Friday, May 21, 2010

ဗလင်စီယာ အသင်း တိုက်စစ်မှုး ဒေးဗစ်ဗီလာ ဘာဆီလိုနာ သို့ ပြောင်းရွှေ့


ဘာဆီလိုနာ အသင်းဟာ လာလီဂါပြိုင်ဖက် ဗလင်စီယာ အသင်း တိုက်စစ်မှုး ဒေးဗစ်ဗီလာ ( David Villa ) ကို ယူရိုသန်း ၄၀ ဖြင့် အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်လိုက်ပြီ ဖြစ်ပါတယ်။

ဗီလာဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး ဗလင်စီယာ အသင်းအတွက် ပွဲစဉ်ပေါင်း (၁၆၆) ပွဲမှာ ဂိုးအရေအတွက် (၁၀၇) ဂိုးသွင်းယူပေးထားပါတယ်။ ဗီလာဟာ ဘာဆီလိုနာ အသင်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး သောကြာနေ့ မှာ ဘာဆီလိုနာရဲ့ နျူးကင့် ( Nou Camp ) မှာ ဆေးစစ်ပြီးတာနဲ့ အပြီးသတ်ပြောင်းရွှေ့မှာဖြစ်ပါတယ်။

0 comments: