Friday, June 24, 2011

ကတုံးပေါ်ထိပ်ကွက်

ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။
ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ
သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။
ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက်
ဂူကိုလက်နဲ့ပုတ်ပြီး
“အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။

နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး
ထွက်ပြေးသွားခဲ့တယ်။


ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ
ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။
“သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!”
အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။


ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့
သူခိုးတစ်ယောက် ထွက်လာတယ်။
သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင်
ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။


သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့
အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။
သူခိုးက “အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက
“တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။
အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။
အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်”
လို့ ရေရွတ်လိုက်တယ်။

အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။
တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ
“ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။

အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ
ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “သံတူရွင်းရလည်း
မဆိုးပါဘူး" ဆိုပြီး ထပြန်သွားတယ်..

အဲ့အချိန်မှာဘဲ..အဲ့အဖြစ်အပျက်ေ
တွကို ဖတ်လိုက်ရတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲက
ပြုံးနေလေသတဲ့..:P

အခြေအနေအရပ်ရပ်နဲ့အကြောင်းအမျိုးမျိုးကြောင့် ဘလော့ဂ်လောကကို ခဏလောက်ပဲဖြစ်ဖြစ် ကင်းကွာသွားပါတယ်။မိုးကြိုးပစ်ခံရပြီးနောက် (လူမဟုတ်ဘူး အင်တာနက်သွယ်တဲ့ Router ကို) စက်တွေကလည်း တစ်လုံးပြီး တစ်လုံးပျက်၊ တတ်သလောက်မှတ်သလောက် ကလိပြီး မရတဲ့ အဆုံးဆေးရုံပို့တယ်။ဖြတ်တောက်ပြီးအသစ်လဲတယ်။ ဒီတစ်လုံးကောင်းသွားတော့ နောက်တစ်လုံးက ပျက်ပြန်လေရော။ဒါနဲ့ပဲ လူလည်း လုံးလည်ချပ်ပြားလိုက်နေတော့တာပဲ။ “ ဒုက္ခဆိုတာ အပေါင်းအဖေါ်နဲ့ လာတတ်တယ်” ဆိုတဲ့ စကားကြီးကို ဘ၀နဲ့ ရင်းပြီးခံလိုက်ရတာပဲ။ စက်တွေပျက်တော့ အလုပ်တွေကပုံနေ စက်တွေကောင်းတော့ အပျင်းကြောကရှည်နေ။အဲဒီလိုနဲ့ ဖတ်နေကျ ဘလော့ဂ်တွေလဲ မဖတ်ဖြစ်ဘူး၊ စစ်နေကျ မေးလ်တွေလဲ သေချာမစစ်ဖြစ်တော့ အသစ်တင်ဖို့ ခက်ပြန်ရော၊ ရေးထားတဲ့ ကဗျာလိုလို စာလိုလိုကလဲ ဖတ်လိုက်ပြင်လိုက် လုပ်နေတာနဲ့ စာမျက်နှာပေါ် မတက်နိုင်သေးဘူး၊ ခက်တာက ဒီရက်ပိုင်းမှာ စာလဲကောင်းကောင်းမဖတ်ဖြစ်ဘူး၊ တစ်ပတ်မှာ နှစ်အုပ်လောက်တောင် ကုန်အောင် မနည်းအချိန်ယူဖတ်နေ မိတယ်။ အတွေးထဲမှာ စကားလုံးတွေကို ရှေ့နောက်စီနေတာနဲ့ စာရွက်ပေါ်တောင် ချမရေးဖြစ်ပဲ ပျောက်ပျောက်သွားတယ်။ အခုတော့ အလုပ်တွေရှင်းနေရင်း ဟိုဟို ဒီဒီ လျှောက်ဖတ်ရင်းနဲ့ အပြုံးတစ်ချက် ဖန်ဆင်းနိုင်မယ့် စာလေးတစ်ပုဒ်ကိုတွေ့မိတော့ အရယ်အပြုံးကို စိတ်ပါပါ လိုလိုချင်ချင် ပြုံးတတ် သူတွေ အသက်ရှည်စေဖို့ တင်ပေးရင်း သူငယ်ချင်းများကို နှုတ်ဆက်တာပါ။ ကျွန်တော် မအားခိုက်မှာ တစ်နေ့တစ်ဖုံ သတင်းစုံ တင်ပေးနေတဲ့ ညီလေး နေဇော်လင်းကိုလည်း အထူးကျေးဇူးပါဗျာ။

ငြိမ်းချမ်းကြပါစေ။

7 comments:

မေဓာဝီ said...

ရုပ်ဆိုးဆိုးနဲ့ သရဲက ဖတ်ပြီး ပြုံး၍ ပြန်သွားသည်။ :))

အဖြူရောင်နတ်သမီး said...

ဖတ်လို့ကောင်းတယ်..
ထပ်တင်ပါဗျို့..
ဗိုက်ပူရေ..
နာလည်း အလုပ်တွေများနေလို့ဟ..

SHWE ZIN U said...

မိုးယံ ရေ

ကောင်းတယ်

သံလွင်ဘေးက သံစဉ်တေးသမား. said...

့ကောင်းလဲမကောင်းဘဲ နဲ့  အားလုံး က ဖါးနေတာ

မောင်စေတနာ said...

စက်ပျက်နေလို့ တော်သေးတယ်ဂျာ ...
တားက ဘလော့ပေါ်မပေါ်လာတော့လို့
လူပျက်သွားတာ ထင်နေတာ ... အဟီး ..
အရေးအသားလေးတွေ တိုးတက်လာတယ်
ကောင်းတယ် ...
နောက်လည်း ဆက်ကြိုးစားပါဂျာ ..
အားပေးနေပါတယ် ...

ညိမ်းနိုင် said...

အော်....ဂလိုလား...တိပါဘူး...လူများပျက်သွားသလားလို့၊
ကိုမိုးယံရဲ့အရေးအသားတွေ အရမ်းကောင်းတယ်ဗျာ...။
ကျွန်တော်တော့သိပ်ကြိုက်တယ်...။ဒီထက်လည်းပိုပြီး
ကောင်းလာလိမ့်မယ်မျှော်လင့်ပါတယ်...။သိပ်ကောင်းတယ်
ဗျာ...။အရမ်းဂွတ်....:)))

မြစ်ကျိုးအင်း said...

အကျော်အခွဇယားလေးတွေပေါ့။
:))