
Apple iPad နှင့် အခြား ကွန်ပျူတာပစ္စည်းများ ထုပ်လုပ်ပေးသော Foxconn ၏ ဆန်ကျန်း (Shenzhen) ဒေသရှိ စက်ရုံအတွင်း မေလ ၂၆ ရက် ဗုဒ္ဓဟူးနေ့ ညက ဝန်ထမ်းတစ်ဦး ထပ်မံ သတ်သေခဲ့ရာ ယခုနှစ်အတွင်း Foxconn စက်ရုံတွင် ဆက်တိုက် ဝန်ထမ်းသတ်သေမှုများ အနက် ၁၂ ဦးမြောက် အထိရှိလာပြီ ဖြစ်သည်။
ဆန်ကျန်း မြို့တော် ပြည့်သူ့လုံခြုံရေးဌာနက သေဆုံးသွားသော အမျိုးသားသည် အသက် ၂၃ နှစ်အရွယ် လူလွတ်တစ်ဦးဖြစ်ကာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Gansu ဒေသမှဖြစ်ကြောင်း ပြီးခဲ့သောနှစ် ဇွန်လ ၁၈ ရက်နေ့က ဤစက်ရုံသို့ အလုပ်ဝင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။
ဗုဒ္ဓဟူးနေ့ ညပိုင်း ၁၁နာရီ ၂၀ ဝန်းကျင်တွင် သတင်းရရခြင်း Yousong ရဲစခန်းမှ ရဲများစက်ရုံသို့ သွားရောက်ခဲ့ရာ စက်ရုံရှိ ဝန်ထမ်းအိမ်ရာ အဆောင်အမှတ် C2 ၏ (၇)ထပ်မြောက်မှ လူတစ်ဦး ခုန်ချလာသည်ကို တွေ့မြင်ခဲ့ရကြောင်း မျက်မြင်သက်သေများက ဆိုသည်။

Foxconn ကုမ္ပဏီ ဥက္ကဋ္ဌ Terry Gou
Foxconn ကုမ္ပဏီ ဥက္ကဋ္ဌ Terry Gou က ကုမ္ပဏီ၏ စက်ရုံသည် ချွေးတပ်စခန်းကဲ့သို့ အလုပ်သမားများကို မဝရေစာ ပေး၍ခိုင်းသည့် စီးပွားရေး လုပ်ငန်းဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ “ကျွန်တော်တို့ ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ စကားနဲ့ ပြောရတာ မထိရောက် ပါဘူး။ ကျွန်တော်တို့ အလုပ်နဲ့ သက်သေပြမှာပါ။ ကုမ္ပဏီက ချွေးတပ်စခန်းလို လုံးဝ မဟုတ်ဘူး ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ ဝန်ထမ်း ၈ သိန်းကျော် ရှိပါတယ်။ သူတို့နဲ့ ပါတ်သက်ပြီး နေ့စဉ်နဲ့ အမျှ လုပ်ဆောင်ဖွယ်ရာတွေ အများကြီးပါဘဲ” ဟု Foxconn ကုမ္ပဏီ ဥက္ကဋ္ဌ Terry Gou က ပြောကြားပါသည်။
ယခုသေဆုံးခဲ့သော ဝန်ထမ်းသည် ဇန်နဝါရီလမှ ဆက်တိုက်ဖြစ်ပွားခဲ့သော ဝန်ထမ်းများ သေကြောင်းကြံစည်မှု ၁၂ ခုအနက် ၁၀ ဦးမြောက် သေဆုံးသူဖြစ်သည်။ Foxconn စက်ရုံတွင် ဝန်ထမ်းအိမ်ရာ အဆောက်အဦးပေါ်မှာ ခုန်ချ၍ မိမိကိုယ်ကို သေကြောင်းကြံစည် ၁၂ ခုအနက် ဝန်ထမ်း ၂ ဦးမှာ အသက်မသေဘဲ ထိခိုက်ဒဏ်ရာသာ ရရှိခဲ့သည်။
0 comments:
Post a Comment