Thursday, August 19, 2010

ဆောင်ခြင်ဦးဟဲ့မင်္ဂလာ

တခါက အလွန်ကြီးမားတဲ့တောအုပ်ကြီးထဲမှာ ကျားပေါက်တစ်ကောင်ရဲ့ မင်္ဂလာဆောင် ကျင်းပသတဲ့ .. ..
ကျားဆိုတာ တောဘုရင်(တောမျက်နှာဖုံး)ဆိုတော့ တောနေလှေအောင်း မြင်းဇောင်းမကျန် ဆိုသလို တောသတ္တ၀ါတွေ မင်္ဂလာဆောင်ကို လာကြရ၊ မရှိ/ရှိတာလေး လက်ဖွဲ့ကြရတာပေါ့ .. အဲ … မင်္ဂလာဆောင်ရဲ့ Tempo အမြင့်ဆုံးအချိန်ရောက်တော့ ပရိသတ်တွေလည်း စုံစုံလင်လင် ရောက်နေတာပေါ့ .. ..
အဲလောက် ပရိသတ်များများမမြင်ဘူးတဲ့ ပရိသတ်ထဲက မျောက်တစ်ကောင်က သူ့ဘေးမှာ ထိုင်နေတဲ့ နွားထီးတစ်ကောင်ကို မေးသတဲ့ .. ..
“ ကိုနွား”
“ဘာလဲကွ”
“ဒီလောက်စည်ကားတဲ့မင်္ဂလာဆောင်မျိုး မမြင်ဖူးဘူးဗျာ” လို့ပြောတော့ ကိုနွားက “ပျော်စရာကြီးကွနော” လို့ပြုံးပြုံးကြီးပြောသတဲ့ .. .. ခဏနေတော့ မင်္ဂလာသတို့သား ကိုရွှေကျားနဲ့ သတို့သမီး မရွှေကျားတို့ထွက်လာတော့ ဆိုင်းဝိုင်းကြီးက ဘိတ်သိတ်သီချင်း တီးပါလေရော …. …. ဒီမှာတင် .. ခုနကနွားထီးကြီးက ထ ကတော့တာကိုး .. .. .. ဒါကို မျောက်က တအံ့တသြကြည့်ရင်းနဲ့ မေးသတဲ့ .. ..
“ကိုနွား ကိုနွား ဘယ်လိုဖြစ်တာလဲဗျ” ဆိုတော့ … ကိုနွားက .. ..
“ငါ့ညီအငယ်ဆုံးလေး မင်္ဂလာဆောင်တာဆိုတော့ ပျော်လွန်းလို့ပါကွာ” လိုကပြောသတဲ့ .. .. ဒီတော့ မျောက်ကမေးတာပေါ့ .. .. “ ကိုနွားကလဲ ကြံကြီးစည်ရာဗျာ .. ခင်ဗျားက နွား ဟိုက ကျား လားလားမှ မဆိုင်တာပဲ” လို့ ပြောတော့ ကိုနွားက .. ..
“ ညီလေးမျောက် .. လောကမှာမင်းမသိတာတွေ အများကြီးရှိတယ်ကွ”
“ တကယ်တော့ ညီလေးရေ ခုမင်္ဂလာဆောင်နေတာ ငါ့ညီအရင်းကွ” လို့ပြောသတဲ့ … ..
ဒီမှာတင်မျောက်က .. “ ဗျာ .. ကိုနွား .. သတို့သားကျားက ကိုနွားရဲ့ ညီအရင်း ဟုတ်လား .. ဟားဟား … မဖြစ်နိုင်တာဗျာ လာနောက်မနေပါနဲ့” လို့ ရယ်သွမ်းသွေးရင်းပြောသတဲ့ .. .. ဒီတော့မှ နွားထီးကြီးက နောင်တရတဲ့လေသံနဲ့ ဆွေးဆွေးမြေ့မြေ့ ပြောရှာသတဲ့ .. ..

“ညီလေးရေ တကယ်တော့ မင်္ဂလာမဆောင်ခင်တုံးကတော့ ငါလည်းပဲ အလွန်ဆိုး အလွန်အနိုင်ကျင့်တတ်တဲ့ ကျားတစ်ကောင်ပဲကွ” .. ..

(မင်္ဂလာဆောင်ပြီမှ နွားဖြစ်သွားရှာတာ) ဟဲဟဲ သယ်ချင်းတို့ ဆောင်ကြဦးမလား မင်္ဂလာ .. ..
အားလုံးကို ရယ်မောစေချင်တဲ့ .. .. ..

ကိုကို

0 comments: