.jpg)
စာဖတ်သူ မိတ်ဆွေ အခု အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်က ပြည်သူတွေ အသက်ရှင်ဖို့ အတွက် ခက်ခဲ နေကြပါတယ်။ ပူလွန်းတဲ့ နေရာသီ ဒဏ်ကြောင့် ၊ အသက်ကြီးသူတွေနဲ့ ကလေးသူငယ်တွေရဲ့ အသက်တွေ မရဏ သေမင်းလက် ဆင်းသက်ခဲ့ ကြပါပြီ။ ရေအသက် တစ်မနက်ဆိုတဲ့ စကားကြောင့် ရေ မသောက်ရ တဲ့ လူမမည် ကလေးသူငယ်တွေနဲ့ အသက်ကြီး ရွယ်အိုတွေ ကို ဘယ်သူတွေက ကူညီမလဲ ။ ကူညီနိုင်တဲ့ သူတွေက ကူညီချင်စိတ်မရှိ ပေမယ့် ၊ ကူညီချင်စိတ် ရှိသူတွေက တော့ မဖြစ်ဖြစ်အောင် ကြိုးစားကူညီကြပါတယ် ၊ ဒါကိုတောင် ကူညီချင်စိတ်မရှိတဲ့ သူတွေက ဟန့်တားကြတယ်ဆိုပဲ ။ တိရိစ္ဆာန်လောက်တောင် အသိဥာဏ် မရှိကြလို့ ဖြစ်မှာပါ။
ကဲ မိတ်ဆွေ တို သင်တို့ရဲ့ သနားစာနာတဲ့ စိတ်နဲ့ ကျွန်တော်တို့ တိုင်းပြည်က ကျွန်တော်တို့ ရဲ့ ညီအစ်ကို မောင်နှမတွေကို ကူညီကြပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။
.jpg)
မြန်မာပြည်က ဒုတ်ခရောက်နေတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ ရဲ့ ပုံကို ကျွန်တော့် အစ်မ မငယ်နိုင် ကစုစည်းတင်ပြထားပါတယ်
ဒီ မှာ နှိပ် ပြီး ကူညီနိုင်ပါတယ်ဗျာ။
သင်ရဲ့ စေတနာ မေတ္တာကို လေးစားတန်ဖိုးထားသော ---------
ကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment