Friday, January 14, 2011

အရူးလွယ်အိတ်




ကဲ လာပါပြီ.. တစ်ကယ် “ အရူးလွယ်အိတ်” အရူးတစ်ယောက်ရဲ့ လွယ်အိတ်အတိုင်းပါပဲ..။ စုံစီနဖာ အကုန်ပါ။
တစ်ကယ်တော့မအားသေးပါဘူး။ ဒါပေမယ့်လည်း မြောင်မျိုးကို ခင်တယ်..အကြွေးလိုလဲဖြစ်နေမှာစိုးတယ်။ အလုပ်အကြွေးတွေကလဲ ပုံနေတာ။ သူငယ်ချင်းတွေကိုလည်း အကြွေးထပ်တင်နေမှာစိုးတယ်.။ မရေးပေးမိမှာလဲ စိုးရိမ်နေမိလို့။ မြောင်မျိုးက ကျွန်တော့်အတွင်း ပစ္စည်းတွေကို မြင်ချင်တယ် ဆိုလို့...အဲဟုတ်ပါဘူး။ ကျွန်တော့်အိတ်အတွင်းထဲမှာ ဘာတွေ ရှိလိုဆိုတာသိချင်လို့တဲ့။ ဒါကြောင့်မို့ ဦးမြစ်တို့ တဂ်ပို့စ်ရှောင်သကိုး.. ဟဲဟဲ။


ကလေးဘ၀ ကိုးနှစ်သား ဆယ်နှစ်သားလောက်ကတည်းက လွယ်အိတ် အနီအနက် အစင်းကြားတစ်လုံးကို စလွယ်သိုင်းပြီး ပလတ်စတစ်အရုပ်တွေနဲ့ ကျောက်ဒိုးတစ်လုံး လွယ်အိတ်ထဲထည့်ပြီး နံနက်ခင်းစာ စားပြီးကတည်းက ရပ်တကာလည် ၊ ရွာရိုးကိုးပေါက် လျှောက်ပြီး အရုပ်ပစ်တိုင်းကစားတယ်။ ထမင်းစားချိန်ပြန်လာပြီး နေ့လည်တစ်ကြော့ပြန်ထွက်၊ ညနေပြန်လာတော့ လွယ်အိတ်ထဲမှာ အရုပ်တွေဖောင်းနေတာပဲ။ အဲဒါတွေကို နောက်နေ့ပြန်ရောင်း ထမင်းစားလောက်တဲ့ ပိုက်ဆံကလေးများ ရပြီဆိုပါက လမ်းမှာဝယ်စား။ ပြီးရင် ဆက်ကစား .... ကဲ ဘယ်လောက်အဆင်ပြေသလဲ။ လွယ်အိတ်တန်ခိုး လဲ ပါသပေါ့လေ.. နို့ ဒီလောက်အရုပ်တွေအများကြီးနဲ့..။

ငယ်ငယ်ကတည်းက လွယ်အိတ်ကို အပြင်သွားတိုင်းလွယ်တယ်။အထက်တန်းကျောင်းသားဘ၀ ရောက်လာ တော့ ကချင်လွယ်အိတ်သေးသေးလေးထဲ စာအုပ် သုံးအုပ်လောက်ပဲထည့်ပြီးကျောင်းသွားတယ်။ ထမင်းချိုင့် ရေဘူးမယူရင်သာနေ ဟန်ဆောင်ပန်ဆောင် လွယ်အိတ်သေးသေးလေးလွယ်ပြီး တက္ကသိုလ် ကျောင်းသား စတိုင်လ်နဲ့ ။ အဲတုန်းကလည်း စီးကရက်တစ်ခိုးနဲ့ သက်တမ်းတစ်ဝက်ကျိုးတဲ့ ရုပ်နဲ့ကိုး...။

နောက်ကျောင်းပြီးသွားတော့ လွယ်အိတ်ကလေးတစ်လုံးအမြဲလွယ်ထားတယ်.၊ ကိုးသုံးလုံးဆိုတာ စက္ကူပြားတွေဆိုပေမယ့် မြင်ရင် မိုးလုံလေလုံထဲ ရောက်တတ် သကိုးဗျ။ တက္ကသိုလ်နယ်မြေဆိုတာ မိုးယံတို့အတွက် ၀ိုင်းကောင်းရာလို ဖြစ်နေသပေါ့။ မလေးရှားပိတောက် ပင်ရိပ်အောက် သစ်ရွက်ခြောက်တွေပေါ်မှာ ဘုရင်တွေ ဘုရင်မ တွေနဲ့ပေါ့။

အသက်ကလေးက လူလတ်ပိုင်းရောက်လာတော့ ရုံးသွားရုံးပြန် လွယ်အိတ်လေးနဲ့ပဲ။ တိုလီမိုလီ အကုန်ပါ ထိုလွယ်အိတ်ထဲမှာ။ ဘောလ်ပန် စာရွက်စာတမ်း ၊ သော့၊ တစ်ရှူး၊ ဘာညာ စမာကလာတွေရောပေါ့။

အခုတော့လည်း နိုင်ငံရပ်ခြားရောက်လာပေမယ့် ရန်ကုန်က အိတ်အဟောင်းလေးက ပါလာသေး။အဲဒီ အိတ်အစိမ်းလေးထဲ တိုလီမိုလီ အကုန်ထည့် ။ သူငယ်ချင်းတွေနဲ့ တွေ့ ဟိုဟိုဒီဒီ သွားတယ်ပေါ့လေ။ အိတ်တစ်လုံးဆောင်ထားတယ်ဆိုတော့လည်း လမ်းတွေ့တာ အကုန်ကောက်ထည့်... အဲ ၀ယ်ခြမ်းထားတာ လေးတွေ နဲ့ စတိုင်လ်မပျက်အောင် ထည့်သိုပြီး လွယ်သွားလို့ ရတယ်ပေါ့လေ။ကဲကဲ...လေက ရှည်နေတာနဲ့ အရူးလွယ်အိတ် ရှင်းတမ်းလေး စလိုက်ရအောင်။ ပန်းမင်းသမီးလိုလဲ နှုတ်ခမ်းဆိုးဆေး မပါ၊ မော်ဒယ်လ်ဘွိုင်းအရူးလိုလဲ နေကာမျက်မှန်မပါ။ ကဗျာဆရာလိုလည်း ခေါင်းလိမ်းဆီ မပါဘူးပေါ့လေ။

ကဲကဲ ပေါကြောင်ကြောင်ကောင် လွယ်တဲ့ အရူးလွယ်အိတ် ရှင်းတမ်းလေး စရမှာပေါ့... ဒါတွေ ဒါတွေက ဒီလို ဒီလို ဗျ..........။

အိတ်အစိမ်းကတော့ ရန်ကုန်ကတည်းက ယူလာသပေါ့လေ။ ကိုကိုအုပ်အိတ်လို နံမှာတော့ မစိုးနဲ့ .. ဒီအိတ်ကို ရန်ကုန်က ယူလာကတည်းက တစ်ခါမှ ကိုမလျှော်ဘူး။ အမဲ လေးထောင့်လေးက တရားတွေ အီးဘုတ် စာအုပ်တွေကို ဒေါင်းထားတဲ့ ဟာ့ဒစ်လေးပါ။ တရားခွေတွေကတော့ တစ်လတစ်ခါ နားရက်ရတိုင်း ဆုံတတ်တဲ့ ဦးဇွတ်၊ အေးဗစ်အုပ်၊ ညီလေးနေဇော်လင်းတို့နဲ့ တွေ့ရင် ပေးလို့ရအောင် ဆောင်ထားတယ်။ တရားလိုချင်သူများကိုလဲ လှူဒါန်းပါသေးတယ်။ နိုင်သလောက်လေး သာသနာပြုတာပါဗျာ...။ နန္ဒာသိန်းဇံ တို့ ဦးဖေအောင် တို့ကတော့ အပြင်သွားရင် စားသောက်ဆိုင်မှာ ဟင်းမှာထားတုန်း သူငယ်ချင်းတွေ စောင့်တုန်း ကားစီး ရထားစီးတုန်း ဖတ်သပေါ့လေ။ ခရမ်းရောင် ဖုန်းလေးက မလေးရှားရောက်တုန်း ၀ယ်ထားတာ။ ဟိုပစ်လိုက် ဒီပစ်လိုက်နဲ့ ဘာမှ မဖြစ်သေးဘူး ၊ နောက်ဆုံး ရေအိုင်ထဲ ပြုတ်ကျသွားတာ အအေးမိနေလို့ အခု လွယ်အိတ်လေးထဲမှာ ချွေးထုတ်နေလေရဲ့။အဲဒီ ဖုန်းလေးရဲ့ အောက်က နေဇော်လင်း ပေးထားတဲ့ တစ်ရှူး သူက တွေ့တိုင်းပေးတော့ ကိုယ်လဲ အမှတ်တရရယ် မသုံးဖြစ်တာရယ်ပေါင်းပြီး အဲဒီ အရူးလွယ်အိတ်ထဲ နေရာပေးထားလိုက်တယ်။ ဘေးက အဲလ်အိတ်ဇ် လေဆေးကဒ် အထက်က ဦးဇွတ် ကိုကိုအုပ်နဲ့ နေဇော်လင်းတို့ ကျွေးသမျှ မဟားဒရားစားပြီး မရှူနိုင်မကယ်နိုင်ဖြစ်ရင် ဒီကောင်က မိတ်ကောင်းဆွေကောင်း ပေါ့။ ဘလိတ်ဓါး၊ တစ်ခုခု သုံးလို့ရမှာပေါ့နော့... (သေချာတာက တော့ ခါးပိုက်နှိုက်ဖို့မဟုတ်ပါ)။ တွေ့လား တွေ့လား ..အဲ ။ ခြံထဲ ပြန်ဝင်ဖို့သော့ရယ်။ အလုပ်စားပွဲက အံဆွဲသော့ရယ်ပေါ့။ အခန်းသော့တွေတော့ အသိမ်းလွန်နေသေးတယ် .နို့မဟုတ်ရင် ဒီ အရူးလွယ်အိတ်ထဲမှာပဲ။ အဲဒီ ဖုန်းအမဲပေါ့ အခု အလုပ်ကိစ္စတွေ ဆို အဲဒီဖုန်းကိုလာတယ်.။ အပစ်အခတ် ခံနိုင်တဲ့ဖုန်းပေါ့။ ဘောလ်ပန်းလား ....။ ကောင်မလေးတွေ အော်တိုထိုးခိုင်းရင် ကိုယ့်ဟာနဲ့ ပဲ။ အဲဒီ ဖုန်းအောက်က စာရွက် အတိုလေးတွေလား ၊ ဟိုဟိုဒီဒီ မှတ်ဖို့။

ဗေဒင်ကြော်ငြာလား ... ဆရာမျိုးဟန်ကို ပေးထားတာ။လိပ်စာကဒ်တွေကတော့ ဒီလိုပါပဲ အရူးလွယ်အိတ် အမည်တွင်အောင်ကို တတ်နိုင်တယ်လေ။ဘလိတ်ဓါးနားက စာအိတ်ခေါင်းလား ၊နိုင်ငံခြားရောက်လာ တုန်းက မွေးမိခင်ဆီ စာထည့်မယ်ပေါ့လေ... အခုထိတော့ မသုံးရသေးပါဘူး။ဟိုဘက်က အိတ်တစ်လုံးလား အဲဒီကောင်က လက်တော့ပ်ထည့်တာလေ ဒါပေမယ့်လည်း အရူးဘုံမြှောက်တဲ့ အဲဒီပစ္စည်းလေးတွေ အငှားခန္ဓာမြှောင်ရသလိုဟိုအိတ် တစ်လှည့် ဒီအိတ် တစ်ခါ ကူးတယ်လေ။ပိုက်ဆံအိတ်ကတော့ ဘောင်းဘီအိတ်ထဲလဲ ထည့်တာမို့ အရူးလွယ်အိတ် ထဲ အမြဲမနေပါဘူး။ ဒါတောင် အရူးလွယ်အိတ်ထဲမှာ လည်လည်ရောက်လာ မိတ်သဟာတွေကို အားနာလို့ မပြတဲ့ ပစ္စည်းတွေ ရှိသေးတာဗျ။

အော် ပြောဖို့ မေ့နေလိုက်တာ ကြွားတယ်မှတ်မှာလဲ စိုးတယ် ။အောက်က နိုကီယာ ၈၈၀၀ လေ အရင်က အရူးလွယ်အိတ် ထဲမှာပေါ့... အခုတော့ ကွမ်းတံတွေးပုံးထဲ ခုန်ချလိုက်တော့ အအေးပတ်နေတယ်.. ဒါကြောင့် နိုကီယာ ဆေးရုံပို့ထားလိုက်တယ် ဆေးရုံကမဆင်းသေးဘူးဗျ။ ကြွားတာ မဟုတ်ရပါဗျာ.. ဒါနဲ့ စကားမစပ် ဒီပုံတွေကိုရိုက်တာတော့ နိုကီယာ ကိုးဆယ့်ခုနှစ်နဲ့ ရိုက်တာဗျ....။ အမလေး မောလိုက်တာ.......... ။(ဟီဟိ)


မြောင်မျိုးရယ် စိတ်မကောင်းမဖြစ်ပါနဲ့ နင့်သမီးဟိုကောင်မက အဲလို ပေါက်ကရတွေလျှောက်ပြောနေကျ (သိသားနဲ့)။ မှန်တယ် ထင်ရင် ဒူးသာဒူး။ တို့လဲ အဆင်ပြေရင် ရေးပေးမပေါ့(ပျော်စရာကြီးကိုး) ။

13 comments:

ဂျူလိုင်ဖြူ said...

ကဲဒေါ်ဖြူတို့ ပြောတာလွန်မယ်မထင်ပါဘူးနော်...အရူးလွယ်အိတ်ဆိုတဲ့ ခေါင်းစဉ်တွေဖတ်လိုက်ရတာ...အကြွားသန်ဆုံးနဲ့ သူများတကာကိုနှိပ်အကွတ်ဆုံးက ပုန်းပုန်းပဲ...N97လေးနဲ့ ရိုက်ထားတာကအစထည့်ကြွားလိုက်သေးတယ်...ဒါနဲ့ ပုန်းရေ..နင် တနေ့ တနေ့ စားနေတဲ့ကွမ်းယာတွေကြဘာနဲ့ သယ်သတုန်း

မေပယ်လ် said...

ငါ့ကို မော်ဒယ်ဘိုင်းအရူးတဲ့
ပြီးတော့ အောက်ဆုံးမှက်ချက်အပြာရောင်နဲ့ ရေးထားတာ နင့်သမီးဟိုကောင်မတဲ့..။
အမေရေ့..လာကြည့်လှည့်ပါအုံး
ငမိုး ဗလက္ကာရပြုနေဘီ ဒီမှာ..:D
မှက်ချက်..စာရေးအား ကောင်းလာတယ်
စာရေးပုံ ပြေပြစ်လာတယ် ဆက်လုပ် ငမိုး

မေဓာဝီ said...

သာဓု သာဓု လွယ်အိတ်ထဲမှာ တရားစီဒီနဲ့ နန္ဒာသိန်းဇံ စာအုပ်နဲ့ တယ်လဲ ဟုတ်ပါလား။
လွယ်အိတ်ထဲက ပစ္စည်းတွေကလဲ စုံနဖာစီနေတာပဲ ... လေဆေးကဒ်ရော ဘလိတ်ဓားရော ဗေဒင်ကြော်ငြာက ပါသေး ... အားနာလို့ မပြတဲ့ ပစ္စည်းက ဘာများတုန်းဟင် ... မပြဘူးဆိုမှ ကြည့်ချင်တာ ... :))

ကိုဇော် said...

ဖတ်ဖတ်နေရင်း လန့်လန့်နေရတာ . . .
ဖတ်ဖတ်ပြီးမှ ပြုံးနိုင်တော့တယ်. . .
ငါ့ မတဂ်တော့ပါလားလို့ . . .
အရူးလွယ်အိတ်ကို အထူးဖွယ်တစိတ်လုပ်ပြီး ပြောမနေတော့ပါဘု . . မြင်ဖူးသမို့ အသွင်ထူးအောင် ပြောလိုက်မယ် . . ရင်လူးဆေးပါ ဆောင်ထား ( ထက်လင်းလေ )

ကြည်ကြည် said...

တိုက်ဆိုင်လိုက်တာ တစ်နေ့ က မြန်မာပြည်ကမင်းသမီးတွေ ရဲ့ သွားလေရာပါတဲ့ အသုံးအဆောင်ဆိုတိုင်းကြည့်လိုက်ရင် နောက်ဆုံးပေါ်တွေ ပျံလန်နေတာပဲ
ဒါနဲ့ ကိုယ့်အိတ်ကိုယ်ဘာပါလည်းပြန်စစ်မှိသေးတယ်။

အရုးလွယ်အိတ်အနေနဲ့ တော့ မဟုတ်ပေါင်...း)

ရွှေရတုမှတ်တမ်း said...

အဖေါ်လဲမပါဘူး...

SHWE ZIN U said...

ဟင် သူလည်း လိုရှင်း မပါဘူး

စော(အဝါရောင်မြေ) said...

ဟယ် သူများတွေကိုတော့ ကောင်းမလေးတွေ အော်တိုရေးခိုင်းရင်လို့ ပြော်ပြီ
သူဘာသာရေးခိုင်း သူဘာသာ မိတ်ဆက်စာတွေ လျှောက်ပေးနေတာလားဟင်
စတာနော် . . . . . :D

JUSTICE999BURMA said...

ငယ်ငယ်တုန်းကတော့ လွယ်အိပ်ထဲမှာ လောက်လေးဂွထည့်ပြီး ဟိုသည်တွေ လျောက်ပစ်လို့  အဆော်ခံရဘူးတယ်.... ခုတော့ လေးဂွထည့်ဘူး.. ၆ လုံးပြဲပဲ ဆောင်ထားဒယ်..... :P

(ဝေးရာကိုသာပြေးကြပေရော့.... )

မောင်မျိုး said...

လေပန်းဆိုတဲ့အတိုင်း ကပ်ကြွားလိုက်သေးတယ် ။မင်းအတွင်း ပစ်စည်းတွေက ညစ်ပတ်လို့ အိတ်ပဲကြည့်တော့မယ်း) ရှူဆေးတို့ မောရီယမန်းဆေးတို့ကော မဆောင်ဘူးလား အနာမျိုး 96 ပါး အစုံပဲထင်တယ် ရုပ်နဲ့မလိုက်အောင် နုနေတယ်ပေါ့လေ ။ ငါ့သမီး နင့်တူမအကြောင်းတော့ ပြောချင်ပါဘူးအေ မအေကိုမရိုသေလိုက်ပုံများကတော့ လူပုံအလည်မှာ အရှက်ကို ၀က်ဝက်ကွဲ သမီးမိုက် ။

ရေးပေးတာကျေးဇူးပါ လေပန်းမင်းသမီးရေ

ပုံ / ပန်းမင်းသမီး

မိုးယံ said...

ဒေါ်ဖြူ--ကွမ်းယာကို ပါးစပ်ထဲ ထည့်သယ်ပါတယ်။
မေပယ်လ်--မြှောက်ပေး အဲ..အားပေးတာကျေးတမာဒယ်။
မမေဓာဝီ--သာဓုကို နှစ်ကြိမ်ပဲခေါ်တယ်.ဟဲဟဲ အားနာလို့မပြတာက ချစ်သူပေးထားတဲ့ နှုတ်ခမ်းနီတောင့် ... ဂွီ။
ကိုဇော်--တို့က မှန်ချိုပဲ စားတယ်ကွယ်။
မကြည်ကြည်--အရူးလွယ်အိတ်အနေနဲ့ပြန်စစ်ကြည့်ပါဦး.
ဘကျောက်--အဖော်က သုံးပြီးပစ်လိုက်တယ်လေ.. ဂွီ။
မရွှေစင်--လိုရှင်းလိမ်းရင်လဲ ဒီထက်ကောင်မလေးတွေ ကပ်လာမှစိုးလို့ ပါဂျာ။
အ၀ါရောင်မြေ--တစ်ကယ်ပါ မိုးယုစံတို့ ချစ်သုဝေတို့တောင် စိတ်ညစ်လွန်းလို့ ပြည်ပြေးလားခဲ့တာပါ။
ကိုကိုလတ်--ညီအစ်ကို သုံးယောက်လုံး ချော်လဲလို့လား။
မြောင်မျိုး--အရင်က လေအိုးလို့ နံမည်အပေးခံရတယ် နင့်နဲ့ကျမှ လေပန်းမင်းသမီးဖြစ်ရလေဒယ်.။

အားလုံးကို ကျေးတမာဒယ်.. ငြိမ်းချမ်းကြပါစေဗျာ။

အုပ်ကြီး said...

အရူးတစ်ယောက်တွေ့ ရင်ဖမ်းထားလိုက်ပါဗျာ ...
လွယ်အိတ်ကြီးတစ်လုံးကိုင်ပြီး ..ဟိုသွားဒီသွားနဲ့ 

နေဇော်လင်း said...

ဟား .... ဟား .... ဟား
ဘယ်လိုလဲရို့ .....
လန်းတယ် ရေးထားတာ
ဒီတစ်ခါ တွေ့ရင်တော့ ဒီင်္အတိုင်း
မလွတ်ထားတော့ဘူးနော်
ပေါက်ကရ တွေ လျှောက်လုပ်လွန်း
လို့ သေချာထိန်းမှ ရတော့မယ်။
ဟိဟိ ....