Tuesday, January 4, 2011

သင်္ဘောသား ဖြစ်ခွင့်အတွက် တက်ရောက်ရမည့် 4 Tickets သင်တန်းဖွင့်လှစ် သင်ကြားခွင့်အား ပုဂ္ဂလိကသို့ ဖွင့်လှစ်ခွင့် ပေးမည်ဟု သိရ

သင်္ဘောသား ဖြစ်ခွင့်အတွက် မဖြစ်မနေတက်ရောက်ရမည့် 4 Tickets သင်တန်းဖွင့်လှစ်သင်ကြားခွင့်အား Pre-Sea သင်တန်းကဲ့သို့ ပုဂ္ဂလိကအား ဖွင့်လှစ်ခွင့်ပေးသွားမည် ဖြစ်ကြောင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

သင်္ဘောသား ဖြစ်လိုသူတိုင်း appointment ကြိုတင်ဝယ်ယူရန် မလိုတော့ဘဲ သင်္ဘောသားဖြစ်ခွင့် ယခင်ကထက် အလွယ်တကူရရှိနိုင်မည့် စနစ်သစ်သို့ ပြောင်းလဲပြီး နောက်ပိုင်း သင်္ဘောသားဖြစ်ရန် မဖြစ်မနေ တက်ရောက်ရမည့် 4 Tickets နှင့် Pre-Sea သင်တန်းများအား မြန်မာနိုင်ငံရေကြောင်းပညာ ကောလိပ်တွင် ဦးစွာစတင်ဖွင့်လှစ်ခဲ့သည် ဟု သိရသည်။ ယင်းနောက် ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း က Pre-Sea သင်တန်းအား ရေကြောင်းညွှန် ကြားမှုဦးစီးဌာန၏ စီမံခန့်ခွဲကြီးကြပ်ကွပ်ကဲမှုဖြင့် ပုဂ္ဂလိကအသင်း အဖွဲ့ သုံးခုနှင့် သင်္ဘောကုမ္ပဏီတစ်ခု တို့အား ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

"အခုလို 4 Tickets သင်တန်းကို Pre-Sea လိုပဲဌာနရဲ့ အသိအမှတ်ပြု အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေကို ဖွင့်ခွင့်ပေးတော့မှာ ဖြစ်တဲ့အတွက် စနစ်သစ်မှာ BEST စာမေးပွဲအောင်ပြီး 4Tickets တက်ဖို့အချိန်အကြာကြီး စောင့်နေရတဲ့သူတွေ အဆင်ပြေသွားတော့မှာပါ။ လက်ရှိအချိန်မှာ Pre-Sea သင်တန်း ဖွင့်ခွင့်ရထားတဲ့ အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေက 4Tickets သင်တန်းကို ဦးစားပေး ဖွင့်ခွင့်ရမယ်လို့ ကြားပါတယ်" ဟု သင်္ဘောသား အသိုင်းအ၀ိုင်းနှင့် နီးစပ်သူကဆိုသည်။

လက်ရှိအချိန်တွင် သင်္ဘောသားဖြစ်ခွင့် စနစ်သစ်၌ BEST စာမေးပွဲအောင်ပြီး 4Tickets သင်တန်းတက်ရောက်ရန် စောင့်ဆိုင်းနေသူ ဦးရေ ၂၀၀၀ ကျော်ရှိကြောင်းလည်း စုံစမ်းသိရှိရပါသည်။

http://www.news-eleven.com/

0 comments: