Sunday, August 29, 2010

ဖတ်မိတော့လည်း ကဗျာ(၄)

ခင်ဗျား ထိုင်တတ်သလား ။

ထိုင်တတ်တဲ့သူဟာ နေရာ မပျောက်ဘူး ။
ထိုင်တတ်တဲ့သူဟာ နေရာ မရွေ့ဘူး ။
ထိုင်တတ်တဲ့သူဟာ ထပေးစရာ မလိုဘူးပေါ့ ။

ခင်ဗျားနှယ်
ခုထိ မနေတတ် မထိုင်တတ် ။

ခင်ဗျား အသက်ကြီးနေပြီ
မတ်တပ် မတ်တပ်နဲ့ …။

ခင်ဗျားအရွယ်ကြီးနဲ့
ထိုင်စရာ ရှာမတွေ့သေးဘူးလား ။

(ဒီထက် ဆိုးတာက)
အခုထိ နေရာမရဖြစ်နေတယ် မဟုတ်လား ဆိုတာမျိုး ။

လင်းဒီပ
၂၉.၀၈.၁၀

1 comments:

အုပ်ကြီး said...

ဟိုက် !
ထိုင် မရ ၊ ထ မရ
ကွ တတ
ိမိုးတိုးမတ်တပ် နဲ့ 
နေသားကြနေပါပြီဗျာ .. :)

ခင်တတ်တဲ့
အုပ်ကြီး