Monday, August 2, 2010

နို့စို့အရွယ် မိမိ ရင်သွေး ရှစ်ဦးကို မွေးပြီးပြီးချင်း သတ်ဖြတ် ဖျောက်ဖျက်ခဲ့သော ပြင်သစ်မိခင်

သူနာပြု လက်ထောက် အဖြစ် အသက် မွေးသော ကလေး နှစ်ဦး မိခင်၊ ဒိုမစ်နစ် ကော့တက်ဇ်ကို သူ၏ ရင်သွေး အနည်းဆုံး ရှစ်ဦးကို သတ်ဖြတ်
ခဲ့မှုအတွက် လူသား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြင့် စွဲချက် တင်ထားရာ
ထောင်ဒဏ် ၁၅ နှစ် အထိ ကျခံရဖွယ် ရှိသည်။ သူတို့၏ အိမ်ဝန်းကျင်တွင်
သေးငယ်သော ကလေး အလောင်းများ ကို တွေ့ရှိပြီးသည့်နောက် အသက် ၄၅ နှစ် အရွယ်
ပြင်သစ် မိခင်က ယင်းအမှုများကို ကျူးလွန် ခဲ့ကြောင်း ၀န်ခံခဲ့သည်။
ခင်ပွန်း ဖြစ်သူ ဒေသဆိုင်ရာ ကောင်စီ ရုံးမှ ကျွမ်းကျင် ၀န်ထမ်း အသက် ၄၇
နှစ်ရွယ် ပီရီ မရင်းသည်လည်း ပြစ်မှုကို ဖုံးကွယ် ထားမှုနှင့် ပလပ်စတစ်နှင့်
ပတ်ထားသည်ကို တွေ့ရသော အလောင်းများကို ဖျောက်ဖျက်ရာတွင် ကူညီ
ခဲ့မှုတို့အတွက် ထောင်ဒဏ် ကျခံရဖွယ် ရှိကြောင်း သတင်း များတွင် ဖော်ပြခဲ့
ကြသည်။ သို့သော် ဇနီးဖြစ်သူက သူ့ခင်ပွန်းမှာ ဘာမှ မသိ ကြောင်း ငြင်းဆို
သကဲ့သို့ ခင်ပွန်း ဖြစ်သူကလည်း သူ့ဇနီး ကိုယ်ဝန်ဆောင်ခြင်းကို သူလုံးဝ
မသိခဲ့ကြောင်း ပြောဆိုသည်။ တရားရုံးက ခင်ပွန်း ဖြစ်သူအား တရားသေ
လွှတ်ပေးခဲ့သည်။ အိမ်နီးချင်းများကမူ သူတို့ ဇနီးမောင်နှံကို
အရွယ်ရောက်ပြီး သမီး နှစ်ဦးနှင့် မြေးတစ်ဦးတို့နှင့် အတူ နေထိုင်ကြသော
ဒေသတွင်း လူမှုဝန်းကျင်၏ စံပြုထိုက်သူများ အဖြစ် ရှုမြင်ခဲ့ကြပြီး
ဒိုမစ်နစ်မှာ အခြား မိသားစုများကို အထူးသဖြင့် ယင်းတို့၏ ကလေးများကို
ဂရုစိုက် တတ်သော ချစ်စရာ အမျိုးသမီးအဖြစ် သဘောထားကြသည်။ သူမသည် သူမ၏ ဖခင်
အော်စကာကို မကြာသေးမီက သေဆုံး သွားခဲ့သည့်တိုင် အထူး ဂရုစိုက်သူ တစ်ဦး
ဖြစ်ပြီး ၁၉၈၀ ခုနှစ်များက သမီးများ မွေးဖွား ခဲ့ပြီးသည့်နောက် ကိုယ်ဝန်
ရှိဖူးသည်ဟု သတိ မပြုမိခဲ့ ကြကြောင်း ပြောဆိုကြသည်။ စိုက်ပျိုး မွေးမြူရေး
လုပ်သည့် မိသားစုမှ ဆင်းသက် လာသော တုတ်ခိုင်သည့် ကိုယ်ခန္ဓာပိုင်ရှင်မို့
သူ၏ ကိုယ်ဝန်များကို သတိ မထားမိခဲ့ကြခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
သတ်ဖြတ်မှု များမှာ ၁၉၈၈ မှ ၂၀၀၇ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး
သူတို့၏ အိမ်ဟောင်းကို ၀ယ်ယူ လိုက်သော အိမ်ရှင် အသစ်များက ရေကန် အသစ် တစ်ခု
တူးရာတွင် ကလေး အလောင်း နှစ်ခု စတင် တွေ့ရှိရာမှ ယခု အမှု ပေါ်ပေါက်လာခြင်း
ဖြစ်သည်။ ရဲများက အနံ့ခံ ခွေးများ၊ ဆိုနာ ကိရိယာ များကို သုံးလျက်
အိမ်နှင့် ရွာရှိ ဥယျာဉ် မြေတ၀ိုက်ကိုပါ ရှာဖွေခဲ့ကြရာ မိုင်ဝက်ခန့် ဝေးသော
သူတို့၏ အိမ်အသစ်တွင် နောက်ထပ် ကလေး အလောင်း ၆လောင်း တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။ ဒိုမစ်နစ်က ကလေး နောက်ထပ် မလိုချင်သည့် အပြင် ပဋိသန္ဓေ တားရန် ကိစ္စ
အတွက် ဆရာဝန်ထံ မသွားလိုသည့် အတွက် ယခု ပြစ်မှုများကို ကျူးလွန်ခြင်း
ဖြစ်ကြောင်းနှင့် မွေးပြီးပြီးချင်း ကလေး များကို လည်ပင်း
ညှစ်သတ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။ ပြင်သစ်နိုင်ငံတွင် မတ်လကလည်း စီလိုင်း
လက်စ်ဆေ့ခ်ျ ဆိုသူ အမျိုးသမီးကို သူ၏ မွေးစကလေး ၆ ဦး သတ်မှုဖြင့် ထောင်ဒဏ်
၁၅ နှစ် ချမှတ်ခဲ့သလို လွန်ခဲ့သော နှစ်ကလည်း ဗာရိုးနစ် ကောဂျော့လ် ဆိုသူ
အမျိုးသမီးကို ရင်သွေး သုံးဦး သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ၈ နှစ်
အပြစ်ပေးခဲ့ရ သည်။ သူတို့သည် ဆေးပညာအရ pregnancy denial ခေါ် ပဋိပန္ဓေ
မဆောင်လိုသော စိတ္တဇ ရှိသူများ ဖြစ်သည်ဟု ဆိုသည်။
source by Daily Mail

1 comments:

blackroze said...

ကြားရတာစိတ်မကောင်းစရာပါဘဲ...
ကလေးတွေခမြာလောကကြီးထဲရောက်တာနဲ့
တပြိုင်နက်..ပြန်မောင်းထုတ်ခံလိုက်ရတာပါဘဲ