Saturday, March 27, 2010

Smart Card အသုံးပြု Online Banking စနစ် ဧပြီလအတွင်းစတင်မည် Online Account တစ်ခုလျင် အနည်းဆုံး ကျပ် ၁၀ သိန်းဖြင့် စတင်စာရင်းဖွင့်ရမည်ဟု သိရ

Smart Card အသုံးပြု၍ ဘဏ် များအချင်းချင်း Online ချိတ်ဆက် ဆောင်ရွက်သွားမည့် "Quick Cash" Online Banking System ကို မြန်မာ့ စီးပွားရေးဘဏ်ခွဲ ၇ ခုတွင်ဧပြီလ အ တွင်းစတင်အသုံးပြုမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရ သည်။

အသုံးပြုမည့်သူများအနေဖြင့် ကနဦးတွင် အနည်းဆုံးငွေကျပ် ၁၀ သိန်းဖြင့် Online Account စာရင်း တစ်ခုဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ ဘဏ်မှ Smart Card တစ်ခုနှင့် ငွေ မှတ်စာအုပ်တစ်အုပ်တို့ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Smart Card ကိုမိမိနှစ်သက်ရာ ဂဏန်းခြောက်လုံးဖြင့် Password သတ် မှတ်နိုင်ကြောင်း၊အဆိုပါစနစ်ကိုမြန်မာ့ စီးပွားရေးဘဏ်ခွဲများဖြစ်သည့်နေပြည် တော်ဘဏ်ခွဲ၊ ရန်ကုန်ဘဏ်ခွဲ(၁)၊ ဘဏ် ခွဲ(၂)၊ ငွေစုဘဏ် ခွဲ(၃)၊ ဘဏ်ခွဲ(၅)၊ မန္တလေးဘဏ်ခွဲ(၁)နှင့်ဘဏ်ခွဲ(၂) စ သဖြင့်စုစုပေါင်းဘဏ်ခွဲ ၇ ခုတို့တွင် စတင်၍ချိတ်ဆက်သုံးစွဲသွားမည်ဖြစ် ကြောင်း သိရှိရသည်။

ဘဏ်လုပ်ငန်းချိန်အတွင်းအချိန် ပြည့်အသုံးပြုနိုင်ပြီးအင်တာနက်ဆက် သွယ်မှုပြတ်တောက်ခြင်းမရှိစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ညှိ နှိုင်းဆောင်ရွက်ထားကြောင်းသိရသည်။ အသုံးပြုထားသည့်အင်တာနက်လိုင်း များမှာ ADSL နှင့် iPstar စနစ်အပြင် Fiber Optics လိုင်းများကိုပါအသုံး ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

0 comments: