

အင်တာနက်တွင် သူမ၏ ၀တ်လစ်စားလစ်ပုံ အတုကို လွှင့်တင်ထားမှုအတွက် အရေးယူ ဆောင်ရွက်ရန် အီမာဝပ်ဆန်က ရှေ့နေအား ညွှန်ကြားထားလိုက်ကြောင်း သိရသည်။ အသက်(၂၀)အရွယ် Harry Potterစတား ရုပ်ရှင်မင်းသမီးလေး၏ အ၀တ်မပါသော ပုံရိပ်များ ထွက်ပေါ်နေသည်ဟု သတင်းများ ပျံ့နှံ့ခဲ့သော်လည်း ထိုပုံများသည် အီမာ၏ ဓာတ်ပုံကို မလျော်မကန် ပြုပြင်ဖန်တီးထားသည့် အတုများသာဖြစ်ကြောင်း သိရသည်။ မင်းသမီး၏ ကိုယ်စားလှယ်အဖွဲ့က ထိုကိစ္စအတွက် အီမာတစ်ယောက် အလွန်ဒေါသထွက်နေပြီး တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားရန် ညွှန်ကြားထားကြောင်း ကြေညာခဲ့သည်။ အီမာ၏ ရှေ့နေတစ်ဦးက “သေချာကြည့်ရင် ခန္ဓာကိုယ်က အရမ်းကြီးနေတာ သိသာပါတယ်။ နောက်ပြီးတော့ မျက်နှာလှည့်ထားတဲ့ ထောင့်ချိုးကလည်း လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ခန္ဓာကိုယ် ဦးလှည့်တဲ့ဖက်နဲ့ဆို အချိုးမကျဘဲ တခြားစီ ဖြစ်နေပါတယ်။ ဒါဟာ အီမာရိုက်ထားတာ လုံးဝမဟုတ်ပါဘူး”ဟု The Sunသတင်းစာသို့ ပြောကြားခဲ့သည်။ အီမာသည် ဗြိတိန်မှ အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ကာ အိုင်ဗီလိဂ် ဘရောင်းတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိသည်။ Vanity Fairမဂ္ဂဇင်း၏ ခန့်မှန်းဖော်ပြချက်အရ ယမန်နှစ်အတွင်း အီမာ၏ ၀င်ငွေသည် ပေါင်စတာလင် သန်း(၂၀)မျှထိ ရှိခဲ့ကြောင်း သိရှိရသည်။
Source: monsterandcritics
0 comments:
Post a Comment