Wednesday, May 19, 2010

Office 2010 ကို Microsoft မှ စတင်ဖြန့်ချီ


ဆန်ဖရန်စစ်စကို – May 12, 2010

ဆော့ဝဲ ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်သော Microsoft ကော်ပရေးရှင်းသည် ၎င်း၏ နာမည်ကျော် ရုံးလုပ်ငန်းအသုံးချ ဆော့ဝဲများ၏ နောက်ဆုံးထုတ် version ဖြစ်သော Office 2010 ကို တစ်ကမ္ဘာလုံးရှိ အသုံးပြုသူများထံသို့ လုပ်ငန်းသုံးအဖြစ် ဗုဒ္ဓဟူးနေ့က စတင်ဖြန့်ချီလိုက်ပြီ ဖြစ်သည်။
ထို့အပြင် ဝဘ်အခြေပြု ပေါင်းစည်းလုပ်ဆောင်မှု ဆော့ဝဲတစ်ခုဖြစ်သော Microsoft SharePoint 2010 ကိုလည်းကောင်း ၎င်း၏ ပုံကြမ်းဆွဲ ဆော့ဝဲ နှင့် Project စီမံခန့်ခွဲမှု ဆော့ဝဲ တို့၏ 2010 version များကိုလည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရရှိနိုင်ပြီဟု ဆော့ဝဲ အင်အားကြီး ကုမ္ပဏီကြီးဖြစ်သော Microsoft က ကြေငြာခဲ့သည်။

“Office 2010 နဲ့ SharePoint 2010 တို့ကို ကုန်ထုတ်လုပ်မှုများ၏ အနာဂတ် လို့ သတ်မှတ်ထားပါတယ်။ ဒီ ၂၀၁၀ ထုတ် ဆော့ဝဲတွေနဲ့ ကုမ္ပဏီ/အဖွဲ့အစည်းတွေဟာ ကွန်ပျူတာရယ် တယ်လီဖုန်းရယ် ဘရောက်ဇာတွေရယ်ကို အပြန်အလှန် အသုံးပြုပြီး အလုပ်လုပ်ကိုင်နိုင်တဲ့ တိုးတက်မှုနဲ့အတူ ဆန်းသစ်ပြောင်းလဲခြင်း အကျိုးကျေးဇူးကို ခံစားရမှာပါ” ဟု Microsoft ၏ ကူးသန်းရောင်းဝယ်ရေး ဌာန ဥက္ကဋ္ဌ Stephen Elop ကပြောကြားပါသည်။

Office 2010 စတင်ဖြန့်ဖြူးခြင်း နှင့်အတူ အသုံးပြုသူများကို အွန်လိုင်းပေါ်မှာပင် အလွယ်တကူ အသုံးပြုနိုင်မည့် Office Web Apps ဟု အမည်ပေးထားသော Word ၊ Excel ၊ PowerPoint နှင့် OneNote တို့၏ ဝဘ်အခြေပြု versions ကိုလည်း စတင် မိတ်ဆက်လိုက်ပြီ်ဖြစ်သည်။ Microsoft ၏ Office Web Apps သည် Google ၏ နာမည်ရပြီးဖြစ်သော Google Docs ၊ Presentation ၊ Spreadsheet ဟူသော ဝဘ်အခြေပြု အသုံးချ ဆော့ဝဲများအတွက် Microsoft က ပေးလိုက်သော အဖြေဖြစ်လိမ့်မည်ဟူ ယူဆသည်။

0 comments: