
ဝက်ဘ်ဆိုက်များရှိ အတုအယောင် antivirus များအတွင်း malware များ ပါဝင်လာမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်းခန့်ရှိပြီး ၎င်းဟာ ဆော့ဖ်ဝဲများအားနည်းချက်များမှတဆင့် ၀င်ရောက်တိုက်ခိုက်ကြောင်း Google မှထုတ်ပြန်ပြောဆိုချက်အရ သိရှိရပါတယ်။ အတုအယောင် antivirus များဟာ သတိပေးချက်အမှားများကို ထုတ်ဖော်ပြသပြီး ကွန်ပျူတာအသုံးပြုသူထံမှ ငွေကြေးများလိမ်လည်ရ ယူလျက်ရှိကြောင်း သုတေသီများ၏ စစ်ဆေးတွေ့ရှိချက်အရ သိရှိရပါတယ်။ ထို့နောက် antivirus အတုများဟာ ကြော်ငြာများမှတဆင့် malware များဝင်ရောက်စေရန် လုပ်ဆောင်လျက်ရှိတာကြောင့် ကြော်ငြာရှင်များနှင့် ကြော်ငြာ network များအနေဖြင့် အထူးသတိထားရန်လိုအပ်ကြောင်း Google မှပြောကြားခဲ့ပါတယ်။ Google မှလေ့လာတွေ့ရှိချက်အရ domain 11000 နှင့် ၀က်ဘ် စာမျက်နှာပေါင်း ၂၄၀ သန်းခန့်အတွင်း အတုအယောင် antivirus များ ပါဝင်လျက်ရှိကြောင်း သိရှိရပါတယ်။
0 comments:
Post a Comment