Wednesday, August 4, 2010

ကိုယ်ကြိုက်တာ ကိုယ်လုပ်

(၁)
" မစင်"
မြင်ရုံနဲ့ နှာခေါင်းရှူံ့ ကြ၏
စိတ်အထင်နဲ့ ပင်
ကိုယ့် မစင် ကိုယ်မကိုင်ချင်
လူသားတို့ ကံတရား
မစင် စားဖို့ ကား အကျိုးမပေးချေ ။

(၂)
" မစင်"
မြင်ရုံနဲ့ သွားရည်ယိုကြ၏
စိတ်အထင်နဲ့ ပင်
နတ်သုဒ္ဓါ ပမာမလဲချင်
ခွေးသတ္တဝါတို့  ကံ
မစင် စားဖို့ ကား မဟန့် တားချေ ။

(၃)
အကုသိုလ်တရား
မစင် နှင့်မခြား ....
နှာခေါင်းရှူံ့ မလား ...
သွားရည်ယိုမလား ...
သင့်စကား နှင့် သင့်အသွား
တစ်ထပ်တည်းကျမည်သာ ။ ။

လေးစားလျှက်
အုပ်ကြီး ( ၁.၈.၂၀၁၀)

1 comments:

အဖြူရောင်နတ်သမီး said...

တရားမှတ်သွားပါတယ်...