
Posted by Jimmy Paing on May 2, 2010 at 3:28pm
မိန်းမ..မိန်းမ…အင်အားချည့်နဲ့တဲ့အမျိုးလို့ တစ်လောကလုံးက ပြောကြပေမယ့် တကယ်တော့ သူ့ထက် အင်အားကောင်းတာမရှိဘူး။ ဘယ်အရေး ဘယ်အရာမဆို သဲူ ပဲ့ကိုင်ပဲ။ သူဟာသွက်လက်တယ်၊ ဖျတ်လတ်တယ်၊ ဇွဲလည်းကောင်းတယ်။
ပြီးတော့ သူတို့ အချစ်စိတ်ဟာလည်း ယောက်ျားများလို ထိန်းမနိုင် သိမ်းမရ မဟုတ်ပါ။
အင်မတန် သိုသိပ်တယ်။လိမ်မာတဲ့ မြင်းတစ်ကောင်လို စိတ်ပါရင် လိုရာခရီးရောက်အောင်
ပို့တာပဲ။ တစ်ခါတစ်လေ စိတ်ဖောက်ပြီဆိုလျှင်တော့ ကပ်လို့ကပ် ကန်လို့ကန် လုပ်တတ်တယ်။
မင်းမောနေသလား ပျင်းသလား ငြီးငွေ့သလား။ သူ့ရင်ခွင်ထဲ မင်းကိုပွေ့ပြီး ဖျော်ဖြေမယ်။
မင်း စိတ်အားငယ်နေရင် အားတက်ကြွအောင် လုပ်ပေးမယ်။ ဒါပေမယ့် ဒီလိုလုပ်နေတဲ့ အထဲက
မင်းမသိအောင် သူ့အကျိုးအတွက် လျှို့ဝှက်ပြီး လုပ်ချင်လုပ်နေမှာပဲ။ အဲဒါကြောင့်
မိန်းမတွေဟာ တစ်လောကလုံးမှာ ကြီးစိုးနေတာပဲ။ စစ်ဖြစ်ရတာလဲ သူ့အတွက် ကြောင့်ပဲ။
ယောက်ျားတွေလည်း သေတဲ့အထိ ငွေရှာနေရတာလည်း သူ့အတွက်ကြောင့်ပဲလေ။
ကြီးကျယ်မြင့်မြတ်ဖို့၊ အထွတ်အထိပ်ရောက်ဖို့ ယောက်ျားတွေ ကုန်းရုန်းလုပ်နေကြတာလဲ
သူ့စနက်ပါပဲ။ ဒါပေမယ့် သူကတော့ပြုံးပြုံးပဲ။ သို့သော် သူပြုံးတဲ့ အပြုံးထဲပါတဲ့
နက်နဲမှုတွေကို ဘယ်ယောက်ျားမှ မသိနိုင် မမြင်နိုင်ပါဘူး။
....Cleopatra အကြောင်းရေးသားထားသော Nobel မှ ကောက်နှုတ်ဖော်ပြထားပါသည်....
အမျိုးသမီးများကို စော်ကားဖြင်းမဟုတ်ပါ....
0 comments:
Post a Comment