
အိန္ဒိယလေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ်တစင်းဟာ စနေနေ့မနက်အစောပိုင်းက နိုင်ငံမြောက်ပိုင်း လေဆိပ်တခုမှာ ဆင်းသက်တဲ့အချိန် လေယာဉ်ပြေးလမ်းကနေကျော်ပြီး မီးလောင် ပျက်စီးသွားတာကြောင့် လေယာဉ်ပေါ်ပါသူတွေထဲက ၁၅၉ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။
မီးလောင်ကျွမ်းနေတဲ့ လေယာဉ်အပျက်အစီး အပိုင်းအစတွေထဲကနေ အသက်မသေကျန်ရစ်တဲ့သူ ရှစ်ယောက်ထက်မနည်းကို ကယ်တင်ပြီး ဆေးရုံကို အလျင်အမြန်ပို့ခဲ့ပေမယ့် အဲဒီထဲက တယောက် ထပ်ပြီး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒူဘိုင်းလေဆိပ်ကနေ ပျံသန်းလာတဲ့ အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၁၆၀ နဲ့ လေယာဉ်အမှုထမ်း ခြောက်ယောက်ပါပြီး အားလုံးဟာ အိန္ဒိယနိုင်ငံသားတွေဖြစ်ကြပါတယ်။
လေယာဉ်ဟာ ကာနာတာကာပြည်နယ်၊ မန်ဂလိုးလေဆိပ်မှာ ဆင်းလာပြီးတဲ့နောက် လေယာဉ်ပြေးလမ်းအဆုံးကနေ ပေ ၂,၀၀၀ နီးပါး ကျော်ထွက်သွားခဲ့ပြီး မီးတောက်ကြီးတွေနဲ့ ပေါက်ကွဲထွက်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
လေယာဉ်ဆီတိုင်ကီ နှစ်ပိုင်းကျိုးထွက်ပြီး မီးလောင်ခဲ့ပြီးတဲ့နောက် လွတ်မြောက်အောင် ဘယ်လိုထွက်ပြေးခဲ့ရတယ်ဆိုတာကို အသက်မသေကျန်ရစ်သူတွေက ပြန်ပြောပြကြပါတယ်။
0 comments:
Post a Comment