Monday, May 10, 2010

တစ်ခါတစ်လေတော့ လူဆိုတာ မျောက်ကဆင်းသက်တယ်ဆို တာ ဟုတ်သလိုလိုပါ ။ ဒါမျိုးဖြစ်မှာပေါ့


ဒီပုံမှာ 2009 ခုနှစ် ဒီဇင်ဘာလ (21) ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ်ရှိ ကုန်ဈေးတန်းနားမှာ နိုင်ငံခြားသူတစ်ယောက်က ဒီလိုဆေးမှင်ကြောင် ထိုးပြီး ၊ ခေတ်ပေါ် ဒီလိုကြိုးတစ်ချောင်း အင်္ကျိနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လျှောက်သွားနေတာဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံကို စော်ကားရာကြနေပါတယ်။

“ဒါဟာမြန်မာပြည်တွင်းက ဗုဒ္ဓဘာသာအမည်ခံ အသက်ကြီးသူတွေက စပြီး မရိုသေမလေးစား ပဲ စော်ကားကြလို့၊ဘာသာခြားဖြစ်တဲ့ ဒီမျောက်ကဆင်းသက်လာတဲ့ နိုင်ငံခြားသူ (တိရိစ္ဆာန် လောက်မှ အသိဥာဏ်မရှိသူ) မိန်းမဖျင်းက ဒီလိုပုံစံနဲ့ ဒီလိုတိုင်းပြည်မှာ လာလုပ်ရဲတာပေါ့။ တစ်ခြားဘာသာတွေမှာ ဒီလိုလုပ်ရင် အသက်ရှင်ရပ်တည်ဖို့ နောက်နေ့ မကူးဘူးဆိုတာကို ကျွန်တော် အသက်နဲ့ထပ်တူလောင်းရဲတယ်။ ဥပမာ (အစ္စလာမ်) သာသနာ ထွန်းကားတဲ့ တိုင်းပြည်မှာ သူ့ဘာသာကို မရိုသေတဲ့ ဒီလိုပုံစံနည်းတူ လုပ်ကြည့်လေ” ဟု ဓါတ်ပုံပေးပို့လာသူ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါသည်။

ဓါတ်ပုံထဲမှ အမျိုးသမီးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ သူစိတ်ကူးတည့်ရာ လျှောက်လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် သုံးလောက ထွဋ်ထား အတုမရှိမြတ်စွာ ဘုရားသည် ၄င်း နိုင်ငံခြားသူနှင့် မည်သို့မှ အမြင်မတော်ပါ။ သို့ကြောင့်ထိုကဲ့သို့ အမြင်မတော်သည်များ ကို မြင်တွေ့ပါက မိမိတို့တတ်နိုင်သည့်ဘက်မှ သာသနာအတွက် ၀ိုင်းဝန်း တားဆီးပေးကြပါရန်။ မေတ္တာရပ်ခံရင်း တင်ပြလိုက်ပါသည်။

0 comments: