Saturday, May 15, 2010

မိသားစု အတွက် အချိန် ပေးဦးမယ်


အင်္ဂလန်မှာ ခင်ပွန်းဖြစ် သူနဲ့နေရင်း မိသားစု အတွက် အချိန် ပေးဖြစ်နေတဲ့ တင်ဇာမော်က ဖခင်ဖြစ်သူရဲ့ နာရေး ကိစ္စကြောင့် မြန်မာပြည်ကို ပြန်လာ ခဲ့ပါတယ်။ ဖခင်ရဲ့ နာရေး ကိစ္စများ အပြီး တစ်လ ပြည့်ပြီး နောက်ရက်မှာ ကော်နီရဲ့ မွေးနေ့ပွဲကို မိခင်ဖြစ်သူနဲ့ တက်ရောက် လာတဲ့ တင်ဇာမော်ကို အနည်းငယ် မေးမြန်း ဖြစ်တာပါ။

မြန်မာပြည် ရောက်ခိုက် အနုပညာ လှုပ်ရှားမှု ဘာတွေ လုပ်ဖို့ စီစဉ်ထားလဲ။

ဒီတစ်ခေါက်က မြန်မာပြည်ကို မထင်မှတ်ဘဲ ပြန်လာရတာ။ ဖေဖေဆုံးတဲ့ ကိစ္စနဲ့ ပြန်လာ ရတာလေ။ အဲဒီတော့ ကြိုတင် မစီစဉ်ထားဘူး။ ဒါပေမယ့် အစ်မရှိတဲ့ အချိန် အတော အတွင်းမှာ သေချာ ရက်မချိန်း ရသေးတဲ့ ပွဲတွေ လာပြော ထားတာ ရှိတယ်။ သူငယ်ချင်းပဲ ဖြစ်စေ၊ မိတ်ဆွေပဲ ဖြစ်စေ၊ အပြင်ကပဲ ဖြစ်စေ အစ်မကို လာပြောရင် ဆိုပေးတယ်။ အစ်မ ပြန်လာတဲ့ အချိန်က ခရစ္စမတ်၊ နယူးရီးယား အချိန်နဲ့ အရမ်း ကပ် နေတယ်။ အားလုံး ကလည်း စီစဉ်ပြီးသားတွေ ဖြစ်တော့ အဆင်မပြေဘူး ဖြစ်သွားတယ်။ ဒါပေမယ့် အစ်မ အရမ်းပျော်တယ်။ စိတ်ချမ်း သာတယ်။ ဖေဖေ ဆုံးတော့ တော်တော် ၀မ်းနည်းတယ်။ ဖေဖေ့ တစ်လပြည့်က ဒီဇင်ဘာ ၂၀ ရက်။ ဖေဖေ တစ်လပြည့်ပြီး နောက်ရက်မှာ အားလုံးနဲ့ ပြန်တွေ့တယ်။

ရတဲ့ အချိန်လေး အတွင်းမှာ သီချင်းနဲ့ ပတ်သက်ပြီး လုပ်ချင်စိတ် ရှိလား။

ပြန်လာခါစက ဘာမှ မလုပ်ချင်ဘူး။ သီချင်းလည်း မဆိုချင်ဘူး။ မခိုင်(ထွန်းအိန္ဒြာဗို)က သူ့ပွဲမှာ လာကြည့်စေ ချင်တယ်။ အစ်မ ကလည်း ကြည့်ချင်တယ်။ မခိုင်ရဲ့ ပွဲကို ဒီဇင်ဘာ အောက်မေ့ လို့။ နိုဝင်ဘာ ဖြစ်နေတယ်။ နိုဝင်ဘာ ဆိုတော့ အစ်မ ဖေဖေ ရက်လည်ပြီး တစ်ရက် နှစ်ရက် ဖြစ်နေတော့ အစ်မ သွားဖို့ ဘယ်လိုမှ အားမရှိဘူး။ မခိုင်ရဲ့ ပွဲကို သွားချင်တယ်။ အခုမှ တရားနဲ့ ဖြေလို့ အေးအေး ဆေးဆေး ဖြစ်သွားတာ။

အင်္ဂလန်မှာ ဂီတနဲ့ ပတ်သက်တာ ဘာတွေများ လေ့လာခဲ့လဲ။ ဘယ်လို ပြန်အသုံး ချမလဲ။

ရောက်လာမှာပါ။ အစ်မလည်း ကြိုးစားမယ်။ အခုတော့ ဘာမှ Perfect မဖြစ်သေးဘူး။

အင်္ဂလန်မှာ ရှိတုန်း သွားဆို ဖြစ်ခဲ့တဲ့ Show ဘယ်နှပွဲ ရှိလဲ။

ရောက်ပြီးတဲ့ နှစ်နှစ် အတွင်းမှာ သြစတြေးလျ၊ ကနေဒါ သွားပြီးပြီ။ ကနေဒါ မှာ မဆွေ (မေဆွိ)နဲ့ အစ်မ နှစ်ယောက်ပဲ ဆိုကြတာ။ သြစတြေးလျက မြန်မာပြည် သိန်းတန်နဲ့ အစ်မ နှစ်ယောက်ဆို ကြတယ်။ အမေရိက ကလည်း ခေါ်တယ်၊ မသွားဖြစ် သေးဘူး။ ၂၀၁၀ ထဲမှာ သွား
ဖို့တော့ အစီအစဉ်ရှိတယ်။

show တွေဆိုရင်း စီးရီးသစ် ထွက်ချင်စိတ် မဖြစ်ဘူးလား။

စီးရီးသစ် ထွက်ချင်စိတ် ဖြစ်မိပါတယ်။ လောလောဆယ် အရာရာ အဆင်မပြေသေးလို့ မထွက်သေးဘူး။ နောက်တော့ ထွက်မယ်။

မြန်မာပြည်ကို ဘယ်နှနှစ် တစ်ကြိမ် ပြန်လာဖို့ စိတ်ကူးထားလဲ။

ရှေ့မှာ ခရီးဆက်ရမှာတွေ ရှိသေးတယ်။ အေးအေးဆေးဆေး သီချင်း ဆိုလို့ရတဲ့ နေ့ကျ ပြန်လာမယ်လေ။ အခု လောလောဆယ်တော့Family ကို အချိန်ပေး လိုက်ဦးမယ်။

Family အတွက် အချိန်ဘယ်လောက် ပေးမှာလဲ။

အခုမှ ၂ နှစ်ပဲ ရှိသေးတယ်။ အစ်မ သီချင်းဆိုတာ ၁၄ နှစ်ရှိပြီ။ အဲဒီတော့Family ကို အချိန်ပေးလိုက် ပါဦးမယ်။

ဂီတနဲ့ ပတ်သက်ပြီး ကျောင်းတစ်ကျောင်းမှာ တက်ဖို့ စဉ်းစားထားပြီး အဆို၊ အတီး နှစ်ခုစလုံး အတွက် သင်ကြားမှာ ဖြစ်ပါတယ်။ ၂ နှစ်တာ အချိန်ပေးပြီး ကျောင်းတက် ရမှာ ဖြစ်တဲ့ အတွက် ကျောင်းပြီးမှ မြန်မာပြည်ကို ပြန်လာမှာ ဖြစ်ပါတယ်။

၂၀၀၉၊ ဒီဇင်ဘာလထဲမှာ ကျောင်းတက်ဖို့ စီစဉ်ရမှာ ဖြစ်ပေမယ့် မြန်မာပြည် ရောက်နေတာကြောင့် ပြန်မှ ကြိုးစားကြည့်ရမယ်လို့ တင်ဇာမော်က ဆိုပါတယ်။ ပညာက ပညာပဲဖြစ်တဲ့ အတွက် ဒီအချိန်မှသင်လည်း နောက်မကျသေးဘူးလို့ တင်ဇာမော်က ခံယူထားပါတယ်။

Written by ခင်လေးမြင့်
Tuesday, 19 January 2010 09:47

0 comments: