Wednesday, January 5, 2011

2011, January လ အတွက် ဗေဒင် ဟောစတမ်း



2011, January လ အတွက် ဗေဒင် ဟောစတမ်း ....

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်းမှာ လိုအင်ဆန္ဒပြည့်ဝ လာမည်။ ကံကောင်းမှုများစွာ ကြုံတွေ့ရမည်။
အလုပ်အကိုင်ကိစ္စများအဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။ အလုပ်ပြောင်းရွှေ့မှုများ
နေရာထိုင်ခင်း ပြောင်းရွှေ့မှုများရှိပါ သည်။ အဆင်ပြေ ပါသည်။

ဒီလအတွင်းမှာ အထက်လူကြီးများနှင့် စကားပြောဆိုမှု အဆင်ပြေပါသည်။

ယခုလအတွင်း ငွေကြေးများ ပုံမှန်လေးသာ အဆင်ပြေမည်။ ရသလောက်ကုန်ကျမှုများ ရှိပါသည်။ ရုတ်တစ်ရက် အပိုသုံးနေရသောအချိန်လေးဖြစ်ပါသည်။

ဒီလအတွင်းမှာ ခရီးယာယီကိစ္စများ သွားရမည်။ ပျော်ရွှင်သော ခရီးကိစ္စများရုတ်တစ်ရက် ထွက်ရမည်။ပညာရေးမှာ ကံကောင်းနေသော အချိန်လေးပါ။

ဒီလအတွင်း အချစ်ရေးမှာ ကံကောင်းနေပါသည်။ မိမိ ချစ်သူနဲ့ အဆင်ပြေနေပါသည်။အဆင်မပြေသော်လည်း ပြန်လည် အဆင်ပြေလာမည်။ အိမ်ထောင်ရေးမှာ စကားများနေရမဲ့အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေးမှာ အအေးမိခြင်း ဗိုက်အောင့်ခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် အိမ်ဘုရားတွင် သောက်တော်ရေ ၈ ခွက်ကိုတနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ ဆုတောင်း လိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 3 5 5 3

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း မိမိ၏ စိတ်ကူးများ ရည်မှန်းချက်များ ပုံမှန်လေးအဆင်ပြေ နေသောအချိန်လေး ဖြစ်ပါသည်။ အလုပ်ကိစ္စများစိတ်ပူစရာ မရှိပါ အဆင်ပြေနေမည်။

စီးပွားရေး ငွေကြေးကိစ္စများ ပုံမှန်လေး အဆင်ပြေလည်ပတ်နေမည်။ ငွေကြေးများ စုမိသောအချိန်လေး ဖြစ်ပါသည်။ ငွေကြေးကိစ္စများ ဂရုစိုက်ပါ။ ( ပျောက်ရှမှု ရှိပါသည်။ )

ခရီးယာယီများ သွားလာမှု များနေမည်။
မိမိ မိသားစုအတွင်း နေရာထိုင်ခင်း ပြောင်းရွှေ့မှုများ ဖြစ်ပေါ်မည်။ပညာရေး ကြီုးစားရမဲ့ အချိန်လေးပါ။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေမည်။ပြသာနာဖြစ်နေသော်လည်း ပြန်လည် အဆင်ပြေလာမည်။
အိမ်ထောင်ရေးမှာ ကြည်နူးနေမဲ့ အချိန်ဖြစ်ပါသည်။

ယခုလအတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ဒူးနာ ၊ အကြောတက်ခြင်း ဖြစ်မည်။

ယတြာ = မိမိ နေအိမ်ဘုရားတွင် ငွေ 15 ကျပ်ကို မိမိရဲ့ မွေးနေ့ တနင်္လာနေ့၉ နာရီ ၄၅ မီနစ်တွင်ကလေးတစ်ယောက်အား လှူ၍ လိုရာဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 2 2 4 9



၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလအတွင်း လိုရာဆန္ဒများ အဆင်မပြေသေးပါ။ ရည်ရွယ်နေသောစိတ်ကူးများ မအောင်မြင်သေးပါဘူး။ နည်းနည်းတော့ အချိန်ကို စောင့်ရမည်။ အလုပ်အကိုင် ကိစ္စများ အတွက် စိတ်ညစ်နေရမဲ့ အချိန်လေးပါ။

အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် အခက်အခဲ အနည်းငယ် ရှိပါသည်။ ဒီလအတွင်း ငွေကြေးကိစ္စများ ဒီလအတွင်း အနည်းငယ်အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ အတွက် ကူညီသူ ပေါ်လာမည်။

ခရီးကိစ္စ အဆင်မပြေ သေးပါဘူး။ မသွားတာ ကောင်းပါတယ်။ ပညာရေး မှာ ကြိုးစားနေရမဲ့ နေ့ရက်လေးပါ။ အချစ်ရေးမှာ အဆင်ပြေနေမည်။ ခဏ ခွဲခွာရသော အချစ်ကို ပိုင်ဆိုင်ခွင့် ရမည်။

ဒီလအတွင်း အိမ်ထောင်ရေးမှာ စကားများ နေသော အချိန်လေးပါပဲ။ ကျန်းမာရေးမှာ လက်နာမည် ၊ အစားမှားခြင်း ဖြစ်မည်။( ယခုလအတွင်း အရက်သောက်ခြင်း ရှောင်ပါရန်)

ယတြာ = မိမိ နေအိမ်ဘုရားတွင် လိမ္မော်သီး ၄ လုံးကို မိမိရဲ့ မွေးနေ့အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဘုရားတွင်ကပ်လှူ၍ ကံကောင်း လာစေရန်အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 1 3 3 1

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း ရည်မှန်းချက် ရည်ရွှယ်ချက်များကို ကြိုးစား လုပ်ဆောင်သင့်သော အချိန်လေးပါ။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်လို့ အဆင်ပြေနေသော အချိန်လေးပါ။အထက်လူကြီးနဲ့ လုပ်ကိုင်ရာတွင် ဂရုစိုက်၍ ဆောင်ရွှက်လိုက်ပါ။ အဆင်ပြေလာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများကတော့ အဆင်ပြေပါသည်။ စမ်တူကိစ္စများ အဆင်ပြေနေမည်။ ငွေဝင်ကိန်း ရှိနေပါသည်။ ငွေးကြေးများ စုမိသော အချိန်လေးပါ။

ခရီးကိစ္စများ သွားလာမှု အဆင်ပြေနေမည်။ မိသားစုအတွင်း အလှူအတန်းများ ဘာသာရေးကိစ္စများ ပြုလုပ်ဆောင်ရွှက် ရမည်။ အချစ်ရေးမှာ အဆင်မပြေသေးပါ။အိမ်ထောင်ရေးမှာ ပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်ခွင့်ရရှိနေမည်။

ယခုလ ကျန်းမာရေးမှာ သွေးအားနည်းခြင်း ၊ စိတ်ပန်းခြင်း ဖြစ်မည်။

ယတြာ = နေအိမ်ဘုရားတွင် သရက်သီး (သို့မဟုတ်)သစ်တော်သီး ၆ လုံးကို ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 4 3 3


၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်သော ကိစ္စများ အဆင်ပြေပါသည်။ စိတ်ကူးများ မျှော်လင့်ချက်များ အောင်မြင်လာမည်။ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင်ပါက ပို၍အဆင်ပြေလာမည်။

ငွေကြေးကိစ္စများ ကံကောင်းနေသော အချိန်လေးပါ။မိမိရဲ့ စီးပွားရေး လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမည်။ကူညီပေးသူ ပေါ်မည်။ ငွေကြေးများ မရခင်ကကုန်နေသလို ဖြစ်နေမည်။
ငွေဝင်ကိန်းရှိပါသည်။ ရအောင်သာ စုဆောင်းပါ။

ဒီလအတွင်း ပညာရေကိစ္စများ အောင်မြင် အဆင်ပြေပါသည်။

ခရီးကိစ္စများ မသွားတာ ကောင်းပါတယ်။ အဆင်မပြေပါ။ မိတ်ဆွေများမှ ကူညီပေးသူ ပေါ်မည်။ ဒီလအတွင်း အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူ အသစ်ရရှိမည်။ အိမ်ထောင်ရေးကိစ္စများ ဝေးနေရမဲ့ အချိန်လေးပါ။

အခုလ ကျန်းမာရေးမှာ သွားနာမည် ၊ ခြေထောက်နာမည်။

ယတြာ = မိမိနေအိမ် ဘုရားတွင် စံပယ်ပန်း ၉ ပွင့်ကို ကြွေပန်းကန်ထဲထည့်၍ ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် တင်လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 3 6 13

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ လိုရာဆန္ဒတွေ အဆင်ပြေ အောင်မြင်လာမဲ့ အချိန်လေးပါ။ ကြိုးစား၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ အထက်လူကြီးများနဲ့ စမ်တူ လုပ်ကိုင်ဆောင်ရမဲ့ ကိစ္စများတွင်ဂရုစိုက်ပါ။ သိပ်အဆင်မပြေပါ။

ငွေကြေးကိစ္စများ စီးပွားရေး ကိစ္စများတွင် ကံကောင်းလာမည်။ ငွေကြေးကိစ္စများ ပြသာနာများ မိမိကိုယ်တိုင် ဖြေရှင်းနိုင်မှာပါ။အဆင်ပြေ ပါသည်။

ဒီလအတွင်း ခရီးကိစ္စများ သွားရမည်။ သွားသင့်ပါသည်။ မိမိ မိသားစု အတွင်းပြသာနာ ကိစ္စများကို ပါဝင်ကူညီ ဆောင်ရွှက်ပေးရမည်။ ပညာရေးမှာ တိုးတက်သော အချိန်လေးပါ။

အချစ်ရေးမှာ ပျော်ရွှင်စရာလေးသော နေ့ရက်လေးတွေ ပိုင်ဆိုင်ခွင့်ရရှိမည်။ ကံကောင်းမှုတွေ ရှိလာမှာပါ။ အိမ်ထောင်ရေး ကိစ္စများအဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းခြင်း ၊ အိပ်မပျော်ခြင်းဖြစ်မည်။

ယတြာ = တရားစာအုပ် ၃ အုပ်ကို အသက်ကြီးသူ တစ်ဦးဦး အားသောကြာနေ့ နံနက် ၉ နာရီ ၄၅ လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 3 5 0 8

၇။ စနေသားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်သော ကိစ္စများ အဆင်မပြေသေးပါ။ယခုလအတွင်း ဟိုဟာလုပ်ရမလို ဒိဟာလုပ်ရမလိုနဲ့ အချိန်ကုန်မည်။စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ မိသားစု အတွင်း ကျန်းမာရေးညံ့မည်။

အထက်လူကြီးနဲ့ တိုင်ပင်၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ စီးပွားရေးကိစ္စတွေမှာ ကူညီသူများ ရှိနေသော်လည်း စိတ်ညစ်နေရမည်။ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ စုမိအောင် ကြိုးစားပါ။

ခရီးကိစ္စများ သွားလာမှုများ အဆင်ပြေပါသည်။ ပညာရေး တိုးတက်လာမည်။ ဆရာကောင်း သမားကောင်းနဲ့ တွေ့ရမည်။ အချစ်ရေးမှာ ဒုတိယ ချစ်သူနဲ့ အဆင်မပြေပါ။ စကားများနေရမည်။ အိမ်ထောင်ရေးမှာ စကားများနေပေမဲ့ အဆင်ပြေပါသည်။

အခုလအတွင်း ကျန်းမာရေးမှာ ထိမိခိုက်မိခြင်း ၊ သွေးအားနည်းခြင်း ဖြစ်မည်။

ယတြာ = မိမိနေအိမ်ဘုရားတွင် မိမိနှစ်သက်သော မုန့် ၅ မျိုးကို စနေနေ့ နံနက်၉ နာရီ ၄၅ တင်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 2 7 4 0


၂၀၁၁ နှစ်သစ်လေးမှာ မိမိရဲ့ဘဝလေးများလည်း(၁၁) မီးငြိမ်း၍
အေးချမ်းပါစေ။


စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာမျိုးဟန်ကို

NO. 314 , Block P/B ,
Jin Cheras Taman Cheras ,56100
Kuala Lumpur Malaysia

http://www.myohanko.br.ms

myohankonew@gmail.com

Ph; 016, 606 1917 , 017, 226 0715

မှက်ချက်။ ဗေဒင်ဟောစတမ်း ကို ဆရာမျိုးဟန်ကို ၏ ခွင့်ပြုချက်ဖြင့် လာရောက် တင်ပေးပါသည်။
မိမိရဲ့ ဆိုက်များတွင် လစဉ် ဟောစတမ်း များ တင်လိုပါက mayhankonew@gmail.com သို့
ဆက်သွယ်နိုင်ပါကြောင်း .......


3 comments:

Anonymous said...

ပုန်းရေဂျုတီက မနက်၇နာရီခွဲသွားရတာ ကြာသာပတေးမနက်၉နာရီ၄၅ မှာ ဘယ်လိုမှရှာမရတဲ့စံပယ်ပန်းကိုပုန်းပဲ တင်လှူပေးတော့ကွယ်

ရွှေရတုမှတ်တမ်း said...

အချစ်ရေးမှာ ကံကောင်းမယ်ဆိုပါ့လား

blackကော်ဖီ said...

အချစ်ရေးမှာ ကံမကောင်းသေးဘူးတဲ့လား...