Wednesday, January 19, 2011

မှတ်မှတ်ရရ 22222


ဘာရယ်တော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ကြည့် ၊ ကိုယ့်ဘာသာ ပီတိဖြစ်မိလို့.. အမှတ်တရပေါ့..

ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်ဆိုတော့ မှတ်ထားလိုက်တာပါ။


သြော... မေ့နေ့လိုက်တာ... ဒီနေ့ အမေများနေ့ပဲ။

မွေးဖွားလာစကတည်းက ရင်မှဖြစ်သော သွေးကို မေတ္တာစွမ်းဖြင့် နို့ချို အဖြစ် တိုက်ကျွေးခဲ့သောအမေ။ မှက်၊ခြင်၊ယင် ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပြီး ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ်မှ ယနေ့အထိ ကျွန်တော့အပေါ် မေတ္တာတရားကြီးမားခဲ့သော အမေ။ အမေ့ကို သတိရလိုက်တာ.။ အမေ နေကောင်းရဲ့လား။
အမေ့ရင်ခွင် ခေါင်းဝင် ချွဲနွဲ့လိုက်ချင်သော်လည်း အဝေးမှာနေ ဆွေးနေသူမို့... အမေ ဂရုစိုက်ပါအမေ။ မေ့တတ်လွန်းသူတွေအတွက် မမေ့အောင်များ သတ်မှတ်ပေးထားသလားတော့ မသိပါဘူးအမေ.။ ကျွန်တော်ကတော့ အမေ့ကို နေ့စဉ် သတိရနေသူမို့ အမေနေ့ဆိုတာကြီးမှတ်မထားမိပါဘူး အမေ။အမေဆိုတာ ၃၆၅ ရက်မှာမှ တစ်ရက်လောက် သတိရသင့်တာမျိုးမှ မဟုတ်ပဲ အမေ။ အမေ ပြုစုခဲ့လို့ ကိုယ်လက်အင်္ဂါ အကောင်းအတိုင်း လူဘ၀မှာ ရပ်တည်နေနိုင်တာအမေ။ အမေပြုစု ခဲ့လို့ အခုထိတိုင် ရှင်သန်ဆဲပဲအမေ...။ ဘ၀ခါးကို ချိုမြိန်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အဝေးမှာ ၀မ်းကျောင်းနေရပေမယ့် အမေ့ရင်ခွင် ခေါင်းဝှေ့ဝင်ဖို့ မျှော်မှန်းလျှက်ပါအမေ။ ဒီနေ့ ရေဒီယို နားထောင်နေရင်း ဘဘ ဦးသုခရဲ့ ဟောပြောနေတာလေး ကြားလိုက်ရတယ် “အမေ... အမေဟာ ကျွန်တော့်ရှေ့မှာ ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ အမေဟာ အမေပါပဲ အမေ” တဲ့...။ ကဲ နှလုံးသားကို တွန်းတိုက်လွန်းတဲ့ စကား။ အမေရော သားကိုလွမ်းနေမလား။ သားကျန်းမာလျှက်ပဲ အမေ.. အမေလဲ ကျန်းမာရေးကို ဂရုစိုက်ပါ။ အခွင့်ရတာနဲ့ အမေရင်ခွင် ပြေးဝင်နိုင်ဖို့ မျှော်လင့်နေဆဲပါအမေ။ ဘယ်သူတွေများ ဘာတွေပြောနေကြသလဲလို့ သားခြေရှုပ်နေတဲ့ ရပ်ကွက်ထဲ မွှေနောက်မိတော့လဲ ထူးထူးခြားခြား မတွေ့ရဘူး အမေ။ ဒီနေ့ အမေနေ့ဆိုတာ ဟုတ်ရဲ့လား။ သေချာပါတယ် ဒီနေ့ဟာ အမေကို သတိရနေတယ်.. အသက်ရှူနေသေးတယ် ဆိုတော့ ဒီနေ့အမေနေပေါ့အမေ။ နေရာအသီးသီးမှာ ကိုယ်စီသတ်မှတ်ထားတဲ့ အမေနေ့များထဲမှ၊ အမေ့ကို သတိရနေသော နေ့များထဲမှ အမေနေ့ တစ်နေ့ပေါ့အမေ။


အမေ့ကိုလွမ်းသော
အဝေးရောက်သားမိုက်။


1 comments:

...အလင်းစက်များ said...

ဟိုးနေ့ က ကျနော်လဲ ၁၁၁၁၁ ဖြစ်မဲ့ချိန်စောင့်လိုက်သေးတယ်.. ဒါမယ့် ၁၁၁၁၂ နဲ့ ပဲ သွားတွေ့ လိုက်၇တယ်... ဒါတော့ တတ်နိုင်ဘူးပေါ့ဗျာ....