Wednesday, August 11, 2010

ရယ်ရယ်ပြုံးပြုံး ဟာသများ ၂


ဘယ်ရမလဲ

ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက
``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို
ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။
ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။
ကျွန်မ တင်ပါးမှာ မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့
မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ ဂျွန်နီလေး၏
ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့
ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင်
ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`` ။

သယ်ရင်းတစ်ယောက်ပို့သော မေးလ်ကို ပြန်လည်မျှဝေသည်။

4 comments:

အဖြူရောင်နတ်သမီး said...

း)..း)..း)

ယွန်း said...

ဟဟဟ... :P

ကိုဇော် said...

အဲသလိများဆို လောင်းချင်သား...

ညိမ်းနိုင် said...

လူဆိုး.....။