Monday, May 24, 2010

ဆော့ဖ်ဝဲလ်များ တရားမ၀င်ခိုးယူသုံးစွဲမှုကြောင့် ဒေါ်လာ ၅၀ ဘီလျံကျော်ဆုံးရှုံးခဲ့ PDF

ဆော့ဖ်ဝဲလ် တရားမ၀င်ခိုးယူသုံးစွဲမှုကြောင့် နည်းပညာကုမ္ပဏီများသည် ယမန်တစ်နှစ်က ဒေါ်လာ ၅၀ ဘီလျံကျော် ဆုံးရှုံးနစ်နာခဲ့ရကြောင်း ဆော့ဖ်ဝဲလ်လုပ်ငန်း အစီရင်ခံစာတစ်စောင်က မေလ ၁၁ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဉာဏပစ္စည်းမူပိုင်ခွင့်ကို ကာကွယ်ရန် ကြိုးပမ်းမှုများအောင်မြင်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကွန်ပျူတာများသုံးစွဲသော ဆော့ဖ်ဝဲလ်များ၏ ၄၃ ရာခိုင်နှုန်းသည် တရားမ၀င်ခိုးယူသုံးစွဲမှုများဖြစ်ကြောင်း Business software allicance ၏ အစီရင်ခံစာက ဆိုသည်။ ဆော့ဖ်ဝဲလ်များ တရားမ၀င်ခိုးယူသုံးစွဲမှုကြောင့် ဒေါ်လာ ၅၁ ဒသမ ၄ ဘီလျံထိ ဆုံးရှုံးနစ်နာခဲ့ပြီး ထိုအထဲ မှ ၁၆ ဒသမ ၅ ဘီလျံမှာ အာရှပစိဖိတ်ဒေသတွင် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

အာရှပစိဖိတ်ဒေသတွင် သုံးစွဲသော ဆော့ဖ်ဝဲလ်များ၏ ၅၉ ရာခိုင်နှုန်းသည် တရားမ၀င်ဆော့ဖ်ဝဲလ်များဖြစ်ကြောင်း စစ်တမ်းကို ပူးတွဲကောက်ယူခဲ့သော IDC ဒုဥက္ကဋ္ဌ ဗစ်တာလင်က ပြောကြားခဲ့သည်။ အာရှတွင် ဘင်္ဂလားဒေ့ရှ်သည် ဆော့ဖ် ၀ဲလ်တရားမ၀င်ခိုးယူသုံးစွဲမှု အမြင့်မားဆုံးနိုင်ငံဖြစ်သည်။


0 comments: