ဒီ ဟိုတယ်သစ်ကြီးကတော့ မထင်မှတ်နိုင်စရာ ဇတ်ကြောင်းနဲ့ ပါပဲ။ ဟိုတယ်အထပ်ပေါင်း ၃၀ ကို ၁၅ ရက်နဲ့ အပြီးတည်ဆောက်ခဲ့ တာပါပဲ။ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ချန်ရှားမြို့ ကုန်းတွင်းပိုင်းတွင်တည်ရှိသည့် အဆိုပါ ဟိုတယ် အားတည်ဆောက် ရေးကာလတိုအတွင်း အလုပ်သမား တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒါဏ်ရာ ရရှိမှုပင်မရှိခဲ့ ဟုဆိုပါတယ်။
အချိန်တိုအတွင်း အလျင်အမြန် တည်ဆောက်ခဲ့ သည့် တိုင် စတုရန်းပေ ၁၈၃၀၀၀ ရှိသည့် အဆိုပါဟိုတယ် ကြီးဟာ ပြင်းအားပမာဏ အဆင့် ၉ အထိရှိမည့် ငလျင်ဒါဏ်ကိုပါ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်လို့ တာဝန်ယူ တည်ဆောက်ခဲ့ သည့် Broad ကုမ္ပဏီရဲ့ အဆိုအရ သိရှိရပါတယ်။
အဆိုပါ တည်ဆောက် ရေးဖြစ်စဉ် တစ်ခုလုံးအား အကျဉ်းချူပ် ဗီဒီယိုဖြင့် ရိုက်ကူးဖန်တီးကာမှတ်တမ်းတင် ထားပါတယ်။ သူတို့ ဗီဒီယိုထဲမှာ ကြေငြာထားတဲ့ အတိုင်းသာအ ချက်အလက်တွေ အကုန်လုံးမှန်တယ် ဆိုရင်တော့ ဆောက် လုပ်ရေး ကုမ္ပဏီ တရုတ်များကို ချီးကျူးရမှာ အမှန်ပါပဲ။
ဒါက တော့ ဗီဒီယိုလေးပါ။
Source by :http://www.onekokoaung.co.cc/

2 comments:
Made in China တွေကို လုံးဝ မယုံပါ။
steel frame နဲ့ ဆို ဟုတ်ပါတယ် ပြီးလည်း ပြီးပါတယ်...Safety Factor တော့ တစ်ခုခု လွဲနေသလားလို့ ...ပိုင်ရိုက်တယ်... စီးမက်စ်တင်း ချတာ တွေ ကတော့ နည်းနည်း အချိန်ယူရမှာကို ဖျောက်ပစ်နိုင်တယ် ဆိုတော့ တော်တော် ကောင်းတဲ့ cement ...မဟုတ်ရင် ကော်နဲ့ ချတာလားမသိဘူးနော်...
Post a Comment