Tuesday, August 10, 2010

သူ့ချစ်သူကို သတ်ပြီးကိုယ်တိုင်လည်းအဆုံးစီရင်ခဲ့သူ ကောင်လေး


သူငယ်ချင်းတစ်ယောက်နေတဲ့လမ်းထဲ
မှာနေတဲ့ ... ပြည့်စုံဆိုတဲ့ လူငယ်လေးတစ်ယောက် သူ့ ချစ်သူကို သတ်ပြီး ... မိမိကိုယ်ကိုလည်း အဆုံးစီရင်သွားတယ်ဆိုသတင်းလေး သူငယ်ချင်းတစ်ယောက် ပြောပြလို့ သိလိုက်ရပါတယ် .....ဘယ်လိုအကြောင်းကြောင့်သတ်လိုက်တယ် ဆိုတာကတော့ ကောလဟာလ နဲ့ အမျိုးမျိုးရှိနေပါတယ် .. ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ်ပါ သူ့ ကိုယ်သူလည်း အဆုံးစီရင်သွားတယ်ဆိုကတည်း က ... သူ ဟာ မုန်းလို့သတ်လိုက်တာတော့မဖြစ်နိုင်ဘူးထင်ပါရဲ့ ...သိရတာတော့ သူတို့တွဲလာတာ တော်တော်ကြာနေပြီ လို့လည်းသိရတယ်။အခုပြောချင်တာ....ကဘာလဲဆိုတော့.....သူတို့တွေချစ်လို့ မုန်းလို့ခွဲခွါသွားကြတာ ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူတို့ အမှတ်တရလေးတွေ .... Facebook မှာ ကျန်ခဲ့ပြီး ဘယ်သူမှ ဖျက်ဆီးလို့ မရအောင် အမှတ်တရကျန်ရစ်နေခဲ့တယ်ဆိုတာပါပဲ ....သူတို့ ရဲ့  Profile တွေ မှာ အသုဘဆုတောင်းတွေ ...အပြစ်တင်ခြင်းတွေရှုံချခြင်းတွေ ... ၀မ်းနည်းကြေကွဲမှုတွေနဲ့ Comment တွေ ပြည့်ကြပ်နေပေမယ့် ... သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေ က တော့ http://www.facebook.com/ ဆိုတာ ကြီး ရှိနေသရွေ့  ရှိနေဦးမှာပါ....Profile တွေကိုကြည့်မိရင်ဝမ်းနည်းရပါတယ် ... ပြီးတော့ စိတ်မကောင်းလည်း အလွန်ဖြစ်ရပြီး ....သူတို့လေးတွေကို နှမြောမိပါရဲ့ အချစ်ကြီးရှုင် အမျက်ကြီး တယ်ဆိုတာ ... တကယ်ပဲလက်ခံရပါတော့မယ်။ဘာပဲဖြစ်ဖြစ် ...နှစ်ယောက်စလုံးကောင်းရာမွန်ရာ ရောက်နိုင်အောင် ဆုတောင်းပေးလိုက်ပါတယ် ။ကောင်မလေး ရဲ့  Facebook ID က တော့ Tar Tee Poe ပါ ကောင်လေး ရဲ့  Facebook ID က တော့  Pyae sone ပါ ။သူတို့ ရဲ့  ဓါတ်ပုံလေးတွေကို ... ဖော်ပြပေးလိုက်ပါတယ် ။










Forward Mail က ရတာပါ

4 comments:

ခိုင်နုငယ် said...

သက်သေနိုင်ကြလောက်အောင်
ဘာတွေများဖြစ်ခဲ့ကြပါလိမ့်။
လူ့ဘ၀ဆိုတာရလဲလိုက်ပါဘိ။
စိတ်မကောင်းစရာပဲ။
စီဘောက်မှာတွေ့လို့လိုက်တာ..ခုနကဒီထဲကို
ရောက်ပါတယ်ပေါ့နှော်။
လင့်ခ်တစ်ပါတည်းချိတ်လိုက်ပါတယ်။
မောင်လေးမိုးယံရေ...:P :P

ခင်မင်စွာဖြင့်
ခိုင်နုငယ်

မိုးယံ said...

ထင်တာကတော့ ခဏလောက်ရူးသွားကြတယ် ထင်တာပဲ။ စိတ်ပညာ အဆို အရ normal မဟုတ်တဲ့ အချိန်မျိုးမှာ ဖြစ်မှာပေါ့

ကိုဇော် said...

ဖြစ်ရလေ. .
ဆေးတွေ ချမယ် ထင်တယ် ပုံစံတွေက. .

ယွန်း said...

သနားစရာပဲနော်..
သတ်သေချင်လောက်အောင် ဘာတွေ ဘယ်လိုများ ကြုံခဲ့ရပါလိမ့်..နှစ်ယောက်လုံးက ငယ်ငယ်လေးတွေ..
နှမြောစရာ...