
အဆိုတော် Rဇာနည်သည် လွန်ခဲ့သည့်သုံးရက်ခန့်က ချောင်းသာတွင် ရေကူးရင်းမှ အပူရှပ် သေဆုံးသွားသည်ဆိုသော သတင်းများ ထွက်ပေါ်လာရာ ကာယကံရှင်ထံ 7Day Newsက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သည်။ “ကျွန်တော်လွန်ခဲ့တဲ့ သုံးလေးရက်က ရန်ကုန်မှာပဲ ရှိတယ်။ ဂျပန်နိုင်ငံ ဖျော်ဖြေပွဲကနေ မေ၁၁ရက်က ပြန်ရောက်တယ်။ ဒီရက်အတွင်း ဒိုက်ဦးမှာ တစ်ညအိပ် သီချင်းသွားဆိုတာပဲ ရှိတယ်။ ချောင်းသာဘက်လည်း မသွားဘူး။ ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး။ အဲဒီသတင်းက ဘာကြောင့် ထွက်လာတာလဲတော့ ကျွန်တော်မသိပါဘူး”ဟု Rဇာနည်က ဖြေကြားသည်။ တကယ့်အဖြစ်မှန်မှာ ပုသိမ်မြို့မှ နာမည်တူသည့် အာဇာနည် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတချို့ထံမှ သိရပြီး အဆိုတော် Rဇာနည်မှာ ရန်ကုန်တွင် မိသားစုနှင့်အတူ ကျန်းမာစွာနေထိုင်လျက်ရှိကြောင်း သိရသည်။
0 comments:
Post a Comment