Sunday, August 22, 2010

မိန်းခလေးများမဖတ်ရ အမှတ်(၂)

သက်သေခံပစ္စည်း

ရေကန်ကြီးတခုတည်းထဲတွင် ငါးဖမ်းကိရိယာအစုံပါသော ငါးဖမ်းလှေ လေးတစင်းဟာ
အရိပ်ကောင်းသောနေရာတွင်ရပ်ထားလေသည်.. ၎င်းလှေပေါ်၌ အမျိုးသမီးတယောက်သည်
စာအုပ်တအုပ်ကို စိတ်ဝင်တစား ဖတ်နေလေသည်.. လေအဝှေ့ကြောင့် လှေလေးသည် ကမ်းနှင့် တဖြည်းဖြည်းကွာဝေးပြီး ငါးမဖမ်းရ ကန့်သတ်နယ်မြေတွင်းသို့ ၀င်ရောက်လာသည်.. မိန်းခလေးကသတိမထားမိခဲ့ပေ .. ..ထိုအချိန်တွင်
ကန်စောင့်ရဲလှေတစင်းရောက်လာပြီး …

ကန်စောင့်ရဲ - ငါးမဖမ်းရ နယ်မြေထဲမှာ ငါးဖမ်းတဲ့အတွက် မင်းကိုတရားစွဲမယ်
အမျိုးသမီး - ကျွန်မ ငါးဖမ်းတာမဟုတ်ဘူး စာဖတ်နေတာ မမြင်ဘူးလား..
ကန်စောင့်ရဲ- ခင်ဗျားမှာ ငါးဖမ်းပစ္စည်း သက်သေအကုန်ပါတယ်.. မငြင်းပါနဲ့..
အမျိုးသမီး - ဒီလိုဆိုရင် ရှင်ကျွန်မကို အဓမ္မကျင့်တယ်လို့ တရားပြန်စွဲမယ်
ကန်စောင့်ရဲ - ဘာဖြစ်လို့လဲ
အမျိုးသမီး - ရှင့်မှာလဲ သက်သေခံပစ္စည်းအကုန်ပါတာပဲ. .. ..

သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ ဟာသလေးပါ .. ..
အကြံပိုင်လိုက်တဲ့ ကလေးမ .. မိန်းခလေးတွေများတယ်ကြောက်စရာကောင်းတာပဲနော် .. ..
ဒါကြောင့် ကိုကိုက သူတို့နဲ့ဝေးဝေးနေတာ .. .. ဟဲဟဲဟဲ .....

အားလုံးကို ရယ်မောစေချင်တဲ့ .. .. .. ကိုကို

0 comments: