Thursday, May 27, 2010

Nissan မှ ဆီဖြည့်ရန် မလိုသည့် လျှပ်စစ်ကား Leaf ကို ဈေးနှုန်း သက်သာစွာ ရောင်းတော့မည်

သက်ဆိုင်ရာ နိုင်ငံအစိုးရများ၏ အားပေး ထောက်ခံမှုများ ရရှိပြီးနောက် ဂျပန် ကားထုတ်လုပ်သူ Nissan က ကုမ္ပဏီ၏ နာမည်ကျော် Leaf လျှပ်စစ်ကားကို ဥရောပတိုက်တွင် ယူရို ၃၀,၀၀၀ (၃၇,၁၀၅ ဒေါ်လာ) အောက်ဖြင့် ရောင်းချမည်ဟု မေလ ၁၇ ရက်နေ့တွင် ကြေငြာခဲ့သည်။

Nissan ၏ နာမည်ကျော် လျှပ်စစ်ကား Leaf

Nissan Leaf သည် ပါတ်ဝန်းကျင် ထိမ်သိမ်းကာကွယ်ရေးအတွက် ဦးဆောင်ရည်ရွယ်ပြီး တတ်နိုင်လောက်သော ငွေကြေးအတိုင်းအတာ အတွင်း မိသားစုအသုံးပြုနိုင်သော လျှပ်စစ်ကား ဖြစ်သည်။ ထို့ပြင် Nissan ၏အဆိုအရ ကာဗွန်အပူ လုံးဝ ထုတ်လွှတ်ခြင်း မရှိသော Nissan Leaf သည် လျှပ်စစ်ကားများတွင် ကမ္ဘာ့ ပထမဆုံး အများအပြား ထုတ်လုပ်သည့် လျှပ်စစ်ကား လည်းဖြစ်သည်။

ဒီဇင်ဘာလမှ စ၍ ဤကားကို ပေါ်တူဂီနှင့် နယ်သာလန် နိုင်ငံများတွင် စတင်ရောင်းချမည် ဖြစ်ပြီး ဗြိတိန် နှင့် အိုင်ယာလန် သို့ ၂၀၁၁ ဖေဖေါ်ဝါရီတွင် ရောက်ရှိမည်ဟု Nissan က London press conference တွင် ကြေငြာခဲ့သည်။ ဇူလိုင်လတွင် ကြိုတင်မှာယူမှုများကို စတင်ပြုလုပ်နိုင်မည် ဖြစ်ပြီး နောက်နှစ် နှစ်ကုန်ပိုင်းတွင် အဓိက ဥရောပနိုင်ငံများ အားလုံးတွင် ဤကားကို ရရှိနိုင်မည်ဖြစ်သည်။

Zero-Emission ဟုဆိုသော Leaf တွင် ဆီဖြည့်သည့် အပေါက်အစား ခေါင်းပိုင်းတွင် အားသွင်းရန် ပလပ်ပေါက်ကို တွေ့ရစဉ်

“Nissan ဟာ လူအများ ဝယ်နိုင်လောက်သည့် ဈေးနှုန်းဖြင့် ကာဗွန်အပူ လုံးဝ ထုတ်လွှတ်ခြင်းမရှိတဲ့ (zero-emission) ကားကို ထုတ်လုပ်နိုင်တဲ့ ပထမဆုံး ကားထုတ်လုပ်သူအဖြစ် ဒီနယ်ပယ်မှာ ဦးဆောင်သွားမှာပါ။ Leaf ဟာ လျှပ်စစ်ကား စစ်စစ် ဖြစ်ပါတယ် သူ့မှာ နောက်ဘက်က အိတ်ဇော့ပိုက် ပါမှာမဟုတ်သလို လောင်စာဆီသုံးစရာ မလိုတဲ့အတွက် အသုံးပြုရတဲ့ ကုန်ကျစရိတ် အရမ်း သက်သာပါတယ်။ ဒီကားရဲ့ ရောင်းဈေးမှာ ကားထဲမှာသုံးထားတဲ့ တန်ဖိုးကြီး လီသီယံ ဘက်ထရီ အတွက် ကုန်ကျငွေပါ ပါဝင်ပြီးဖြစ်ပါတယ်” ဟု Nissan ၏ အရောင်းနှင့် ဈေးကွက်ရှာဖွေရေး ဌာန ဒု ဥက္ကဋ္ဌ Simon Thomas ကပြောကြားပါသည်။

ဥရောပတွင် ယရို ၃၀၀၀၀ အောက်ဖြင့် ရောင်းချတော့မည့် Leaf

Nissan Leaf ၏ ရောင်းဈေးသည် သက်ဆိုင်ရာ အစိုးရများ၏ အားပေး ထောက်ပံ့မှုပေါ် မှုတည်၍ ပေါ်တူဂီတွင် ၂၉၉၅၅ ယူရို ၊ အိုင်ယာလန်တွင် ၂၉၉၉၅ ယူရို ၊ ဗြိတိန်တွင် ၂၇၃၃၈ ယူရို (ဒေါ်လာ ၃၃၇၅၀) ခန့် ဟူ၍ အမျိုးမျိုး ကွာခြားပါသည်။ နယ်သာလန်တွင် ရောင်းဈေးအမြင့်ဆုံးဖြစ်ပြီး ၃၂၈၃၉ ယူရိုဖြင့်ရောင်းသော်လည်း အစိုးရထောက်ပံ့ကြေး ပါဝင်ပါက ယူရို ၆၀၀၀ မှ ၁၉၀၀၀ အထိ ဈေးလျှော့ပေးမည်ဟု သိရသည်။ ဂျပန်ကားလုပ်ငန်းများကတော့ လာမည့် ၂၀၂၀ တွင် တစ်ကမ္ဘာလုံး ကားဈေးကွက်၏ ၁၀ ရာခိုင်နှုန်းကို လျှပ်စစ်ကားများ ရရှိလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

လူ၅ ယောက် စီး သပ်ရပ်ကျော့ရှင်းသော Leaf

Leaf ၏ အတွင်းပိုင်း မြင်ကွင်း

ပုံမှန်နှင့် အမြန် အားသွင်းရန် ပလပ်ပေါက် နှစ်ခုပါဝင်သည်

Leaf တွင် အသုံးပြုထားသည့် တန်ဖိုးကြီး လီသီယံ ဘက်ထရီ

ဆီဖြည့်ရန် မလိုပဲ တစ်နာရီ ၁၄၀ ကီလို ကျော် မောင်းနှင်နိုင်မည့် Leaf

လူ ၅ ယောက်စီး နောက်ဖုံးဖွင့်ကား Leaf သည် တစ်ခါအားသွင်းလျင် ၁၆၀ ကီလိုမိတာ အထိ မောင်းနှင့်နိုင်ပြီး မိနစ် ၃၀ အတွင်း ဘက်ထရီအား ၈၀ ရာခိုင်နှုန်းရရန် အလျင်အမြန် အားသွင်းနိုင်သည်။ လျှပ်စစ်ကား စစ်စစ် ဖြစ်၍ ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီ လုံးဝ ဖြည့်စရာ မလိုဘဲ အမြန်ဆုံး တစ်နာရီကို ၁၄၀ ကီလိုမိတာ မောင်းနှင်နိုင်မည


0 comments: