့မလား။

မလိုက်တာမျိုး မဖြစ်ရအောင်တော့ စဉ်းစားပြီး ၀ယ်တယ်။ ဇာတ်ကားနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ၀တ်ပေမယ့် Up to Date ဖြစ်အောင် လုပ်လို့မရဘူး။ Up to Date ဖြစ်တဲ့ ပုံစံမျိုးကတော့ အပြင် ပွဲသွားပွဲလာတွေပဲ ၀တ်ဖြစ်တယ်။

သရုပ်ဆောင် တစ်ယောက် ဖြစ်လို့ ပြည်ပကို တစ်လတစ်ခါ ထွက်ပြီး ဈေးဝယ်တာလား။

မဟုတ်ပါဘူး။ နဂိုက တည်းက ဈေးဝယ်တာလည်း ၀ါသနာပါတယ်။ အရင်ကလည်း သွားလာဝယ်နေကျ ဆိုတော့ သွားဖြစ်တယ်။ သရုပ်ဆောင်ဖြစ်တဲ့ အတွက် သွားတယ်၊ လာတယ်ဆိုတာ ကို ပိုသိ သွားတာပေါ့နော်။ အပြင်လူ ဖြစ်နေလည်း သွား ဖြစ်မှာပဲ။ မိန်းကလေး ဖြစ်တဲ့ အတွက် အလှအပကို ပို ကြိုက်တာပေါ့။

တစ်လတစ်ခေါက် ပြည်ပခရီး သွားတိုင်း စီးပွားရေး လုပ်ငန်းကိစ္စ မပါဘူးလား။

မပါပါဘူး။

M ဖက်ရှင် စီးပွားရေး လုပ်ငန်းပဲ လုပ်မှာလား။ တခြား ဘာစီးပွားရေး လုပ်ဖို့ စီစဉ်ထားသေးလဲ။

လောလောဆယ် မရှိ သေးပါဘူး။

တစ်ကိုယ်တော်စီးရီး အတွက်ရော ဘာတွေ ပြီးသွား ပြီလဲ။

အခုလောလောဆယ် ကားရိုက်တာရယ်၊ သီချင်း ဆိုတာရယ်၊ ဆိုင်အတွက်ရယ် အလုပ်သုံးခု လုပ်ဖြစ်နေတာကြောင့် စီးရီးက လာမယ် ကြာမယ်ပေါ့နော်။ အခုလုပ် တော့ လုပ်ဖြစ်နေပါတယ်။ အတီးပိုင်း အချို့တော့ ပြီးသွား ပါပြီ။ မိုးဟေ လိုချင်တဲ့ တေးရေးတွေဆီကနေ သီချင်း တွေ တောင်းထားတယ်။ ကိုမိ ချောက ဘယ်လိုစီစဉ်ထားလဲ မသိသေးဘူး။

တေးရေးတွေကို ဘယ်လို သီချင်းပုံစံတွေ ရေးပေးဖို့ ပြောထားလဲ။

မိုးဟေအသံနဲ့ လိုက်မယ့် သီချင်းပုံစံတွေ ရေးပေး မယ်လို့ထင်တယ်။ သီချင်း ပုံစံအစုံပါမယ်ထင်တယ်။ အခုတော့ သီချင်းတွေအကုန် မရသေးတော့ ပြောလို့မရ သေးဘူး။

ကိုယ်ပိုင် သံစဉ်တွေလား။ ကော်ပီတွေလား။

နှစ်ခုစလုံး ပါမယ်။ လောလောဆယ် ကော်ပီသီချင်း တွေတော့ ရထားတယ်။ ကိုယ်ပိုင် သံစဉ်တွေတော့ မရ သေးဘူး။ အခုလောလောဆယ် Metal Zone နဲ့တီးနေတယ်။

၂၀၁၀ ထဲမှာ မိုးဟေကို အနေနဲ့ ထူးထူးခြားခြား ဘာလုပ်ဖို့ ရှိသေးလဲ။

အနုပညာအလုပ် အပြင် ဘာမှ ထူးထူးခြားခြား လုပ်ဖို့ မရှိသေးပါဘူး။

မိုးဟေကို ဘ၀အတွက် ပြောင်းလဲမှု ဘာတွေများ ရှိမလဲ။

အချိန် ကာလတွေက ပြောင်းလဲနေတယ်။ ဒီလို ပြောင်းလဲ ရွေ့လျားနေတဲ့ ဘ၀ ထဲမှာ မိုးဟေကိုလည်း ရွေ့ လျားပြောင်းလဲ ရပ်တည် နေပါတယ်။ ၂၀၁၀ ထဲမှာ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိ သေးဘဲ တစ်ယောက်တည်းပဲ နေနေတာ မမြင်ချင်ဘူးလား ဆိုတဲ့ မေးခွန်း မိုးဟေကိုက ပြန်မေးပါသေးတယ်။

ခင်လေးမြင့်

0 comments: