Sunday, August 29, 2010

ကဲ အခုတော့ ဘာပြောမလဲ

ဒီလူဆိုးတယ်လို့ ကိုယ်မြင်တယ်
လူကောင်းတိုင်းလဲ အဲလိုမြင်တယ်

ဒီလူမရှိရင်ကောင်းမယ်လို့ ကိုယ်ရိုင်းမိတယ်
နောက်လူကောင်းကို မျှော်လင့်မိတယ်

ဘုရားသခင် ကောင်းချီးပေးပါတယ်
နောက်လူရောက်လာတယ်။
အရောင်အသွေး မခြားခဲ့ပါဘူး
လုပ်ရပ်တွေ မထူးခြားပါဘူး။

ဒီအဖေက မွေးတဲ့ဒီသား
အဖေ့စကား ဆို ဦးထိပ်ပန်ဆင်

စနစ်ဟောင်းလေးနဲ့ လူပြောင်းလဲခဲ့တယ်

အို--- ကမ္ဘာလောက


မိုးယံ (29.8.2010)

4 comments:

SHWE ZIN U said...

ထူးမခြားနား ပါ

ခင်တဲ့
ရွှေစင်ဦး

အုပ်ကြီး said...

ဟုတ်ကဲ့ပါ ..
ဘာမှ မပြောဘဲ ပြန်သွားပါပြီ ...
ကျွန်တော့်များစောင်းပြော သလားလို့  .. :)

Maung Myo said...

ဟုတ်ပါ့ ညည်းပဲပြောတော့အေ
ကျုပ်တော့ ပြန်ပြီး ဟိဟိ

ကိုဇော် said...

မိုက်ဒယ်....