Saturday, May 29, 2010

ဘောလုံးအကယ်ဒမီ မေလတတိယပတ် ဖွင့်မည်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော မန္တလေးမြို့ရှိ ဘောလုံးအကယ်ဒမီကို မေလတတိယ ပတ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အဆိုပါ ဘောလုံးအကယ်ဒမီမှ ကျောင်းအုပ်ကြီး ဦးစိုးညွန့်က မြန်မာ တိုင်း(မ်)နှင့် တွေ့ဆုံရာ၌ ပြောသည်။

အဆိုပါ ဘောလုံးအကယ်ဒမီတွင် အပြည်ပြည်ဆိုင်ရာစံနှုန်းဖြင့် တည်ဆောက်ထားသော ဘောလုံးကွင်း နှစ်ကွင်း၊ ဖူဆယ်ဘောလုံးကွင်း တစ်ကွင်း၊ သဲသောင်ပြင် ဘောလုံးကွင်း တစ်ကွင်းစုစုပေါင်း ဘောလုံး ကွင်း လေးကွင်း ပါရှိသည်။

၁၅ ဧက ကျယ်ဝန်းသည့် ဘောလုံးအကယ်ဒမီတွင် သုံးထပ်ဆောင် ပါရှိ ပြီး ဘောလုံးအသင်းသုံးသင်းစာ နေနိုင်သည့် အဆောင်၊ လူ ၁၂၀ စားသောက်နိုင်သည့် စားဖိုဆောင်၊ မီးဖိုခန်းတို့ပါ ရှိသည်။

နည်းပြများအတွက် အဆောင် သီးသန့်ပါရှိပြီး အထူးဧည့်သည်များ အတွက်လည်း သီးသန့်အခန်းထားရှိသည်။

ထို့ပြင် စာသင်ဆောင်၊ ကာယကြံ့ခိုင်မှုလေ့ကျင့်ဆောင်၊ အစည်းအဝေး ခန်းမစသည်တို့လည်းပါရှိသည်။

"ဒီအဆောက်အအုံကို ကနဦးက ဧရာရွှေဝါ ကုမ္ပဏီက တာဝန်ယူခဲ့ပြီး ရေမီး၊ landscaping ပိုင်းတွေကို Max ကုမ္ပဏီက တာဝန်ယူခဲ့ ပါတယ်။ ဖွင့်ပွဲ ရက်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတ်မှတ်မယ့်ရက်ကို ပဲ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ၂၁ ရက်နေ့လို့ပဲ ခန့်မှန်း ထားရတာပါပဲ"ဟု ကျောင်းအုပ်ကြီး ဦးစိုးညွန့်က ဆိုသည်။

အဆိုပါ ဘောလုံးအကယ်ဒမီ အတွက် ၁၁ နှစ်အောက် အယောက် ၃၀၊ ၁၃ နှစ်အောက် အယောက် ၃၀၊ ၁၅ နှစ်အောက် အယောက် ၃၀ ရွေးချယ်ထားပြီး ဖြစ်ကာ နိုင်ငံခြား နည်းပြချုပ်တစ်ဦး၊ မြန်မာနည်းပြ သုံးဦးတို့က တာဝန်ယူ သင်ကြားပေးမည့်အပြင် မြန်မာ့ ဘောလုံးလက် ရွေးစင်အဖြစ် မွေးထုတ်ရန် ရည်စူးဆောင်ရွက်ထားကြောင်းသိရသည်။

အဆိုပါ ဘောလုံးအကယ်ဒမီသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းတောင်ဘက်၌ တည်ရှိသည်။

0 comments: