Saturday, March 20, 2010

အိုင်တီပစ္စည်းများ သီးသန့်ရောင်းချမည့် Shopping Mall ဖွင့်လှစ်ရန်စီစဉ်


မြန်မာနိုင်ငံတွင် ပထမဆုံးသော ITဆိုင်ရာ ပစ္စည်းများ သီးသန့်ရောင်းချမည့် Shopping Mallကြီးတစ်ခု ဖွင့်လှစ်ရန် ကုမ္ပဏီတစ်ခုက စီစဉ်နေကြောင်း သိရသည်။ e-Trade Myanmarကုမ္ပဏီက ဧပြီလ ပထမပါတ်အတွင်း ရန်ကုန်တွင် ITပစ္စည်းများကို အဓိကရောင်းချသည့် Shopping Mallကြီးတစ်ခု ဖွင့်လှစ်ရန် လက်တွဲဖော် ITလုပ်ငန်းများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်သည်။ လှိုင်မြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော IT Mallသည် နိုင်ငံအတွင်း ITပစ္စည်းများအပေါ် ၀ယ်လိုအား မြင့်တက်လာခြင်းကို ဖြည့်ဆည်းရန် ရည်ရွယ်ခြင်းဖြစ်သည်။ အထူးသဖြင့် ITဆိုင်ရာ ပြပွဲများ ကျင်းပသည့်အခါတိုင်း လူအများစိတ်ဝင်စားမှု အလွန်မြင့်မားနေခြင်းက ယခု IT Mallကို ဖွင့်လှစ်ဖြစ်ရန် တွန်းအားပေးခဲ့ကြာင်း e-Trade Myanmarမှ CEOဖြစ်သူ ဦးထွန်းထွန်းနိုင်ကဆိုသည်။ မြန်မာနိုင်ငံတွင် ITနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ပြပွဲများကိုလည်း အစဉ်တစိုက် ပြုလုပ်ကျင်းပနေဆဲဖြစ်သည်။ မတ်လအတွင်း ICTနည်းပညာ ပြပွဲတစ်ခုကိုလည်း ရန်ကုန်တွင် ပြုလုပ်ကျင်းပပြီး ခေတ်ပေါ်ITပစ္စည်းများကို ပြသကာ ITဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ မတ်လ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့ထိ ကျင်းပမည့် ပြပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း (MCPA)နှင့် မြန်မာကွန်ပျူတာ လုပ်ငန်းရှင်အသင်းတို့က တာဝန်ယူပြုလုပ်ခဲ့သည်။ ပြပွဲတွင် ဆိုင်ခန်းပေါင်း (၁၅၆)ခုကို ခင်းကျင်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နောက်ဆုံးပေါ် နည်းပညာ၊ Hardwareနှင့် Softwareများအား လေ့လာခွင့်ရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နည်းပညာပြပွဲများကို (၁၉၉၉)ခုနှစ်ကတည်းက စတင်ပြုလုပ်ကျင်းပခဲ့ရာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ပြပွဲတွင် နည်းပညာကုမ္ပဏီ (၇၁)ခုတို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

Source: TheHindu

0 comments: