Tuesday, August 17, 2010

စောင့်စားရတာကြာပြီကွယ်။


လူပျိုကြီးကိုထုံတယောက် အလုပ်ကခွင့်ယူပြီး သူ့နယ်ကိုပြန်တော့ မြန်မာ့မီးရထားကြီးစီးလို့ပေါ့။
သူ့ဘေးကခုံမှာ လူမရှိဘဲ မျက်နှာခြင်းဆိုင်ခုံမှာတော့ သားအမိနှစ်ယောက်ပါလာတယ်။
ကလေးက ၁နှစ်သာသာ နဲ့ သူ့အမေကလည်း ခပ်ငယ်ငယ်ဘဲရှိအုံးမယ်။
ရထားထွက်လို့ မကြာမှီမှာ ကိုထုံလဲ အိပ်ငိုက်ရင်းလိုက်ပါလာတယ်။
ငိုက်နေတုံး မျက်နှာခြင်းဆိုင်က သားအမိရဲ့ ဆူဆူညံညံအသံတွေကြောင့် ကိုထုံ လန့် နိုးလာတယ်။
ကလေးကို သူ့အမေက ထမင်းကျွေးနေတာလေ...
"သား...ပါးစပ်ဟ၊ မန်မန် နဲနဲစားလိုက်နော်"
ကလေးက မစားဘူး။
"သား...စားနော်၊ မစားရင် ဒီဦးလေးကြီးကိုကျွေးလိုက်မှာ"
ဒီတော့မှ ကလေးက စားတယ်။
ထမင်းကျွေးပြီး တအောင့်လောက်ကြာတော့ ကလေးကို နို့တိုက်ဖို့ ကျိုးစားပြန်တယ်.
"သားလေး...နို့စို့ရင်း အိပ်တော့နော်"
ကလေးက ဗိုက်ပြည့်နေလို့လားမသိဘူး၊ မစို့ဘူး။
"သားလေး...စို့လေ၊ မစို့ရင် ဒီဦးလေးကြီးကို တိုက်လိုက်မှာနော်"
ကလေးက မစို့ဘူး၊
"သားလေး...စို့လေ၊ မစို့ရင် ဒီဦးလေးကြီးကို တိုက်လိုက်မှာ"
ကလေးက ဘယ်လိုပြောပြော မစို့ဘူးဖြစ်နေတယ်။
"သား...စို့ပါဆို၊ သား..မစို့ရင် ဒီဦးလေးကြီးကို တိုက်လိုက်မှာ"
ဒီမှာတင် စိတ်မရှည်တော့တဲ့ ကိုထုံက..
"ကဲ...ငါ့ညီမ၊ ကလေးကတော့ စို့မယ့်ပုံမပေါ်ဘူး၊ လုပ်စရာရှိတာ ဆက်လုပ်တော့"....တဲ့။


အားလုံး ရယ်မောပျော်ရွှင်စေချင်တဲ့ ဆန္ဒနဲ့ ကြားဖူးနားဝ ဟာသလေးတခု ပြန်လည်မျှဝေလိုက်ပါတယ်။
FWD မေးလ်ကရတာပါ

6 comments:

ကိုဇော် said...

ဟားဟားဟား...နောက်လူတွေကလည်း စောင့်နေတာနော်...လုပ်စရာ ရှိတာ မြန်မြန်လုပ်။

မေပယ်လ် said...

ဟီးးးးးးးးးးးး
စိတ်မရှည်တော့ဘူးဂျာ...
မားမားကလဲ အလိုက်တိဝူး...
အာပြဲအောင် ၇ယ်သွားတယ်ဗျာ

SHWE ZIN U said...

အင်း ဟုတ်ပ စောင့်ရတဲ့ သူက မောနေပြီထင်တယ်

သုခုမလေဒီ said...

ဟီးဟီးး တကယ်ရယ်ရတယ်း)))

blackroze said...

အော်..စောင့်စားရတာစိတ်မောစရာပါလားနော် :P

khin oo may said...

ဟုတ်ဘူး ပုံပြင်အစစ်က ကုလားကြီး အမေက ပြောတယ် အင် သား ..သားမစို့ရင် ကုလားကြီးကို တိုက်လိုက်မှာတော်. တော်ကြော်နေ စို့နော မစို့ရင် ကလားကြီးကိုတိုက်လိုက်မှာနော် နဲ့ကြာလာတော့ကုလားကြီးကပြောယတ်တယ်တု့ ကဲ အမား တိုက်မှာလားမတိုက်ဘူးလား ကုလားစောင့်နေတာ မှတ်တိုင်တောင် သုံးလေးမှတ်တိုင်ကျော်လာပြီးတဲ့

အဲသလို အဲသလု.ိ