Thursday, August 12, 2010



လာမည့် ရာစုနှစ်နှစ်ခုအတွင်း အာကာသသို့ နယ်ပယ်မချဲ့ထွင်ပါက လူသားမျိုးနွယ် လုံးဝပျောက်ကွယ် သွားနိုင်သည်ဟု စတီဖင်ဟော့ကင်း က သတိပေးခဲ့သည်။


လူသားများ ဆက်လက်ရှင်သန်နိုင်ရေး တစ်ခုတည်းသော အခွင့်အရေးမှာ ကမ္ဘာမြေမှစွန့်ခွာ၍ တစ်ခြားဂြိုဟ်များတွင် အခြေချရန် ဖြစ်သည်ဟု Big Think ၀က်ဘ်ဆိုက်နှင့် အင်တာဗျူးတွင် စတီဖင်ဟော့ကင်းက အကြံပေးခဲ့သည်။ ''လူသားတွေ အန္တရာယ်ကြီးကြီး မားမား ကြုံတွေ့ဖို့ မြင်နေရတယ်။ လူသားတွေအသက်ရှင်သန်နိုင်ဖို့ခက်ခဲလောက်စေတဲ့ဖြစ်ရပ် အများကြီး အတိတ်ကာလတုန်းက ကြုံခဲ့ဖူးတယ်။ ၁၉၆၃ခုနှစ်က ဖြစ်ခဲ့တဲ့ ကျူးဘားဒုံးပျံအရေးအခင်းက ဥပမာတစ်ခုပဲ'' ဟု နက္ခတ်ရူပဗေဒပညာရှင်ဟော့ကင်းက ပြောကြားခဲ့သည်။


အနာဂတ်တွင်ယင်းကဲ့သို့ လူသားရှင်သန်မှုကို ခြိမ်းခြောက်နိုင်သော ဖြစ်စဉ်များ မြင့်တက်လာနိုင်ခြင်းကြောင့် သတိကြီးစွာထား၍ ပဋိပက္ခ ပြေလည်စေရန် စေ့စပ်ဖြေရှင်းရမည်ဟု ၎င်းက ပြောကြားခဲ့သည်။ အကောင်း မြင်စိတ် ရှိသည်ဟုဆိုသောဟော့ကင်း က အကယ်၍ လာမည့် ရာစုနှစ်နှစ်ခုကျော်အတွင်း ယင်းကဲ့သို့ ပြဿနာများကိုရှောင်လွှဲနိုင်ပါက ယင်းအချိန်တွင် လူသားများ အာကာသတွင် နေထိုင်နိုင်မည်ဆိုပါကဘေးကင်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အာကာသရှိ အခြားဂြိုဟ်များမှ သက်ရှိများနှင့်ဆက်သွယ်နိုင်ရန် ကြိုးပမ်းသင့်သည်ဟု ယခုနှစ်ဆန်းပိုင်းတွင် သတိပေးခဲ့သော စတီဖင်ဟော့ကင်းက ''စကြ၀ဠာမှာ ကျွန်တော်တို့ လူသားတွေသာ အသိဥာဏ်ရှိတဲ့ သက်ရှိတွေဆိုရင်တော့ ကျွန်တော်တို့ ဆက်လက်ရှင်သန်နိုင်မှာပါ''ဟု သုံးသပ်ခဲ့သည်။
ပြီးခဲ့သောနှစ် ၁၀၀ အတွင်း မှတ်ကျောက်တင်လောက်သော ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့သော်လည်းလာမည့် ရာစုနှစ်အတွင်း ဆက်လက်ရှင်သန်လိုပါက အာကာသသို့ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းခဲ့ပြီး ၄င်းအတွက်ကြောင့် အာကာသသို့ လူပါသောယာဉ်များ စေလွှတ်ခြင်းကို အားပေးခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

1 comments:

Anonymous said...

တူကြောတဲ့ နေရာမှာ သွားနေရင် မသေတော့ဘူးထင်တယ်နော်