Saturday, May 22, 2010

အိပ်ချိန်နည်းပါးသူများ အသက်တိုဖွယ်ရှိ


တစ်ညလျှင် ၆နာရီထက်လျော့နည်း၍ အိပ်စက်သူများမှာ အချိန် မတိုင်မီ သေဆုံးမည့်ဘေးဥပဒ်နှင့်ကြုံတွေ့ရန် အလားအလာများကြောင်း သုတေသနပညာရှင်တို့က ပြောကြားခဲ့သည်ဟုသိရသည်။ အိပ်စက်ရမည့် အချိန် ၁၂ရာခိုင်နှုန်းထက်လျော့နည်း၍ အိပ်စက်သူများမှာ အသက်တို စေပြီး အအိပ်အနေနည်းပါးခြင်းကြောင့် ဆီးချို၊ အ၀လွန်ခြင်း၊ သွေးတိုး ရောဂါနှင့် ကိုလက်စထရောမြင့်တက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်ဟု သုတေ သနအဖွဲ့ခေါင်းဆောင် ပါမောက္ခဖရန်ဆက်စကိုကာပူစီယိုက ပြောကြားခဲ့ သည်။
သုတေသနအဖွဲ့က ကမ္ဘာတစ်လွှားမှ လူပေါင်း ၁ဒသမ၃သန်းတို့ အား ဆယ်စုနှစ်တစ်ခုကြာ လေ့လာဆန်းစစ်မှုပြုခဲ့ရာ အအိပ်အနေနည်းခြင်း နှင့် စောစီးစွာသေဆုံးခြင်းတို့ဆက်စပ်မှုရှိနေကြောင်း အထောက်အထားများ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ပါမောက္ခကာပူစီယို၏အဆိုအရ အအိပ်အနေနည်းခြင်းနှင့် နာမ ကျန်းမှုတို့၏ဆက်စပ်မှုတွင် ဟော်မုန်းဓာတ်နှင့် ကိုယ်တွင်းဇီဝဆိုင်ရာ ဖြစ် ပျက်မှုအစဉ်ကြောင့်ဖြစ်သည်ဟုဆိုသည်။ အိပ်စက်ခြင်းသည် အများပြည်သူ တို့၏ ကျန်းမာရေးကိစ္စဖြစ်ပြီး ယနေ့ခေတ်လူမှုဆက်ဆံရေးအသိုင်းအ၀ိုင်း က မိမိတို့အား အအိပ်အနေနည်းသည်ထက် နည်းပါးလာစေခြင်းဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့တွင်ရှိ လူဦးရေ၏ ၂၀ရာခိုင်နှုန်း ခန့်မှာ ၅နာရီထက်လျော့နည်း၍ အိပ်စက်ခြင်းပြုကြသည်ဟုဆိုသည်။
တစ်ခါအိပ်စက်လျှင် မည်သည့်အချိန်အတိုင်းအတာအထိ အိပ်ရ မည်ဟု မေးမြန်းစူးစမ်းလေ့မရှိကြသော်လည်း တစ်ညလျှင် ၆နာရီမှ ၈နာရီ အကြား အိပ်စက်သူများမှာမူ ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်ခြင်း မရှိဟု လေ့လာဆန်းစစ်မှုအရ သုတေသနပညာရှင်တို့က ဖော်ပြခဲ့ကြောင်း သိရသည်။
ရန်ကုန်မီဒီယာမှ ကူးယူဖေါ်ပြပါသည်။

1 comments:

kym said...

that could be me kkt :) I din sleep much :)