Wednesday, January 12, 2011

တရားမဝင် ကိုယ်ဝန်ဖျက်ချမှုကြောင့် ******၇ဝ ရာခိုင်နှုန်းခန့်မှာ ဆယ်ကျော်သက်များဖြစ်

ခေတ်မီဖွံ့ဖြိုးလာသည်နှင့်အမျှ လူနေထိုင်မှုပုံစံစနစ်များ ပြောင်းလဲလာပြီး လူငယ်လူရွယ်များအကြား တရားဝင်လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ တရားမဝင် ကိုယ်ဝန် ဖျက်ချမှုကြောင့် သေဆုံးရသည့် အမျိုးသမီးဦးရေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ဟု သားဖွားမီးယပ်ဆရာဝန်အချို့ထံမှ သိရသည်။ ကိုယ်ဝန်ဖျက်ချမှု များအား ဆေးပညာရှုထောင့်နှင့်ဆေးပညာ ဥပဒေအရ ခွင့်မပြုခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်များမှာ မကျွမ်းကျင်သူများနှင့် ဆက်သွယ်၍ တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းများ ရှိနေ၍ မကျွမ်းကျင်သူများနှင့် ကိုယ်ဝန်ဖျက်ချမှု များကြောင့် သွေးလွန် ခြင်း၊ မေးခိုင်ရောဂါပိုး ဝင်ရောက်ခြင်းနှင့် သားအိမ်ပျက်စီးခြင်းများ ဖြစ်ကာ ဆေးရုံသို့ အချိန်မီမရောက်ရှိဘဲ သေဆုံးသွားကြခြင်းဖြစ်ကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။မြန်မာနိုင်ငံ၌ အမျိုးသမီးများ သေဆုံးရခြင်း အကြောင်းအရင်းများအနက် ၅ဝ ရာခိုင်နှုန်းမှာ ကိုယ်ဝန်ရှိနေစဉ် သေဆုံးရခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) ၏ ထုတ်ပြန် ချက် များအရသိရသည်။ ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးရသော အမျိုးသမီးများအနက် ၇ဝ ရာခိုင် နှုန်းခန့်မှာ ဆယ်ကျော်သက် အရွယ်များဖြစ်သည်ဟု ၄င်းကဆို သည်။ ”တစ်ခါက ဆယ်ကျော်သက်အရွယ် အမျိုးသမီးလေးတစ်ယောက် နေမကောင်းလို့ ဆိုပြီး ကျွန်တော့်ဆေးခန်းမှာလာပြတယ်။ သူ့ကိုစမ်းသပ်ကြည့်တဲ့ အခါ ကိုယ်ဝန် ရှိနေတယ်ဆိုတာ သိရလို့ သူ့ကိုပြောတဲ့အခါ သူက ဒီကိုယ်ဝန်ကိုမလိုချင်ဘူး။ ဖျက်ချချင်တယ်ဆိုပြီး ပြောတဲ့အတွက် ဒါမျိုးတော့ လုပ်မပေးနိုင်ဘူး။ ဘာ အခက် အခဲတွေသူ့မှာရှိသလဲဆိုတော့ သူ့ရဲ့အမျိုးသားက သူနဲ့ တရားဝင်လက်ထပ်ထားတာ မဟုတ်တဲ့အပြင် အဲဒီအမျိုးသားကလည်း ပြည်ပကိုသွားတယ်လို့ ပြောပါ တယ်။ ဒါနဲ့ ဒီကလေးကို သတ္တိရှိရှိမွေးမြူဖို့ ပြောဆိုဆုံးမလိုက်တဲ့အပြင် လိုအပ်ရင် သူ့ရဲ့ မိဘတွေကိုပါ နားလည်အောင် ပြောဆိုပေးပါမယ်ဆိုပြီး ပြောလိုက်တယ်။ ဒါပေမဲ့ အဲဒီမိန်းကလေး နောက်ထပ် ကျွန်တော့်ဆေးခန်းကို မလာတော့ဘူး။ နောက်သုံးလအကြာ ဗဟိုအမျိုးသမီးဆေးရုံကြီးကို ကိုယ်ဝန်ဖျက်ချလို့ စိုးရိမ်ရတဲ့ လူနာ တစ်ယောက် ရောက်နေတယ် ကြားလို့သွားကြည့်တဲ့အခါ အဲဒီ မိန်းကလေးဖြစ်နေပြီး သူ့ရဲ့ အခြေအနေက လုံးဝကယ်လို့မရတဲ့ အနေအထားဖြစ်နေတဲ့အပြင် သွေးကလည်း လွန်နေပြီ။ နောက်ဆုံးတော့ သေဆုံးသွားတယ်” ဟု ၄င်း၏ အတွေ့အကြုံကို ပြောပြသည်။ ထိုသို့ဖြစ်ရပ်များ လျော့နည်းကျဆင်းလာစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး လူငယ်လူရွယ်ထုအကြား လိင်နှင့် ပတ်သက်သော ပညာပေးမှုအစီအစဉ်များအား ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့၏ သားသမီးများအား လိင် ဆက်ဆံမှုကြောင့်ဖြစ်ပေါ်တတ်သည့် အကျိုးဆက်များအား သေချာစွာရှင်းလင်း ပြောကြားဆုံးမမှုများပေးရန် လိုအပ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ၌ ကိုယ်ဝန်ဖျက်ချမည်ဆိုပါက ကျွမ်းကျင်သူဆရာဝန်ကြီးများမှ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကျန်းမာ ရေးအခြေအနေအရ ကိုယ်ဝန်ဆောင်ခြင်းကြောင့် အဆိုပါ အမျိုးသမီးတွင် အသက်အန္တရာယ် ထိခိုက်နိုင်သည်ဟု အထောက်အထားများဖြင့် တင်ပြနိုင်မှသာ ဥပဒေ အရ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ပြုကြောင်း၊ ထိုသို့မဟုတ်ဘဲ ကိုယ်ဝန်နုစဉ်အချိန်၌ မိမိသဘောဖြင့် ဖျက်ချပါက ဖျက်ချပေးသူနှင့် ဖျက်ချခံသူအား ရာဇသတ် ကြီးဥပဒေ ပုဒ်မ ၃၁၂ အရ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သည်အထိ အရေးယူနိုင်ပြီး ကိုယ်ဝန်အရင့် အမာဖြစ်ပါက ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်အရေးယူခံရနိုင်ကြောင်း၊ အကယ်၍ တစ်စုံတစ်ယောက်သောသူမှ ကိုယ်ဝန်ဖျက်ချစေရန် အတင်းအကြပ် တိုက်တွန်း ပြောဆိုပြုမူ ခြင်းများကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ပါက ဥပဒေပုဒ်မ ၃၁၃ အရထောင်ဒဏ် တစ်သက်တစ်ကျွန်းကျသည်အထိ အရေးယူနိုင်ကြောင်း သိရသည်။ ၄င်းက ”လက်မထပ် ရသေးခင် အတူနေထိုင်တဲ့ပုံစံ (Living Together) ကတော့ နှစ်ဦးသဘောတူနေထိုင်ကြတဲ့ကိစ္စဖြစ်လို့ ဥပဒေအရကြားပုဂ္ဂိုလ် တစ်ဦးက အရေးယူနိုင်တဲ့ပြဋ္ဌာန်း ချက်မျိုးတော့မရှိသေးဘူး။ ဒါပေမဲ့ မိန်းကလေးဟာ အသက် ၁၄ နှစ် အောက်ဖြစ်နေမယ် ဆိုရင်တော့ ဘယ်သူတွေကပဲ သဘောတူတူ မုဒိန်းမှုမြောက်တယ်။ အကယ် ၍ အသက်ပြည့်ပြီး ဒီလိုနေထိုင်လို့ ကိုယ်ဝန်ရလာခဲ့ရင်လည်း နှစ်ဦးသဘောတူ ကိုယ်ဝန်ဖျက်ချခွင့်မရှိဘူး။ ဖျက်ချတယ်ဆိုရင်တော့ နှစ်ဦးစလုံးကို အရေးယူ နိုင်တယ်။ ဒါ့အပြင် သူတို့ဟာ တရားဝင်လက်ထပ် ထိမ်းမြားထားခြင်းမရှိစေကာမူ ဘေးပတ်ဝန်းကျင်ရဲ့အမြင်မှာ လင်မယားပုံစံအဖြစ် နေထိုင်နေတယ်ဆိုရင် မြန်မာ့ ဓလေ့ ထုံးတမ်းစဉ်လာ ဥပဒေရဲ့ လက်ထပ်ခြင်း ၁ဝ မျိုးထဲမှာပါဝင်တဲ့အတွက် သူတို့နှစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ကွဲသွားတယ်ဆိုရင် မိန်းကလေး ဘက် က မယားစရိတ် တောင်းခံနိုင်ပါတယ်။ အမှန်တော့ ကျွန်တော့်အမြင်မှာ Living Together ကိစ္စဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်နေတဲ့ အပြင် လူမှုရေး ရှုပ်ထွေးမှုတွေကို လည်းဖြစ်စေပြီး ကိုယ်ကျင့် သိက္ခာတရားကို ပျက်ပြားစေတဲ့အတွက် ရှောင်ရှားသင့်ပါတယ်” ဟု ပြောသည်။


ဟင်းလေးအိုး website မှကူးယူတင်ပြပါသည်....

(ကျွန်တော်က မြန်မာချစ်သူများက ပြန်ကူးတာ)

2 comments:

Unknown said...

အဲ ဒီလူတွေကို ကွန်ဒွန်းဆိုတာ မသိကြလား။ တားဆေးဆိုတာ မသိကြလား။ အော် ဒါတွေတော့ မသိပဲ ဟိုဟာတော့ သိတယ်။ အံပါရဲ့ ။ ဦးနှောက်နည်းတဲ့ စုံတွဲတွေ အကုန်သေ။ အေးရော.... သူတို့သေမှ ကောင်းမှာပေါ့.. ဒါမှ နောက်လူတွေ သင်ခန်းစာရမယ်... ပြန်လည်ဖေါ်ပြပေးသူကိုကျေးဇူးတင်ပါတယ်။ ဘယ့်နှယ် မနေနိုင်မထိုင်နိုင် ငွေမြိုင် ဒုတ်ထိုးပြီးမ ကလေးကို သတ်ပစ်ကြတယ်.... လူတွေရော ဟုတ်ပါရဲ့လား။ အကြင်နာ မေတ္တာ ဦးနှောက် အသိဥာဏ်ဘယ်မှာလဲ.။ အကြောင်းအမျိုးမျိုးတော့ ရှိမှာပဲလေ။ ဒါပေမယ့်  ကိုယ်ဝန်ရတော့မှ ဖျက်ချတယ်ဆိုတာက အသိဥာဏ်ထုံထိုင်းပြီးအကြင်နာ တရားကို နားမလည်သော ပခုံးနှစ်ဖက်ကြားတွင် ခေါင်းရှိသော သတ္တ၀ါသာဖြစ်သည်။ ဘယ့်နှယ် ဟိုဒင်းတုန်းက ဒင်းပြီးမှ မွေးရတော့မယ်ဆိုမှ ရှက်သလေးဘာလေး ။ သေတာ ပဲ အေးတယ်. သူတို့သေတော့ နောက်လူတွေ သင်ခန်းစာရ။ သင်ခန်းစာ မရသူတွေ ဆက်သေပေါ့။

ဒေါသကိုရှေ့ထားပြီးရေးသော်လည်း စာဖတ်သူအား အနှောင့်အယှက်ဖြစ်ခဲ့ရင်တောင်းပန်အပ်ပါသည်။ ယခု ကွန်မန့်အား အဆင်မပြေ အများအတွက် မသင့်တော်ဆိုပါက တာဝန်ရှိသူများမှ ပယ်ဖျက်ပေးပါ။ အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ် (စော်ကားသလိုဖြစ်ခဲ့မိရင်)။ ရှင်းရှင်းပြောရရင် ကိုယ်လဲ မကင်းပါဘူး ဒါပေမယ့် ဘာဖြစ်လဲ ဘာမှ မဖြစ်ဘူး။

zue said...

ဒီလိုပညာပေးပို့စ်လေးကို အားလုံးဖတ်သင့်တာပါ... ဒါမှ သိမယ်.. သိတဲ့သူတွေကလည်း တဆင့် အားလုံးကို လက်ဆင့်ကမ်းနိုင်တာပေါ့..