Saturday, August 14, 2010

ဆမ်ဆောင်း မှ ကမ္ဘာ့အကြီးဆုံး သုံးဘက်မြင် ရုပ်ကြွ 3D LED TV ကို မိတ်ဆက်ပြသ

ဆမ်ဆောင်း မှ ကမ္ဘာ့အကြီးဆုံး သုံးဘက်မြင် ရုပ်ကြွ 3D LED TV ကို မိတ်ဆက်ပြသ

နယူးယောက်-August 11, 2010

ကိုရီးယား အီလက်ထရွန်းနစ် အင်အားကြီး ကုမ္ပဏီ ဆမ်ဆောင်း (Samsung) သည် သြဂုတ်လ ၁၁ ရက်နေ့က ကမ္ဘာ့အကြီးဆုံး သုံးဘက်မြင် ရုပ်ကြွ ရုပ်မြင်သံကြားစက် (3D LED TV) ကို နယူးယောက် မြို့တော်တွင် မိတ်ဆက် ပြသခဲ့သည်။ ထို ထောင့်ဖြတ် ၆၅ လက်မ အရွယ်ရှိ 3D LED TV မှာ full-HD အရည်အသွေးမြင့် သုံးဘက်မြင် ပုံရိပ်များ ပြသနိုင်ပြီး the Samsung Experience store တွင် မိတ်ဆက်ပြသခဲ့ခြင်း ဖြစ်သည်။

“ပိုကြီးတဲ့ မျက်နှာပြင်မှာ ပိုပြီး အသေးစိတ်ကျတဲ့ 3D ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။ ပိုကြီးတဲ့ ဖန်သားပြင်ကို ဖန်တီးရခြင်းရဲ့ အဓိကအချက်က ပိုတိကျပြတ်သားတဲ့ ပုံရိပ်တွေ ပြသဖို့ပါပဲ” ဟု Samsung ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုပါသည်။ ယခု 3D LED TV သည် Samsung ၏ မြောက်အမေရိက ဈေးကွက်အတွက် လက်မ ၄၀ မှ လက်မ ၆၀ ကျော် 3D LED TV လိုင်းသို့ နောက်ဆုံး ဝင်ရောက်လာသော မော်ဒယ်ဖြစ်သည်။

Samsung Electronics America ၏ ဥက္ကဋ္ဌ Tim Baxter က ကမ္ဘာ့အကြီးဆုံး 3D LED TV ကို မိတ်ဆက်ပြသစဉ်။ Photo: Xinhua/Reuters Photo

ကိုရီးယား အီလက်ထရွန်းနစ် အင်အားကြီး ကုမ္ပဏီ Samsung သည် ၁၀.၃ လက်မ ရှိသော ကမ္ဘာ့ ပထမဆုံး portable 3D Blu-ray player ကိုလည်း ပြသခဲ့သည်။

PatheinCity News | Source:chosun | Photo:Xinhua/Reuters Photo


0 comments: