Saturday, May 22, 2010

ဓမ္မတာ (သမရိုးကျ) မဟုတ်သော လိင်ဆက်ဆံမှုများ နှင့် ဆယ်ကျော်သက်များ

စာရေးသူနေသော စမ်းချောင်းရှိ ကန်ထရိုက်တိုက်မှာ ကောင်မလေးတွေ စုငှားထားသော အခန်းတစ်ခန်းရှိသည်။၅ လွှာတွင်နေ ထိုင်သော စာရေးသူနှင့် ဘေးချင်းကပ်လျှက် အနည်းဆုံးကောင်မလေး ၃ယောက်လောက်တော့နေသည်ဟုထင် သည်။ နယ်က ကောင်မလေးတွေမဟုတ်ရန်ကုန် ရှိ ကုမ္ပဏီများတွင် အလုပ်လုပ်နေသော ကောင်မလေးတွေပင်ဖြစ်သည်။ တစ်ခါစကားစပ်မိတုန်းက သူတို့အိမ်များက မြို့သစ်များတွင်ဖြစ်၍ အလုပ်နှင့်နီးရန်သူတို့ သူငယ်ချင်းသုံးဦးစုငှား
ကြသည်ဟု သိရသည်။

ထိုကောင်မလေးတွေ အားလုံး အိမ်ထောင်မ ရှိကြသေး သို့ပေမယ့်ရည်းစားတော့ သုံးဦးစလုံးရှိကြသည်။ တခါတလေ ထိုကောင်မလေးတွေ ချစ်သူရည်းစားနှင့် ဖုန်းပြောနေကြသည်မှာ နာရီပေါင်းများစွာကြာမြင့်သည်။ကောင်မလေးတွေ အသက်က အလွန်ဆုံးရှိမှ နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက် ၀န်းကျင်။

သူတို့ ၏ဘေးခန်းရှိ စာရေးသူ ကဂျာနယ်လစ်ဘ၀ မို့ မိုးလင်းကမိုးချုပ် အိမ်မှာ မရှိတာ များသည်တခါတလေ ဖောင်ပိတ်ရက်ဆိုလျှင် တိုက် မှာ အိပ်ရသည့်ညတွေ လည်းရှိသည်။တခါတလေကျတော့မိတ် ဆွေအယ်ဒီတာ တွေနဲ့ အသောက်များ သွားပြီး အိမ်မပြန်ဖြစ်သည့် ညတွေလဲရှိသည်။

ဆိုတော့ ။တစ်ကိုယ်ရေ တကာယသမားတစ်ယောက်ဖြစ်သည့်ပြင် အိမ်မကပ်သော ကြောင့် စာရေးသူ ၏ အိမ်ဘေးနားမှ မိတ်ဆွေ ကောင်မလေးများ မှာ ပတ်ဝန်းကျင်ကို သိပ်မှုစရာမလိုဘဲလွတ်လပ်ကြသည်။

တစ်နေ့ ……..ညဘက် ဖောင်ပိတ် စီစစ်ရေးတင် အပြီး စာရေးသူ အိမ်သို့ မနက် ဖက်မှပြန်ရောက်လာသည်။ဒီနေ့ တော့ အခွေကြည့်ပြီး ဘယ်မှ မသွားဘဲ အနားယူ အုံးမည်ဟုဆို ကာ တစ်နေ့ ခင်လုံး အိပ်ပစ်ပြီး ည မှောင် ရီ ပျိုးခါနီးမှ နိုးလာခဲ့သည်။

မီးခလုတ်ဖွင့်ကြည့် တော့မီးကမလာသည်မို့  ၀ရန်တာဘက် ထွက်ကာ လမ်းသွားလမ်းလာများကို ကြည့်မည်ဟု ကြံခိုက် ဘေးအိမ်မှ ကောင်မလေးများကလည်း သူတို့ ၏ ၀ရန်တာတွင် ထိုင်ရင်းပြောဆို နေကြသော စကားကြောင့် ခေါင်းနပန်းကြီးသွားခဲ့သည်။သူတို့ ၏ လေသာဆောင်နှင့် စာရေးသူ ၏ လေသာဆောင်မှာ အလယ်သို့ ကပ်၍ တည်ဆောက်ထားသောကြောင့် အုတ်တစ်ချပ်သာခြားသည်။ပြီးတော့ အုတ်ပန်းကွက်များက ပါနေသေး၍ တစ်ဖက်မှ
စကားကို အတိုင်းသားကြားနေရသည်။

အနှီ ကောင်မလေး များကတော့ ဒီအချိန်စာရေးသူ အိမ်မှာမရှိဟု ထင်၍ စကားကို ကျယ်ကျယ် ပြောနေကြခြင်းဖြစ်မည်။ သို့ ပေမယ့် သူတို့ပြောနေသည့် စကားများက တော့စာရေးသူ ကျက်သီးမွေးညင်းပင် ထသည်။

စာရှုသူ အသင်ကတော့ အော် ……မိန်းကလေးတွေ ဆုံမိတော့ မိန်းမတို့ အတွင်းရေး ပြောနေကြတာနေမှာပေါ့ …ဒါမှမဟုတ်ရင် လဲ ဘာရှိအုံးမလဲ လို့ မေးငေါ့ကြ ပါလိမ့်မယ်။စာရေးသူကတော့ ယနေ့ခောတ်လူ ငယ်များရဲ့ စောစီးစွာ လိင်ကိစ္စယဉ်ပါး လာတာလောက် ကို စာတစ်စောင်ပေ တစ်ဖွဲ့ ရေးနေ စရာမလို လောက်တော့ဘူး ဟု ထင်သည်။ ဒီခေတ်ရည်းစားဖြစ်ပြီး သွားကျလျှင် ပထမ ဆုံး နိုက်ကလပ် သွားမည် ဒုတိယအဆင့်ဟိုတယ်သို့သွားကြမည်။ ဘာမှဆန်းပြားသော ကိစ္စ မဟုတ်တော့….သို့ ပေမယ့်  ယခုမိန်းကလေးများ ပြောနေသည့် စကားများက တော့ သူတို့ ရဲ့ ဆန်းပြားသော လိင်ဆက်ဆံမှု အတွေ့ အကြုံများ ………

ကောင်မလေးတစ် ယောက်က ပြောနေသည့် စကားထဲတွင် သူရည်းစား နှင့် ညဖက်အတူသွားအိပ်ရာ သူရည်းစားက တောင်းဆိုသောကြောင့် ဓမ္မတာတိုင်း မဟုတ်သော လိင်ဆက်ဆံမှုကို လိုက်လျှောခဲ့သည်ဟု ဆိုသည်။အဲဒီ အကျိုးဆက်ကြောင့် အခု အညစ်အကြေးစွန့်ထုတ်ရာလမ်းကြောင်းတွင် နာနေသည်ဟု ဆိုသည်။

ပထမ ကောင်မလေး ၏ ပြောစကားကိုထောက်၍ ဒုတိယ ကောင်မလေးပြော သည့်သဘောထားကတော့ သူတို့ သမီးရည်းစားနှစ် ယောက် ဆို လျှင် ထိုနည်းကို အရမ်းကြိုက်ကြောင်း ကိုယ်ဝန်ရမှာလည်း မပူရကြောင်း သမရိုးကျ လိင်ဆက်ဆံခြင်းထက် ပို၍ အာရုံကို ထိရှကြောင်း နာလည်းခဏ သာဖြစ်ကြောင်း သူ့ အတွေ့ အကြုံကို ဖောက်သည်ချသည်။

တတိယ ကောင်မလေးကတော့ သူမကြခင် လက်ထပ်တော့မည့်ချစ်သူနှင့် ထိုကဲ့သို့ လိင်ဆက်ဆံ သည့် နည်းကို မသုံးဖူးသေး သော်လည်း တခြားနည်းများစွာကို သုံးဖူးကြောင်းသို့ပေ မယ့် လက်ထပ်ပြီးလျှင် တော့ ထိုနည်းကို သုံးမှာ ဖြစ်ကြောင်းစသည်ဖြင့် သူတို့ ပြောသမျှတို့ ကို စာရေးသူ အတိုင်းသားကြားနေရသည်။

ဝါသနာပါ၍ စာပေများကို အပတ်တကုတ် ရေးသားနေ သည့် စာရေးသူ မှာ ဆရာဝန်တစ်ဦးလည်း ဖြစ်သော ကြောင့် ကောင်မလေး တွေရဲ့ တံခါးကို သွားခေါက်ပြီးအကြံပေးလိုက်ချင်ပါသည်။သို့ ပေသော်လည်း သူများပြောစကားကို ခိုးနားထောင် ခဲ့သောသူ မို့ ထိုစိတ်ကိုပြန်မျိုချထားခဲ့ရသည်။

စာရေးသူတို့ ဆေးကျောင်းသား ဘ၀ဖြင့် ဆေးတက္ကသိုလ် တွင် ပညာ သင်ယူစဉ် ဆရာကြီးဒေါက်တာကျော်လှ က ဖို-မ လိင်ဆက်ဆံခြင်း နှင့် ဆေးပညာတွင် ဆရာကြီးအခေါ် နောက်ဖေးပေါက်မှ လိင်ဆက်ဆံခြင်း၏ ကောင်းကျိုး-ဆိုးပြစ်များကိုပါသင်ကြားပေးခဲ့သည်။

ဆရာကြီးက ကောင်းကျိုးမှာတစ်ခုတည်းရှိ ကြောင်း အလွန်အမင်း တဏှာ ရာဂ ကြီးသောသူများ အတွက် သမရိုးကျ နည်းထက် ပို လို့ ကောင်းသည်။ဆိုးပြစ် ကတော့မိန်းကလေးများမှာ ပိုဖြစ်တတ်ပြီး စအို ကင်ဆာ၊ စအို ၀ ဂရင်ဂျီနာ ၊မစင်စွန့် ထုတ်ရာမှာ အခက်အခဲ ရှိလာတဲ့အလာဂျစ် မှိုရောဂါတို့ ဖြစ်တတ်ကြောင်းကို ရှင်းပြခဲ့ပါတယ် ။ဆက် ပြီးတော့ ဆရာကြီးက ဒီရောဂါတွေ ရဲ့ အကျိုးဆက် က ရောဂါဖြစ်သူ တွေ (ကာယကံရှင်တွေ) ရဲ့ ထက်ဝက် လောက်က ဒီရောဂါ ကို တတ်ကျွမ်းတဲ့ သမားတော် တွေ နဲ့ ပြသရမှာ ရှက်ကြောက်ပြီး ဆေးမှီတို တွေနဲ့ ကုရာကနေ မလိုလားအပ်တာတွေ ဖြစ်ကြပြီး အသက်ပါ ဆုံးရှုံးသွားတဲ့ ထိဖြစ် တတ်ကြောင်းတို့ကိုရှင်းပြခဲ့ ပါတယ်။နောက် ပါမောက္ခ အက်ဖရက် ကင်းဆေးရဲ့ ထိုရောဂါနှင့် ပတ်သက်ပြီးလေ့လာချက်တွေ။

ဒီရောဂါနဲ့ ပတ်သက် ပြီးစာရေးသူ ကိုယ်တွေ့ ကတော့ နယ်မြို့ တစ်ခုမှာ စာရေးသူဆေးခန်းလေးဖွင့် နေတုန်း အသက် ၄၀ ခန့် အရွယ်အမျိုးသမီးတစ်ဦးရောက်ရှိလာသည်။သူ ရောဂါအကြောင်းပြောပြပြီး ဖြစ်ကြောင်းကုန်စင် ကို ပြောပြတော့ သူတို့မြို့မှာ အမျိုးသမီးဆရာဝန် မရှိသောကြောင့် သူ့ ရောဂါကို ဘယ်သူမှ ဖွင့်ဟ တိုင်ပင် ခြင်းမပြုခဲ့ ကြောင်း ယခု ရောဂါအတော် ကျွမ်း
လာတော့မှ သာလျှင် သူ ကျွန်တော် ဆီ ရှက်ရှက် နှင့် အရဲစွန့် လာခဲ့ကြောင်းတို့ ကိုပြောပြသည်။

သူမ၏ ရောဂါက ဆရာကြီးပြောခဲ့သလို သမရိုးကျ မဟုတ်သော လိင်ဆက်ဆံခြင်း STDs (Sexually Transmitted Diseases )ကြောင့် ရရှိသော ရောဂါပင် ဖြစ်သည်။ ရောဂါကအတော် ကျွမ်းနေပြီဖြစ်ပြီး ပါပီလိုမာ အမျိုးအစားဘက်တီရီယား တစ်မျိုးလည်းစွဲ ကပ်နေသည်ကို တွေ့ ရသည်။ရောဂါက Chlamydia သို့ မဟုတ် စအိုဝ ဂရင်ဂျီနာ ကဲ့သို့ သော Genital Herpes ရောဂါမျိုးဖြစ်သည်။

သူကတော့ ဆေးမြီးတို တွေ နဲ့ လည်း ကု သလို ပင်နယ်ဆလင် ငါးသိန်းအားကို လည်းသောက်သည်ဟု ဆိုသည်။ သူမသောက်သော ဆေးတွေ နှင့် ဖြစ်နေသောရောဂါက လာ:လားမှ မဆိုင်။စာရေးသူလည်း လည်း နယ်မြို့ လေးရှိဆရာဝန်ဖြစ်သောကြောင့် သူမရောဂါအတွက် လိုအပ်သည့် ဆေးဝါးမစုံလင်၍ ရန်ကုန် မြို့ ရှိ အမျိုးသမီးဆရာဝန် ထံသို့ သွား ရောက်ပြသရန်ပါစာရေးပြီး ညွှန်ပေးလိုက်သည်။

ဒီလို နှင့် ..စာရေးသူ လည်း ထို ကိစ္စကို မေ့မေ့ ပျောက်ပျောက် ဖြစ်သွားခဲ့သည်။နောက် ခြောက်လလောက်ကြာတော့ ဆေးခန်းလာပြစဉ် အချိန်က သူ နှင့် အတူ ပါလာသော မိတ်ဆွေ တစ်ယောက် နှင့် ဆုံဖြစ်သည်၊ ကြားရသည့် သတင်း ကထို ရောဂါ ဖြင့် ပင် အဆိုပါအမျိုးသမီးသေဆုံး သွားပြီ ဆိုသည့် သတင်းဖြစ်သည်။

ဓမ္မာတာ မဟုတ်ပဲ လိင် ဆက်ဆံခြင်း နှင့် ပတ်သက်၍ အမေရိကန် အမျိုးသား ကျန်းမာရေး အသင်းကြီးက သု တေသ နလုပ်ထားခြင်း များရှိ သလို အခြားအဖွဲ့ အစည်းများနှင့် ပေါင်း၍ပညာပေး ဆောင်ရွက် မှုများလည်းရှိသည်။ စာရေးသူ တို့  နိုင်ငံတွင် တော့ ထိုသို့ ဓမ္မတာ မဟုတ်သော လိင် ဆက်ဆံ ခြင်းများနှင့် ပတ်သက်၍ တိတိ ကျကျ ပြောရလျှင် ပညာပေးမှု မရှိသေးသည် ကို တွေ့ရသည်။

အမေရိကန်တွင် လိင်ဆက်ဆံမှု ပြုသည့် အကြိမ် ၁၀၀ တိုင်းတွင် အကြိမ် ၄၀ က ထိုသို့ ဓမ္မတာမဟုတ်သော လိင်ဆက် ဆံမှု ကို ပြုကြသည် ဟုဆို သည်။ပြင်သစ် တွင် တော့ အမျိုးသမီး ၁၀၀၀ ကျော် ကို စစ်တမ်းထုတ်ကြည့် ရာ ၈၀၀ ကျော်က ထိုကဲ့သို့  သမရိုး ကျ မဟုတ်သောလိင်ဆက်ဆံမှုမျိုးနှင့် ကြုံ ဖူးကာ ၄၀၀ ကျော် က ထိုနည်း ကို ကြိုက်သည် ဟုဆိုသည်။

သူတို့ နိုင်ငံ များတွင် လည်း ထိုသို့  လိင် ဆက် ဆံခြင်း နှင့် ပတ်သက်၍ ဘေးထွက် ဆိုးကျိုးရောဂါ ဘယများဖြစ်လာ၍ အစိုးရ ကိုယ်တိုင် က ပညာပေး စောင့် ရှောက် မှုများထို နည်းလမ်းကို နှစ်သက် သူများအတွက် လည်း ဆောင်ရန်၊ရှောင်ရန် နည်းလမ်းများကိုပညာပေးလှုံဆော် မှုများ ကျယ်ကျယ်ပြန့် ပြန့် ပြုလုပ်မှုများ ရှိလာခဲ့သည်။

စာရေးသူ အနေဖြင့် လည်း ထို ကဲ့သို့ ပညာပေး စောင့်ရှောက်မှု များကို နိုင်ငံတွင်းရှိ မိန်းကလေးယောင်္ကျားကလေး များသိအောင် awareness လုပ်ပေးစေချင်သည်။ဥပမာ အားဖြင့် စာရေးသူအိမ်ဘေးမှ မိန်ကလေးများသည် ဓမ္မတာမဟုတ်သော လိင် ဆက်ဆံခြင်း ၏ ဆိုးပြစ်များကို မသိသေး၊ ခေတ်ကပြောင်း သွားပြီ မို့ မလုပ်ပါနှင့် ဟု သွားပြော၍ မရ ၊သူ တို့ ကို ပညာပေးလှုံဆော်နိုင်လျှင်တော့ ဘယ်လို နည်းလမ်းဖြင့်  မိမိ ၏ ကျန်းမာရေး ကိုမစိုး ရိမ်ရပဲ အကောင်းဆုံး အာရုံခံစား နိုင်မည်ကို သိရှိထား နိုင်ပေလိမ့်မည်။

စာရေးသူ နယ်မြို့ တွင် ဆရာဝန် တစ်ယောက် အဖြစ် အသက် မွေးဝမ်းကျောင်းပြုနေစဉ် ကသေဆုံးခဲ့ ရသည့် အမျိုးသမီးသည် ထို ကိစ္စ နှင့် ပညာပေး စောင့်ရှောက်မှုများ မရှိသေး၍ထိုအဖြစ်ဆိုးမျိုးကြုံ ရခြင်းဖြစ်သည်။

စာရေးသူ၏ သဘောကတော့ တားဆီးလို့ ရသည်မှာ မဟုတ်တာ မဖြစ်သင့်တာ မဖြစ်ရအောင်ပညာပေးကျရုံ သတိရှိကျဖို့ ဆော်အော ကျရုံသာရှိတော့သည်။
လွတ်လပ်သော သတင်းမီဒီယာ မှကူးယူဖေါ်ပြသည်

0 comments: