Thursday, May 27, 2010

ငွေကြေးခ၀ါချမှုနှင့် ပတ်သက်ပြီး ရှောန်ကွန်နရီအား စစ်ဆေးမှုများပြုလုပ်

ငွေကြေးခ၀ါချမှုနှင့် ပတ်သက်ပြီး ဂျိမ်းစဘွန်းမင်းသားကြီး ရှောန်ကွန်နရီအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိနေကြောင်း သိရှိရပါသည်။


ရှောန်ကွန်နရီသည် စပိန်နိုင်ငံတောင်ပိုင်းသို့ ရောက်ရှိနေစဉ် ကာလအတွင်း ထိုကဲ့သို့ စစ်ဆေးခံနေခြင်းဖြစ်ပြီး ရှောန်ကွန်နရီနှင့်အတူ အခြား ၂၈ ဦးကိုလည်း စုံစမ်းမှုများပြုလုပ်လျက်ရှိနေပြီး အဆိုပါအမှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို တရားရုံးမှ ထုတ်ပြန် ပြောဆိုထားခြင်း မရှိသေးကြောင်း သိရှိရပါသည်။


အသက် ၇၂ နှစ်အရွယ်ရှိ ရှောန်ကွန်နရီသည် ငွေကြေးခ၀ါချမှုအပြင် ဥပဒေချိုးဖောက်မှုဖြင့်ပါ ဒေသဆိုင်ရာ ဥပဒေစည်းမျဉ်းများ အရ စုံစမ်းစစ်ဆေးခံနေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။


ရှောန်ကွန်နရီ ရင်ဆိုင်နေရသောအမှုမှာ တရားရုံး၏ စုံစမ်းမှုအောက်တွင် ရှိနေသော လျို့ဝှက်သော အမှုတစ်ရပ်ဖြစ်ပြီး အမှု၌ပါဝင် ပတ်သက်နေသော အခြားသူများနှင့်တာဝန်အရှိဆုံးသောသူကို ပြောဆိုရန်မှာ ခက်ခဲနေသေးကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောဆိုထားခဲ့ပါသည်။ စစ်ဆေးခံနေရသော ရှောန်ကွန်နရီ၏ သတင်းကိုမူ ဟောလိဝုဒ်မှ ဥပဒေအကျိုးဆောင်အဖွဲ့တစ်ဖွဲ့၏ပြောဆိုမှုဖြင့် စပိန်မီဒီယာများမှ စတင်ဖော်ပြထားခဲ့ပြီး စပိန်နိုင်ငံ တရားရေးဌာနမှ တစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရပါသည်။

0 comments: