Tuesday, August 24, 2010

ပေါင် ၄ ဘီလျံတန် ထူးထူးခြားခြားရေကန်

ဒီရေကူးကန်မှာ ဆင်းပြီးစိမ်နေလိုက်မယ် စိတ်ကူးရင်တော့ အမြင့်ကို တက်ရတာ (ပျော်တဲ့လူ နှစ်သက်တဲ့လူ ဖြစ်ဖို့ကတော့ လိုမယ်။ အထပ်ပေါင်း ၅၅ ထပ်အမြင့်မှာ ရှိတဲ့ ရေကူးကန်မို့ပါဘဲ)။ ရေကူးကန်ရဲ့ အခြား တစ်ဘက်စွန်း ရောက်သွားလို့လဲ ထင်ရသလို အန္တရာယ်မကြီးဘူး။ အမြင်မှာတော့ဒီ infinity ရေကူးကန်ရဲ့ ဟိုဘက်စွန်းကိုသွားရင် အောက်ဖက်ကို ပြုတ်ကျ တော့မလိုပါဘဲ။

တကယ်မှာတော့ လျှံကျသွားတဲ့ရေကို ခံယူတဲ့ အကန့်တစ်ကန့်အောက်ဖက်မှာ ပါရှိပြီး အဲဒီထဲကျသွားတဲ့ရေ ကိုရေကူးကန်ထဲကို ပြန်မောင်းထည့်ပါတယ်။ အိုလံပစ်ပြိုင်ပွဲတွေမှာ သုံးတဲ့ရေကူးကန်ထက် အလျား ၃ ဆ ပိုပြီး ပေ ၆၅၀အမြင့်မှာ ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ အမြင့်ပိုင်း အဆောက်အဦးပြင်ပရေကူးကန်တွေ ထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။

စင်ကာပူမှာ တည်ဆောက်ပြီး ပေါင် ၄ ဘီလျံတန် ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ် Marina Bay Sads ရဲ့ မျှော်စင်သုံးခုအပေါ်မှာ ရှိနေတဲ့ လှေပုံသဏ္ဌာန် Sky ပန်းခြံရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ အင်ဖင်နတီပူးလ် (Infinity Pool)
ရေကူးကန်က တည်ရှိနေပါတယ်။

မာရိနာဘေး (Marina Bay) ဟိုတယ် အပေါ်မှာ ရှိတဲ့ Sky Park နဲ့ အင်ဖင်နတီးပူးလ် (Infinity Pool) တွင် ရေကူးနေတဲ့ ဧည့်သည်တစ်ယောက်။

ရေကူးကန်က မီတာ ၁၅၀ အဝေးထိကို ဆန့်ထွက်သွားတဲ့အတွက် အိုလံပစ် ရေကူးကန်ရဲ့ ၃ ဆရှည်ပါတယ်။

ဟိုးတစ်ဖက်ဆီက (မြင်ကွင်း/ရှုခင်း) အနုပညာသားပါပါ တင်ပြထားတဲ့ Marina Bay Sads ရဲ့ မျှော်စင်တွေပေါ်မှာ ရှိတဲ့ အင်ဖင်နတီပူးလ် (Infinity Pool) ပါရှိတဲ့ Sky
Park။

တစ်ညကို ပေါင် ၃၅၀ ကုန်ကျတဲ့ အခန်းပေါင်း ၂၅၆၀ ပါတဲ့ ဟိုတယ်ကို ဒိုင်ယာနာရော့စ် (Diana Ross) ရဲ့ ဖြေဖျော်ပွဲနဲ့ တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။

ခန့်မှန်းခြေ ပေါင် ၂ ဘီလျံကုန်ကျခဲ့တဲ့ အဘူဒါဘီ (Abu Dabhi) မှာရှိတဲ့ အဲမ္မရိတ် ပဲလေ့စ်ဟိုတယ် (Emerate Palace Hotel) ကို ၂၀၀၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တုန်းကတော့ အကုန်အကျ အများဆုံး ဟိုတယ် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အဆောက်အဦးထဲမှာ ရှိတဲ့ လှေစီးဖို့ တူးမြောင်း၊ တန်ဖိုးကြီး
အနုပညာ ပစ္စည်း၊ လောင်းကစားဖို့ ကာစီနို (Casino) ၊ အဆောက်အဦးပြင်ပမှာ
ရှိတဲ့ ပလာဇာ၊ အစည်းအဝေးခန်းမ၊ ရုပ်ရှင် ပြဇာတ်ရုံ၊ ကျောက်မျက်ခန်းမ၊
ကြာပွင့်ပုံ သဏ္ဌာန်ပြတိုက် အဆောက်အဦးတွေ ပါတဲ့ Marina Bay Sads ဟိုတယ်က
အကုန်အကျအများဆုံးဆိုတဲ့ သရဖူကို ရယူလိုက်ပြီ ဖြစ်ပါတယ်။


ဟိုတယ်ခေါင်မိုးပေါ်မှာရှိတဲ့ အင်ဖင်နတီပူးလ် (Infinity Pool) ရေကူးကန်ပါရှိတဲ့ Sky ပန်းခြံ ဟာ ဟိုတယ်ရဲ့ မျှော်စင် ၃ ခုအပေါ်မှာ ဆန့်တန်းနေပါတယ်။ ၎င်းအရှည်မှာ ပြင်သစ်နိုင်ငံရဲ့ အီဖယ် (Eiffel)
မျှော်စင်ကို လှဲချထားတာထက် ပိုရှည်ပြီး ရေကူးကန်များ ထဲမှာတော့
ကမ္ဘာပေါ်မှာ အရှည်ဆုံးပါပဲ။ အင်ဖင်နတီပူးလ် (Infinity Pool) တွေမှာ
ရေပြင်ဟာ မိုးကုတ်စက်ဝိုင်းဆီအထိ ဆန့်ထွက်သွားသလို အမြင်မျိုး ခံစားရပါတယ်။

ဒါပေမယ့် အမှန်မှာတော့ ရေကူးကန်ရဲ့ အစွန်းဖက်ကနေ လျှံကျသွားတဲ့ရေကို ရေကူးကန်ထဲ ပြန်ထည့်ထားတာ ဖြစ်ပါတယ်။ ရေကူးကန်မှာ ရေလည်ပတ်မှု စနစ် ၂ ခု ပါပါတယ်။ တစ်ခုကတော့ သာမန်ရေကူးကန်တွေက ရေလည်ပတ်မှု စနစ်လိုပါပဲ။
ရေကူးကန်ထဲက ရေကိုစစ်ပြီး အပူပေးပါတယ်။ ဒုတိယတစ်ခုကတော့
လျှံကျသွားတဲ့ရေကို ခံယူတဲ့ အကန့်ကနေ အပေါ်မှာရှိတဲ့ ရေကူးကန်ထဲကို
ပြန်ထည့်ပေးတာပါပဲ။

အပန်းဖြေစခန်းအား ပင်လယ်အော်၏တစ်ဖက်မှ လှမ်းမြင်ရပုံ။ ပုံစံရေးဆွဲသူ မိုရှေစာ့ဖ်ဒီ အဆိုအရ မျှော်စင်သုံးခုပုံစံကို ဖဲချပ်တစ်စုံအပေါ် အခြေခံ၍ ရေးဆွဲခဲ့သည်။

လေထီးခုန်သူတစ်ဦး စင်ကာပူ ပလိုင်းယာ (Singapore Flyer) နှင့် မာရီနာဘေး ကာစီနို အနီးတွင်ဖြတ်၍ ဆင်းလာသည်မှာ ဖွင့်ပွဲ၏အစိတ်အပိုင်း တစ်ခုဖြစ်သည်။

အပန်းဖြေစခန်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မျှော်စင်အား လက်ဆင့်ကမ်းတက် ပြိုင်ပွဲ။

ကြင်စဦးနှစ်ဦး အပန်းဖြေစခန်း၏ ရှော့ပင်းစင်တာအတွင်း အပျော်လှေစီးနေစဉ်။

Marina Sads အပန်းဖြေစခန်း အား ပုံစံရေးဆွဲခဲ့သော ဗိသုကာပညာရှင်မှာ မိုရှေစာ့ဖ်ဒီ (Moshe Safdie) ဖြစ်ပြီး ဖဲချပ်တစ်စုံ အပေါ် အခြေခံ၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆောက်အဦးအတွင်းတွင် ၁၇ ရာစု ရိုးရာ
တရုတ်သမ္ဗာန်ကဲ့သို့မျိုး လှေစီး၍ ဈေးဝယ်သွားနိုင်သည်။

အပန်းဖြေစခန်း၏ ပိုင်ရှင်များသည် အဆောက်အဦးနှင့် ဆက်စပ်နေသည့် အနုပညာ လက်ရာများကို ဖန်တီးပေးရန် လူသိထင်ရှားသော အနုပညာသည် ၅ ဦးကို ငှားရမ်းခဲ့သည်။ ၎င်းတို့တွင် မီတာ ၄၀ ရှည်၊ သံချောင်းပေါင်း ၁၆,၁၀၀
နှင့်ပြုလုပ်ထား၍ ၁၄.၈ တန်လေးအထိလေးသော အန်ထော်နီ ဂေါမ္မလေး၏
ပန်းပုလက်ရာပါဝင်ပြီး ထိုပန်းပုလက်ရာကို လူပေါင်း ၆၀ က တပ်ဆင်ပေးခဲ့ရသည်။

အနုပညာသည် ချုံဗင်းကျန်း (Chongbin Zheng) သည် ၈၃ မီတာ မြင့်သော ပန်းအိုးများထဲတွင် သစ်ပင်စိုက်ပြီး သူ၏ တိုးမြင့်လာသော သစ်တော (Rising Forest) အား အကောင်အထည် ဖော်ခဲ့သည်။ ပန်းအိုးကြီးများမှာ ကြီးလွန်းအားကြီး
သဖြင့် အိုးဖုတ်ရန် အိမ်ငယ်တစ်လုံးစာ အရွယ် မီးဖိုအား တည်ဆောက်ခဲ့ရသည်။

ကမ္ဘာပေါ်ရှိ ကုန်ကျစရိတ် အကြီးဆုံး ဟိုတယ်နှင့် ထိုက်တန်သော ဖွင့်ပွဲပါတီကို ပြုလုပ်ခဲ့သည်။ သီချင်းလောက၏ ဒဏ္ဍာရီဟု တွင်သော ဒိုင်ယာနာရော့စ် (Diana Ross) က ဂရဲန်ဘောလ်ရူးမ် (Grand Ballroom) တွင်
ဗွီအိုင်ပီ (VIP) ပေါင်း ၂,၅၀၀ ကို သီဆိုဖျော်ဖြေခဲ့သည်။ ပေါ့အဆိုကျော်
ကယ်လီရိုးလန်း (Kelly Rowland) က အဆောက်အဦး ပြင်ပ ဖျော်ဖြေမှုကို
ဦးဆောင်ခဲ့သည်။

ကာစီနိုသို့ အဝင်ဝ၊ ပေါင်၅၀ ကျပြီး တစ်နေ့လျှင် လူအရေအတွက်နှုန်းမှာ ၂၅,၀၀၀ ဖြစ်သည်။

ဧည့်သည်တစ်ဦး မျှော်စင်တစ်ခုထဲမှ သံမဏိအနုပညာလက်ရာအား ကြည့်နေစဉ်။

နေရောင်အောက်မှာ အပန်းဖြေနေပုံ။ သတင်းသမားများအတွက် မော်ဒယ်လ်များ သရုပ်ဆောင်ထားပုံ။

ဟိုတယ် ဖွင့်ပွဲတွင် သေခြင်းကို အန်တုသော လက်ဆင့်ကမ်း ပြိုင်ပွဲလည်း ပါဝင်ခဲ့သည်။ လူ ၃ ဦး ပါအဖွဲ့ ၇ ဖွဲ့သည် မျှော်စင် ၃ ခုကို တွယ်တက်ခဲ့ပြီးနောက် အင်ဖင်နတီပူးလ် (Infinity Pool) တည်ရှိသည့် Sands
Skypark ပေါ်တွင် မီတာ ၃၄၀ အကွာအဝေးကို ပြေးပြီး ပန်းဝင်ရသည်။
အပန်းဖြေစခန်းသည် တိုက်ရိုက်ဝန်ထမ်းအဖြစ် လူ ၁၀, ၀၀၀ အား
ခန့်အပ်မည်ဖြစ်ပြီး ဝင်ငွေ တစ်နှစ်လျှင် ပေါင် ၄၈ သန်းရှိမည် ဖြစ်သည်။

ဝင်ကြေးကပင်လျင် လူတစ်ဦးတစ်နေ့လျှင် ပေါင် ၅၀ နီးပါးဖြစ်သည်။ သို့ရာတွင် လွန်ခဲ့သော ၂ လ အကြို ဖွင့်စဉ်ကပင် တစ်နေ့လျှင် ပျမ်းမျှ လူ ၂၅, ၀၀၀ ခန့် ကာစီနို (Casino) များတွင် လာရောက် လောင်းကစားကြသည်။
အပန်းဖြေစခန်း ပုံမှန်လည်ပတ်သောအခါတွင် တစ်နေ့လူ ၇၀, ၀၀၀ ခန့် ဝင်မည်ဟု
ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် သောမတ်စ် အာရာစီ (Thomas Arasi) က
ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဖွင့်ရန် အစီအစဉ် ရှိခဲ့သော်လည်း အလုပ်သမားနှင့် ကုန်ကြမ်း မပြည့်စုံမှုနှင့် ကမ္ဘာ့စီးပွားရေးကပ်ကြောင့် ငွေကြေး အခက်အခဲကြောင့် စသည့် အခက်အခဲ အမျိုးမျိုးကြောင့်

0 comments: