Saturday, May 29, 2010

Bits & Bytes အကြောင်း သိကောင်းစရာ (၃)

ကွန်ပျူတာ အခေါ်အဝေါ်တွေထဲက Bits & Bytes မှာ Bits အကြောင်းကို ရှင်းပြ ခဲ့ပြီးပါပြီ။

ဒီတစ်ပတ်တော့ Bytes အကြောင်းကို ဖော်ပြလိုက်ပါတယ်။

Bytes ဆိုတာ ၀င်ဆံ့မှုပမာဏကို တိုင်းတာတဲ့ ယူနစ်တစ်ခုဖြစ်ပါတယ်။

ဥပမာ ကွန်ပျူတာရဲ့ ကျပန်းမှတ်ဉာဏ် RAM နဲ့ Hard Disk တွေမှာ ၀င်ဆံ့မှုကို Bytes ယူနစ်နဲ့ အသုံးပြုပါတယ်။

Bytes ဆိုတာ Binary လို့ခေါ်တဲ့ ဒွိကိန်းစဉ်စနစ်ကို အခြေခံထားပါတယ်။

ဒွိကိန်းစဉ်ဆိုတာကတော့ ကိန်းခြေအခြေ(၂)ရှိတဲ့ ရေတွက်မှု သင်္ချာစနစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Bytes ဟာ ဒွိကိန်းစဉ်တွေကို ရေတွက်တယ်လို့ ပြောရင်လည်းမမှားပါဘူး။

ကျွန်တော်တို့ နေ့စဉ်ရေတွက်သုံးစွဲနေတဲ့ သင်္ချာစနစ်က ကိန်းခြေအခြေ(၁၀)မှာ အခြေခံရေတွက်ပါတယ်။ ဒါကို ဆယ်လီစိတ်စနစ်လို့ သင်္ချာမှာ ခေါ်ပါတယ်။

ဆယ်လီစိတ်စနစ်မှာ ကိန်းဂဏန်း (Digit) သုညမှ ကိုး (0 to 9) ပါဝင်ပြီး ဒွိကိန်းစဉ် စနစ်မှာ သုညနဲ့ တစ် (0 and 1) သာ ပါဝင် ပါတယ်။

ဥပမာ - 1010 ဆိုပြီး ရေးသားပါတယ်။ ဒီ Binary code ပေါ် အခြေခံပြီး 'တစ်' ဖြစ်ရင် ON ၊ 'သုည' ဖြစ်ရင် တော့ OFF လို့ ယူဆကာ Electrical Signals တွေအဖြစ် မှတ်ယူကြပါတယ်။

ဒါကြောင့် ကွန်ပျူတာကို ခိုင်းစေရာမှာ ON & OFF စတဲ့ Electrical Singnals တွေနဲ့ Instruction Bus တွေကို ဖြတ်သန်းစေခြင်း အားဖြင့် ကွန်ပျူတာက အလုပ်လုပ်ပါတော့တယ်။

Bits and Bytes ဆက်နွှယ်မှု

Bits ဆိုတာကတော့ ကွန်ပျူတာမှာ အခြေခံအကျဆုံးယူနစ်ဖြစ်ပါတယ်။ Bits တွေဟာ တစ်ခုချင်းစီရပ်တည်နေပေမယ့် ရှစ်ခုစီ (8Bits Collection) စုပေါင်း ပါဝင်တယ်။ ရှစ်ခုစီစုပေါင်းထားတဲ့ အစုတစ်စုကို Bytes လို့ ခေါ်ပါတယ်။ 1 Bytes ဟာ 8Bits နဲ့ ညီတယ်လို့ ဆိုလိုတာပါ။ Bytes ဟာ ကွန်ပျူတာရဲ့ အချက်အလက်ဝင်ဆံ့မှု ရေတွက်ရာမှာ အငယ်ဆုံးဖြစ်ပါတယ်။

ရေတွက်မှုစနစ်

ကွန်ပျူတာရဲ့ အချက် အလက်ဝင်ဆံ့မှု ရေတွက် ရာမှာ 8 Bits = 1 Bytes ဖြစ်ပြီး 1024 Bytes ကို 1 Kilobyte လို့ခေါ်ပါ တယ်။ 1 Kilobyte မှာ 10 Bits ရှိပါတယ်။

ဒါကြောင့်မို့ သင်္ချာ ထပ်ညွှန်းကိန်းနဲ့ 210 လို့ဖော်ပြပါတယ်။ 210 ဟာ 1023 နဲ့ ညီပါတယ်။ သုညကနေ 1023 ရေတွက်တာမို့ 1024 Bytes လို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။

ကွန်ပျူတာမှာ ၀င်ဆံ့မှုတိုင်းတာတဲ့ စနစ်တွေကို လေ့လာနိုင်ဖို့ ၎င်းနဲ့ ပတ်သက်တဲ့ ဇယားလေးတစ်ခုကို ဖော်ပြလိုက်ပါတယ်။

0 comments: