
အသက် ၁၃ နှစ်အရွယ်ရှိ အငယ်ဆုံး တောင်တက်သမားလေး ဂျော်ဒန်ရိုမီယို (Jordan Romero) သည် ပြီးခဲ့သော မေလ ၂၂ ရက်နေ့က ကမ္ဘာ့အမြင့်ဆုံး ထောင်ထွဋ်ဖြစ်သော ဧဝရက်တောင်ကို တက်ရောက်နိုင်ခဲ့ရာ တောင်ထိပ်မှ အမေရိကန် ကယ်လီဖိုးနီးယားရှိ မိခင်ဖြစ်သူကို ဂြိုလ်တုဖုန်းဖြင့် စကားပြောခဲ့သည်။

‘မေမေ.. ကျွန်တော် ကမ္ဘာကြီးရဲ့ ထိပ်ဆုံးနေရာကနေ မေမေ့ကို စကားပြောနေတယ်’ ဟုပြောခဲ့ကြောင်း သားဖြစ်သူ၏ လုပ်ဆောင်ချက်များကို ဂြိုလ်တုစနစ်သုံး တည်နေရာပြ စနစ် (GPS) ကိုအသုံးပြုပြီး စောင့်ကြည့်နေလေ့ရှိသော ကယ်လီဖိုးနီးယားရှိ မိခင်က ပြောကြားပါသည်။နီပေါနိုင်ငံရှိ ပင်လယ် ရေမျက်နှာပြင် အထက် ပေပေါင်း ၂၉,၀၃၅ ပေ မြင့်သော ကမ္ဘာ့အမြင့်ဆုံး ဧဝရက် ထောင်ထွဋ် ကို တက်ရောက်ပြီးနောက် ဂျော်ဒန်ရိုမီယို သည် တိုက်ကြီး ၇ တိုက်လုံးရှိ အမြင့်ဆုံးတောင်များကို တက်နိုင်ခဲ့သည့် လူတစ်ယောက် အဖြစ် စာရင်းဝင်ပြီဟု သိရသည်။ သူ၏ ဧဝရက် တောင်တက်ခရီး စတင်စဉ်ကပင် “ကျွန်တော် ကလေးဘဝထဲက တစ်နေ့မှာ ကမ္ဘာကြီးရဲ့ အမြင့်ဆုံးနေရာမှာ ခြေချနိုင်မယ်လို့ စိတ်ကူးအိပ်မက် မက်ခဲ့တာပါ” ဟု အီးမေလ်းတစ်စောင်တွင် ရေးသားခဲ့သေးသည်။
မြို့တော် ပုသိမ်မှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment