
နာရေးကူညီမှုအသင်း(ရန်ကုန်)က ပါတီနိုင်ငံရေး လုံးဝမပြုလုပ်ကြောင်း မေလ ၅ ရက်နေ့က ပြုလုပ်သည့် အသင်း၏ အစည်းအဝေး တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အသင်းအနေဖြင့်သော်လည်းကောင်း၊ အသင်းဝင်တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ပါတီတည်ထောင်၍ ရွေးကောက်ပွဲ
ဝင်ခြင်း၊ အခြားပါတီများ တွင် တစ်ဦးချင်း ပါဝင်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းနှင့် မိမိသဘောဖြင့် တစ်သီးပုဂ္ဂလအမတ် အဖြစ် ၀င်ရောက်ရွေးချယ်ခံခြင်း စသည့် ကိစ္စရပ်များအပါအ၀င် ရွေးကောက်ပွဲနှင့်စပ် လျဉ်း၍ လုံးဝ ပါဝင်ပတ်သက် ဆောင်ရွက်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်သည်။
မြန်မာတိုင်းမ်
0 comments:
Post a Comment