Saturday, March 27, 2010

 ကျောက်ချောင်းကြီး တံတားပြုပြင်ဆဲဖြစ်၍ ချောင်းသာသွားမည့်သူများ ကူးတို့ဖြင့်ကူးကာ ကားနှစ်ဆင့်စီးပြီးသွားလာရ



မတ်လ ၁၅ ရက်နေ့က ပြိုကျ မှုဖြစ်ပွားခဲ့သော ချောင်းသာသို့သွား ရောက်ရာကားလမ်းပေါ်ရှိ ကျောက် ချောင်းကြီးတံတားမှာ ပြင်ဆင်ဆဲဖြစ် ၍ ခရီးသွားများအနေဖြင့် ကူးတို့ အသုံးပြုကာ သွားလာနေရကြောင်း သတင်းရရှိပါသည်။

''တံတားက ပြင်နေတုန်းပဲရှိသေး တယ်။အခုကချောင်းဟိုဘက်မှာ ကား တစ်စီး၊ ဒီဘက်မှာကားတစ်စီးသုံးပြီး တော့ခရီးသွားရတယ်။ ဥပမာ ပုသိမ် ကနေချောင်းသာသွားရင်ကျောက်ချောင်း ကြီးတံတားကိုရောက်တဲ့အခါစီးလာတဲ့ ကားကဒီဘက်ကမ်းမှာပဲဂိတ်ဆုံးလိုက် တယ်။ ခရီးသည်တွေကကူးတို့နဲ့တစ် ဘက်ကမ်းကိုကူး၊ ပြီးရင်တစ်ဘက် ကမ်းမှာရှိတဲ့ကားနဲ့ချောင်းသာကိုဆက် သွားရတာပေါ့''ဟု ပုသိမ်မြို့တွင်နေ ထိုင်သူတစ်ဦးကလည်းရှင်းပြခဲ့သည်။

ကုန်ကားများအနေဖြင့်မူ နှစ်ဆင့် သယ်ဆောင်၍ မရသည့်အတွက် ငွေ ဆောင်လမ်းမှတစ်ဆင့် မော်တင်စွန်းသို့ သွားရောက်ရာလမ်းမှဖြတ်ကာ ချောင်းသာသို့ သွားလာနေရပြီးချောင်း သာသို့အပန်းဖြေရန်လာရောက်မည့် အိမ်စီးကားများလည်း ကုန်ကားများ အတိုင်းပင်သွားလာရမည်ဖြစ်သည်ဟု သိရသည်။

''ကုန်ကားတွေရော ချောင်းသာ ကိုလာလည်မယ့် အိမ်စီးကားတွေကျ တော့ ဟိုဘက်ဒီဘက်နှစ်စီးထားလို့ မရဘူးလေ။ ဒီတော့ ခရီးဝေးပေမယ့် လည်း သင့်တဲ့လမ်းက ပတ်မောင်းရ တာပေါ့။ ပုသိမ်ကနေ ငွေဆောင် သွားတဲ့လမ်းအတိုင်းဆက်သွားတယ်။ အဲဒီကမှ မော်တင်စွန်းဘက်ကို သွား တဲ့ လမ်းအတိုင်းသွားတယ်။ အဲဒီ လမ်းကနေမှချောင်းသာဘက်ကိုသွား ရတာပေါ့''ဟုကုန်စည်ပို့ဆောင်သူ တစ် ဦး ကလည်း ရှင်းပြခဲ့သည်။

0 comments: