Sunday, August 15, 2010

အဖေ့ကို ခေါ်လိုက်မယ်

အဖေ့ကို ခေါ်လိုက်မယ်

လူရည်လည်သော်လူငယ်တစ်ယောက်သည် မီးရထားငှာနတွင် အလုပ်သွားလျှောက်လေသည်..
ထိုအခါ ငှာနမှ အရာရှိက ပြောလိုက်လေသည်…
“မင်းကို ငါ သေသေချာချာ စစ်ဆေးရလိမ့်မယ် ကွယ့်…”
လူငယ်က သူ့ကိုယ်သူယုံကြည်မှုအပြည့်နှင့် အာမခံလိုက်လေ၏…
“ကြိုက်သလို စစ်ဆေးနိုင်ပါတယ် ခင်ဗျာ…”

အရာရှိ - ကောင်းပြီ မင်းရထားလမ်းဆုံမှာ ရောက်နေပြီး ရထားလမ်းပေါ်မှာ တစ်နာရ မိုင်ခြောက်ဆယ်နှုန်းနဲ့ ရထားနှစ်စင်းဟာ ခေါင်းချင်းဆိုင်အပြိုင်မောင်းလာနေကြပြီ…
ကဲ…မင်းဘာလုပ်မလဲ
လူငယ် - ကျွန်တော် ၀ီစီမှုတ်ပြီးတားလိုက်မှာပေါ့…
အရာရှိ - ဟုတ်ပြီ မင်းဝီစီက အသံမထွက်ဘူးဆိုပါတော့.. ???
လူငယ် - ကျွန်တော်ပုဝါ အနီကိုလည်ပင်းမှာ အမြဲပတ်ထားတာ.. အဲ့ဒီပုဝါနီကို ဝှေ့ရမ်းပြီး… အချက်ပြလိုက်မှာပေါ့…
အရာရှိ - ဆိုပါစို့ကွယ်… ရထားနှစ်စင်းက ညအမှောင်ထဲမှ မောင်းလာကြတာဆိုရင်ကော… ???
ဒါဆိုရင် ကျွန်တော်မီးအိမ်နဲ့ အချက်ပြလိုက်ပါ့မယ်…
အရာရှိ - မင်းရဲ့မီးအိမ်ထဲမှာ ရေနံဆီ ကုန်နေပြီဆိုရင်ကော ကွာ… ???
လူငယ် - အင်း…! အဲ့ဒီအခါကျရင် ကျွန်တော့်ရဲ့အဖေကိုလှမ်းခေါ်လိုက်တော့မယ်…
ထိုအခါ အရာရှိက မျက်မှောက်ကုပ်သွားလေပြီး…
အရာရှိ - ဟေ…! မင်းအဖေခေါ်မယ်… ဘာလုပ်ဖို့လဲကွ.. ???
လူငယ် - တခြားတော့မဟုတ်ပါဘူး.. အဖေ့ရဲ့တစ်သက်မှာတစ်ခါမှ မကြူံဖူးနိုင်တဲ့ အဆိုးဆုံးရထားတိုက်မှုကြီး..ကို ထိုင်ကြည့်စမ်းပါလို့ ပြောမလို့ပါ.. ဟဲ.. ဟဲ.. ဟဲ..
အရာရှိ - သေပြီဆရာ…!




ရှေ့နေ

ရှေ့နေနှင့် အမှုသည် အမှုကိစ္စတစ်ခု ဆွေးနွေးနေသည်..
ရှေ့နေ ၊ ၊ခင်ဗျား အမှုတွက် လိုက်ပါဆောင်ရွက်ရမယ်ဆိုတော့ ခင်ဗျားမှာ ရှေ့နေခပေးစရာရှိလား..??
အမှုသည် ၊ ၊ မရှိပါဘူး ကျွန်တောမှာပိုက်ဆံတစ်ပြားမှ မရှိပါဘူး ကျွန်တော်လူဆင်းရဲပါ.. ဒါပေမယ့် ကျွန်တော်မှာ ဆလွန်းကားတစ်စီးတော့ ရှိပါတယ်…
ရှေ့နေ ၊ ၊ ကောင်းပြီ ဒါဆိုအဲ့ဆလွန်းကားရောင်းပြီးပေးပေါ့.. ဟုတ်ပြီလား…
ဒါနဲ့ ခင်ဗျားကို ဘာခိုးမှုနဲ့ စွတ်စွဲခံရတာလဲ..??
အမှုသည် ၊ ၊ အဲ့ဒီ ဆလွန်းကားခိုးမှုပါ.. ဆရာ… :)



ရှေ့နေ

ရှေ့နေတစ်ဦးနှင့် သူငယ်ချင်းဖြစ်သူ ဆရာဝန်တစ်ဦး တို့ဆုံကြစဉ်…
ဆရာဝန်က “ငါကွာ ဟိုနေ့က လေ့ကျင့်ခန်းလုပ်ဖို့ အားကစားရုံသွားမိပါတယ်.. တွေ့သမျှလူတွေ ကျန်းမာရေးအတွက်ဘာလုပ်ရမလဲ ဆိုပြီးခဏခဏ မေးနေတယ်.. အဲ့ဒါငါ ဘာလုပ်ရင်ကောင်းမလဲ သူငယ်ချင်း အကြံပေးစမ်းပါဦး…” ဟု ဆရာဝန်က သူငယ်ချင်းရှေ့နေအား စိတ်ပျက်စွာ ပြေပာလိုက်၏…
ထိုအခါရှေ့နေက “ သူငယ်ချင်းရာ ဒါများလွယ်ပါတယ်ကွာ.. သူတို့လာမေးရင် တစ်ခုခုအကြံပေးလိုက် ပြီးရင်ငွေတောင်းခံ လွှာပို့လိုက်ပေါ့..” ထိုအခါ ဆရာဝန်က “ ဟားဟားဟား… မဆိုးဘူးကွ…”
ထိုနောက် ၂ ရက် ၃ ရက်ခန့်အကြာတွင် ဆရာဝန်ထံသို့ ရှေ့နေထံမှ ငွေတောင်းခံလွှာ ရောက်လာလေတော့သတည်း…။

2 comments:

ကိုကိုးအိမ်(မန္တလေး) said...

ကိုမိုးယံရေ အဟုတ်မှတ်လို့ဗျာ... အင်းကိုမိုးယံရေ အဖေ့ကိုခေါ်လိုက်ဦးမယ်.. ကိုမိုးယံရဲ့ ဟာသကို ဖတ်ဖြစ်အောင်လာဖတ် ပါဗျာလို့... အဟီး


ခင်မင်လျှက်
ကိုကိုးအိမ်

Anonymous said...

အစ်ကိုရေ အကောင်းမှတ်လို့ လာဖတ်တာ တကယ်ရီရတယ်ဗျ ..

လေးစားလျှက်
နေဇော်လင်း