Tuesday, March 6, 2012

ဆရာမျိုးဟန်ကို - 2012 - March လ အတွက် ဗေဒင် ဟောစတမ်း

http://api.ning.com/files/fqUKtFY7A6tgSgdPFBrIcxPb02I9HniWeYgPlFlLsRbtFvoVZfxP6I9tcROjHrhIZaliwjnKAxzAFUWtGqncBVBodMK5oNjr/march.gif

ဆရာမျိုးဟန်ကို - 2012 - March လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့် တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ လုပ်ငန်းကိစ္စများ အတွက် ဆုံးဖြတ်ရ ခက်နေသော အချိန်လေး ဖြစ်ပါသည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။

ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ထွက်မဲ့ ကိစ္စတွေများနေမည်။ ခရီးယာယီတွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။ အလှူအတန်း နှင့် ဘာသာရေးကိစ္စများ အောင်မြင်လာမည်။ ပညာရေး ကြိုးစားမှု အားထုပ်မှု နည်းနေမည်။ အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇတ်လမ်းလေး တွေ့ရမည်။ စန်းပွင့်လာမည်။

အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး သင့်တင့်လေးပါ ခါးနာ ဒူးနာ ဖြစ်နေမည်။ ယတြာ = တနင်္ဂနွေနေ့ နေအိမ် ဘုရားတွင် ပန်း အနီရောင် ၇ ပွင့် တင်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးသော ဂဏန်း ။ ။ 4 6 5 0

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလတွေမှာ လိုချင်တာတွေ မရသေးဘူး။ မလိုချင်တာတွေ မရလာလိမ့်မည်။ အလုပ်အကိုင်တွေ အဆင်ပြေနေပေမဲ့ အလုပ်အတွက်နဲ့ စိတ်ညစ်နေရမည်။ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ ငွေကြေးအတွက်နဲ့ စိတ်ညစ်နေရမည်။ ရုက်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။

ဒီလတွေထဲ အနည်းငယ် စိတ်ညစ်နေရမည်။ငွေကြေးများကုန်ကျမှု များနေမည်။ ခရီးကိစ္စများ အဆင်ပြေမည်။ ပညာရေး ရည်ရွယ်ချက်များ အသစ်ပေါ်လာမည်။ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေပေမဲ့ စကားပြောဆိုမှုများ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ မတူညီပဲ စကားများနေရမည့် အချိန်လေးပါ။

ဒီလအတွင်း ကျန်းမာ ရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေးညံနေမည်။ ယတြာ = ကံကောင်းစေရန် အတွက် တနင်္လာနေ့ မိမိနေအိမ် ဘုရားတွင် မိမိမွေးနေတွင် ပန်းကန်ပြား တစ်ချပ်ပေါ်တွင် ဖယောင်းတိုင် ၁ တိုင်ထွန်း၍ လိုရာဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ 3 4 7 9

၃။ အင်္ဂါ သားသမီးများ အတွက်

ဒီလတွေမှာမိမိရည်ရွယ်နေသာ စိတ်ကူးများ အသေးအဖွဲ့ ကိစ္စလေးတွေ အရင်ပြည့်မှာပါ။ အလုပ်ကိစ္စများ ရှိနေပါက အမြန်ဆုံး သွားတွေ့ လိုက်ပါ။ အဆင်ပြေမဲ့ အချိန်လေးပါပဲ။ စီးပွားရေးမှာပုံမှန် လေးပါ။ ငွေကြေးကတော့ တဖြည်းဖြည်း ပြည့်စုံလာမဲ့ အချိန်လေးပါ။ အဆင်ပြေလာ မည်။ စက်ပစ္စည်း ဝင်လာမည် ။ အဝတ်အထည် အသစ်ဝင်မည်။ သူငယ်ချင်းများနှင့် ခရီးသွားရမည် အဆင်ပြေပါသည်။

ပညာရေး ကံကောင်းလာမည်။ အချစ်ရေးမှာ နီးမလိုလိုနဲ့ ဝေးနေရမည်။ အိမ်ထောင်ရေးမှာကတော့ စကားများနေရမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။ ယတြာ = ဆင်းရဲ့သောသူ
တစ်ယောက်ကို ဆပ်ပြာလှူ၍ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်း ။ ။ 7 1 0 3

၎။ ဗုဒ္ဓ္ဓဟူးသားသမီးအတွက်

ဒီလအတွင်း မိမိရဲ့ စိတ်ကူးလေးတွေဟာ အချိန်တွေ အရမ်းကြာမှ ဆန္ဒလေးတွေ ပြည့်စုံလာမယ်။ လွယ်လွယ်လေးနဲ့ အဆင်မပြေသေးပါဘူး အလုပ်အတွက်နဲ့ စီးပွားရေးအတွက်နဲ့ ပုံမှန်လေးပြုလုပ်သင့်တဲ့ အချိန်လေးပါပဲ။ ယခုလအတွင်း သူများတွေနဲ့ အထက်လူကြီးတွေနဲ့ စကားပြောဆိုတာတို့ အဆင်မပြေတာတွေ ဖြစ်နေမည်။

အလုပ်အကိုင် လုပ်ကိုင်တာတို့ အဆင်ပြေပါသည်။ အလုပ်အကိုင်စီးပွားရေး ငွေကြေးကိစ္စများ ပုံမှန်လေးပါပဲ။ တဖြည်းဖြည်း ပြည့်စုံလာမှာပါ။ စိတ်မညစ်ပါနဲ့။ ပညာရေး ကြိုးစားနေရမည်။ ခရီးကိစ္စများ သွားလာမှုများ သွားလိုက်ပါ။ အဆင်ပြေပါသည်။

အချစ်ရေးမှာ ရည်ရွှယ်နေပေမဲ့ အဆင်မပြေပါဘူး။ အိမ်ထောင်ရေးမှာတော့ လိုက်ဖက်ညီနေပါတယ်။ ယခုလ ကျန်းမာရေးမှာအိပ်ရေးပျက်တာတို့ စိတ်ပင်ပန်း တာတို့ဖြစ်နေမည်။ ယတြာ=ဗုဒ္ဓ္ဓဟူးနေ့ မိမိနေ့ နေအိမ်ဘုရားတွင် ပန်းကန်ပြားတစ်ချပ်တွင် ပန်းပွင့် ၉ ပွင့်ထည့်၍ အိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာ စေရန် အတွက် ဆုတောင်းယူပါ။ အကျိုးပေးသောဂဏန်း ။ ။ 5 0 1 1

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေမှာတော့ အဆင်ပြေလာမည်။ အထက်လူကြီးနဲ့ အတူတူပြုလုပ် ဆောင်ရွှက် တာတွေ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။ အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။

လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူးဗျာ မရခင်ကကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။ ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ ဒီလအတွင်း စနေသားသမီးများ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။

ပညာရေး ကိစ္စများ အကူအညီပေးသူ ပေါ်လာမည်။ အချစ်ရေးကတော့ လွမ်းနေရမည်။ အိမ်ထောင်ရေးကတော့ ရန်ဖြစ်နေမည့် အချိန်လေးပါ။ အခုလ ကျန်းမာရေး အနေနဲ့ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့မည်။ ခေါင်းမူးတာတို့ ဖြစ်မည်။ ယတြာ = အုန်းညွန့် ၃ ညွန့်ကို ကြာသပတေးနေ့ နံနက် ၉ နာ၇ီ ၄၅ မီနစ်တွင် မိမိရဲ့အိမ်ဘုရားတွင် တင်လှူရင်း လိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ အကျိုးပေးသော ဂဏန်း ။ ။ 2 5 9 0

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ မိမိလိုချင်သော ဆန္ဒတွေအားလုံး သူများကူညီပေးလို့ အဆင်ပြေလာမည်။ စိတ်မောလူမောနဲ့ လုပ်နေရတဲ့ ကိစ္စများ စိတ်ချမ်းသာမှုများ ရရှိလာမည်။ အလုပ်အကိုင်များ အရင်ထက် လုပ်ကိုင်ဆောင် ရွက်နေရမည်။ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင်ရွှက်မှုများ အဆင်ပြေမည်။ စီးပွားရေး ငွေကြေးကိစ္စများ ကူညီဆောင်ရွှက်ပေးသူ ပေါ်မည်။ ရုတ်တစ်ရက် ငွေကြေးကိစ္စများ အဆင်ပြေနေမဲ့ အချိန်လေးပါ။

ပညာရေး ဆက်လက် အောင်မြင်မှုများ ရရှိလာမည်။ခရီးတွေကတော့ သူငယ်ချင်းများ မိတ်ဆွေများနဲ့ သွားရမည်။ သူငယ်ချင်း မိတ်ဆွေများနဲ့ ဆုံတွေ့ရမည်။ ပညာရေး အဆင်ပြေနေမည်။ အချစ်ရေးမှာ ပျော်ရွှင်သော အချစ်ကို တွေ့ရမည်။ အိမ်ထောင်ရေး အဆင်ပြေပါသည်။ ကျန်းမာရေးမှာ စိတ်ပင်ပန်းနေမည်။ ခါးနာ ၊ မျက်စိအားနည်း ဖြစ်နေမည်။ ယတြာ = သောကြာနေ့ မိမိနေအိမ် ဘုရားတွင် ရွှေရောင် ပန်းကန်ပြားထဲတွင် သင်္ဘောသီး တစ်လုံးတင် လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 1 9 7 5

၇။ စနေသားသမီးများ အတွက်

ယခုလအတွင်း ကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ မိမိရည်ရွယ်နေသာ စိတ်ကူးများ အဆင်ပြေလာမည်။ စနစ်တကျနဲ့ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ စီးပွားရေး လုပ်ငန်းများ တိုးတက်အောင်မြင်မှု ရှိလာမည်။ စမ်တူကိစ္စများ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် ငြိုငြင်မှုခံရမည်။ သတိထားပါ။ ငွေကြေးကိစ္စများ အဆင်ပြေနေသာအချိန်လေးပါ။ ရအောင်သာ စုပေတော့ ကူညီသူ ပေါ်မည်။

မိသားစု အိမ်တွင်းရေး ကိစ္စများ ကောင်းသော အပြောင်းအလဲ တစ်ခုခု ဖြစ်ပေါ်မည်။ပညာရေး မှာ ကြိုးစားအားထုပ်မှု နည်းနေသော အချိန်လေး ဖြစ်ပါသည်။ ခရီးသွားမည့် ကိစ္စများ အဆင်မပြေသေးပါ။ ပညာရေး အားနည်းနေမည်။

အချစ်ရေးမှာ အဆင်ပြေနေသော ဘဝလေးသို့ ပြသာနာများ ဝင်ရောက် လာမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ မိသားစု ပျော်ရွှင်နေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်မည်။ ယတြာ = စနေနေ့ မိမိနေအိမ် ဘုရားတွင် သရက်သီး ၃ လုံးကို ကပ်လှူ၍ ကံကောင်း လာစေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 2 3 8 5

ဆရာမျိုးဟန်ကို

2012 - March လတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် - ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Sunday, March 4, 2012

အွန်လိုင်းပေါ်က မင်းအုပ်စိုး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လထဲ လူပြောအများဆုံး အမျိုးသား သရုပ်ဆောင်ကို ဆုပေးမယ် ဆိုရင် အဲဒီဆုကို မင်းအုပ်စိုး ရနိုင်ပါတယ်။

နေပြည်တော် အကယ်ဒမီပေးပွဲ အခမ်းအနား အပြင်ဘက်မှာ ခြံစည်းရိုးပေါ် ကျော်ခွတက်နေတဲ့ မင်းအုပ်စိုးရဲ့ပုံဟာ Facebook ပေါ် ရောက်လာပါတယ်။ ဒီမင်းသား အကယ်ဒမီ မရလို့ သောင်း ကျန်းနေတာလားလို့ ပရိသတ်တချို့က သံသယ ၀င်ကြတာပေါ့။ အကယ်ဒမီဆုရသူများရဲ့ ဂုဏ်ပြုညစာ စားပွဲတွေတက်ပြီး အရက်မူး၊ သောင်းကျန်းခဲ့ပါသေးတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

လမ်းလယ်မှာ ထိုင်နေတဲ့ မင်းအုပ်စိုး (ဓာတ်ပုံ - လှမိုးအောင် / facebook)

ခြံကျော်တက်၊ မူးပြီးရစ်တာလောက်နဲ့တော့ လူပြောအများဆုံးဆု ဘယ်ရနိုင်ပါ့မလဲ။ ဖေဖော်ဝါရီ ၁၅ ရက်နေ့ဟာတော့ မင်းအုပ်စိုး အဲဒီဆု ရဖို့ အလားအလာ အကောင်းဆုံးနေ့ ဖြစ်သွားပါတယ်။

အဲဒီနေ့မှာ ဇာတ်လိုက် မင်းအုပ်စိုးက ရန်ကုန်မြို့၊ ဖိုးစိန်လမ်းက အမှိုက်ပုံတခုကို မီးရှို့လိုက်တယ်၊ ရဲတွေရောက်လာတယ်၊ ရောက်လာတဲ့ ရဲတွေထဲက တယောက်ကို ထိုး၊ ရဲကားမှန်တချပ်ကို ခွဲလိုက်တယ် ဆိုပြီး The Voice Weekly ဂျာနယ်မှာ ရေးသားထားပါတယ်။ အဲဒီဖြစ်ရပ် မှတ်တမ်းဓာတ်ပုံတွေ မရှိဘူးလို့ ယူဆရပါတယ်။ အဲ … ရဲတွေနဲ့ ပဋိပက္ခဖြစ်ပြီး နောက်ပိုင်း ဖြစ်ထွန်းမှုတွေကတော့ မှတ်တမ်း ရှိပါတယ်။

အင်တာနက်မှာ ကနဦး တက်လာတဲ့ပုံကတော့ အေးရာအေးကြောင်းပါပဲ။ မင်းအုပ်စိုးက လမ်းလယ်မှာ တင်ပလ္လင်ခွေပြီး ထိုင်နေပါတယ်။ ဘေးမှာလည်း ကားတွေရှုပ်နေတာပဲ။

“ဟာ … မင်းအုပ်စိုး လမ်းလယ်မှာ ထိုင်နေတယ်” လို့ ဆိုတော့ ဧရာဝတီသတင်းဌာန စာတည်းတယောက်က “ဒီဆရာ ပါဖောင်းမင့် လုပ်နေတာထင်တယ်” တဲ့။ ထင်ရင်လည်း ထင်စရာမဟုတ်လား။

မင်းအုပ်စိုးဟာ သရုပ်ဆောင်၊ ဒါရိုက်တာ၊ သရပါ မဂ္ဂဇင်း အယ်ချုပ်၊ ကုမ္ပဏီပိုင်ရှင်၊ လုပ်ငန်းရှင်၊ စာတွေလည်းရေးတဲ့သူမို့ ပါဖောင်းမင့် လို့ ခေါ်တဲ့ တင်ဆက်မှုအနုပညာကို ဖန်တီးတာ ဖြစ်မှာပါ ပေါ့လေ။ ဒီခေတ်မှာက နာမည်ကြီးရင် လိုင်းပေါင်းစုံ လုပ်တတ်ကြတယ်မဟုတ်လား။

မင်းအုပ်စိုး ပါဖောင်းမင့်လုပ်နေတာ မဟုတ်မှန်း ဘယ်အချိန်မှ သိသွားသလဲဆို နောက်ဆုံး ကားလမ်းပေါ် ပုဆိုးမပါ၊ အတွင်းခံဘောင်းဘီ မပါဘဲ လျှောက်သွားနေတဲ့သူ့ကို လူတယောက်က ဆွဲခေါ်နေတဲ့ပုံ Facebook မှာ တက်လာမှပဲ သိသွားပါတော့တယ်။ အခုတော့ တရားစွဲခံထားရပါပြီ။

မနှစ်တုန်းကလည်း မိုင်တိုင် ၇၄ လို့ ထင်ရှားတဲ့ “ကားပေါ်မှာလိုက်လာတယ်” ဇာတ်ကားကို ဆင်ဆာခွင့်ပြုချက်မပါဘဲ မင်းအုပ်စိုးရဲ့ သရ၀ဏ်ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက ဖြန့်တယ် ဆိုပြီး တရားစွဲခံထားရပါသေးတယ် တဲ့။

ဒီဇာတ်ကား တကားလုံး ဆင်ဆာ ထိသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ဗိုလ်မှူးတယောက်ရဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံ ရိုက်ကူးထားတယ် ဆိုတဲ့ အချက်လည်း ပါတယ်လို့ ဆိုတယ်။ ဆင်ဆာအဖွဲ့က ပိတ်ထားတာကိုတောင် ရဲရဲကြီး ဖြန့်ချိရဲတယ်ဆိုတော့ မင်းအုပ်စိုးမှာ ဘယ်လို သတ္တိခွန်အားတွေ ရှိနေသလဲလို့ တွေးသူက တွေးနေပါတယ်။

သူ့ကို အငြိမ်းစားဗိုလ်မှူးကြီးတဦးက မွေးစားထားလို့ ဒီလို ခွန်အားတွေ ရှိနေတာပေါ့ ဆိုပြီး တချို့က ပြောပါတယ်။

နောက်ဆုံးသတင်းအရ ဆိုရင် … သူ့အိမ်မှာ လိုင်စင်မဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ရှိတာကို ရဲက တွေ့သွားတယ် တဲ့။ အခုတော့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မင်းအုပ်စိုး ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၃၀ ကျော်တယ်လို့ ဆိုပါတယ်။

ဗဟန်းမြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းတဲ့အခါ “သူ့အမှုတွေက အများကြီးပဲလေ။ အများကြီးဆိုတော့ ကျနော်တို့က ဘာကို ပြောရမှာလဲ” လို့ တာဝန်ကျ ရဲအရာရှိတဦး ဆိုပါတယ်။

ကဲ … သရုပ်ဆောင် မင်းအုပ်စိုးတယောက် သူများ မလုပ်ရဲတဲ့၊ ထူးခြားတဲ့ အလုပ်တွေ ဘယ်သူ့အားကိုးနဲ့များ သတ္တိကောင်းကောင်း လုပ်နေပါလိမ့်။ သူ့အမှုတွေဟာ ဘယ်လို ဖြစ်လာမလဲ၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး ဘယ်လောက်တောင် တည့်မတ် မှန်ကန်လာပြီလဲ ဆိုတာကို ပြည်သူတွေနဲ့အတူ မစပ်စု စောင့်ကြည့်ရင်း…။

သရုပ်ဆောင်မင်းအုပ်စိုးအား မူးယစ်ရမ်းကားသောကြောင့် ဗဟန်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်ထား

Source by :http://burma.irrawaddy.org

Friday, February 24, 2012

မလေးရှားနိုင်ငံ ပီနန်မြို့မှ သုခကာရီ ပရဟိတ အသင်းလေး နှင့် အင်တာဗျူး အစီအစဉ်



အဝေးရောက် မလေးမြေမှာ အလုပ် လုပ်ကိုင်ရင်း တစ်ဖက်က ပရဟိတ ကိစ္စလေးတွေ တစ်ဖက် တစ်လမ်းက အားတက်သရော လုပ်ဆောင်နေပြီး လူငယ်အသင်းလေး တစ်ခု ဖြစ်တဲ့ မလေးရှားနိုင်ငံ ပီနန်မြို့ နာဂါဆာရီ ရပ်ကွက်ရှိ သုခကာရီ အသင်းလေးအား စာဖတ်သူများကို တင်ပြနိုင်ဖို့ အတွက် ကျွန်တော် ပီနန်မြို့သို့ သွားရောက်ပြီး သုခကာရီ အသင်း ခေါင်းဆောင်များနဲ့ အခုလို သိချင်တာလေးတွေကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။



မေး = သုခကာရီ အသင်းလေးကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော နေ့ရက်လေးကို သိပါရစေ ... ဒီမေးခွန်းကိုတော့ သုခကာရီအသင်း ဥက္ကဌ ဖြစ်တဲ့ ကိုအောင်အောင် မှ ဖြေကြားပေးလိုပါတယ်။

ကျွန်တော်တို့ရဲ့ သုခကာရီ ၂၀၁၁ ခုနှစ် ၄ လပိုင်း ၁၄ ရက်နေ့မှာ စတင်ဖြစ် တည်ထောင်ဖြစ်ခဲ့ပါတယ်။

မေး = အသင်းလေးကို တည်ထောင်ပြီးသွားပြီးဆိုတော့ အသင်းလေးရဲ့ ရည်ရွှယ်ချက် ဦးတည်ချက် တွေကိုလည်း ပြောပြပေးပါဦး ...

ကျွန်တော်တို့ အသင်းလေးရဲ့ ရည်ရွှယ်ချက်လေးတွေကတော့

၁ ။ မြန်မာလူငယ်များတွင် ဘာသာရေး စိတ်ဓါတ်/ဘာသာရေး အသိမြင်ပိုမိုရင့်သန် လာစေရန်

၂ ။ လူငယ်များတွင် အများကျိုးသယ်ပိုးတက်သည့် ပရဟိတ စိတ်ဓါတ်ပိုမိုရှင်သန် လာစေရန်

၃ ။ မြန်မာ လူငယ်များအချင်းချင်း ရင်းနှီးချစ်ခင်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲ လာစေရန်

၎ ။ မိမိတို့၏ လုပ်အားခ လစာငွေဖြင့် ကောင်းမှု ကုသိုလ်တစ်ခုကို လစဉ်ပုံမှန် ပြုလုပ်သွားနိုင်ရန်

၅ ။ မြန်မာပြည်ရှိ မိဘမဲ့ ကလေးငယ်များ၏ ဘ၀ကို စာနာနားလည်တက်စေရန် နှင့် ထို ကလေးငယ်များအတွက် တက်အားသမျှ ကူညီထောက်ပံ့သွားနိုင်ရန်

၆ ။ မလေးရှားနိုင်ငံတွင်းရှိ မြန်မာ ဘုန်းတော်ကြီးကျောင်းများ နှင့် ဗုဒွဘာသာ နေ့ထူးနေ့မြတ်များတွင် ကုသိုလ်ဖြစ်လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ပါဝင် လုပ်ကိုင်သွားနိုင်ရန်

၇ ။ မလေးရှားနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်းမာရေးချို့ တဲ့ပြီး အတိဒုက္ခ ရောက်နေသော ရွှေညီအစ်ကို မောင်နှမများကို တစ်ဖက်တစ်လမ်းမှ အကူညီပေး သွားနိုင်ရန်

အထက်ဖော်ပြပါ ရည်ရွယ်ချက် ( ၇ ) ချက်ဖြင့် သုခကာရီအသင်းကို ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါတယ်။

မေး = အသင်းလေးကို လူဦးရေ ဘယ်လောက်နဲ့ လုပ်ဆောင်ဖြစ်လဲ ?

ဟုတ် .... ၂၀၀ ကျော် လောက်ရှိပါတယ်။



မေး = သုခကာရီ အသင်းလေးရဲ့ လုပ်ဆောင်ချက်လေးတွေကိုလည်း စာဖတ်သူများကို သိအောင် ဖြေကြားပေးပါဦး ... ဒီမေးခွန်းကိုတော့ အသင်းတာဝန်ခံ ၂ ဖြစ်တဲ့ ကိုမြင့်လွင် မှ ဖြေကြားပေးပါ ခင်ဗျာ။

ကျွန်တော်တို့ အသင်းလေးကို စတည်ဖွဲ့ စည်းပြီး အချိန်မှာ ၂၀၁၁ ၊ ၄ လ ပိုင်း သင်္ကြန်ရောက်တဲ့အချိန်မှာ ပီနန် ဘုန်းကြီး ကျောင်းမှာ စတုဒီသာ အလှူလုပ်ဖြစ်ပါတယ်။

ပြီးတော့ ဝါဆိုလ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့က လူငယ်တွေနဲ့ ဝါဆိုသင်္ကန်းကပ်တဲ့ အလှူကိစ္စများကို လုပ်ဆောင်ဖြစ်ပါတယ်။ ပြီးတော့ တန်ဆောင်မုန်းလ

ရောက်ရင် အားလုံးစုပေါင်းပြီးတော့ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းဖြစ်ခဲ့ပါတယ်။

ပြီးတော့ တရုပ်နှစ်သစ်ကူးမှာဆိုရင် တရားစခန်း ဝင်သူတွေ ပြီးတော့ ဒုလ္လဘ ရဟန်းခံပေးခြင်း စတဲ့ အလှူကိစ္စတွေကို စေတနာ တက်သန်စွာ လုပ်ဆောင်ပေးခဲ့ပါတယ်။

ပရဟိတ ကိစ္စတွေ မှာဆိုရင် အခု စနေ ၊ တနင်္ဂနွေ နေ့လို အလုပ်အားတဲ့ ရက်တွေမှာ ကျွန်တော်တို့ အသင်းရဲ့လူငယ်တွေနဲ့ ရပ်ကွက်ထဲက အိမ်တွေမှာ အန္တရာယ်ကင်း

ပရိတ် လိုက်ရွက်ပေးတာတွေ ရှိပါတယ်။ ပြီးတော့ သာရေး ၊ နာရေး ကိစ္စတွေ ကျန်းမာရေးနဲ့ ပက်သက်တဲ့ကိစ္စတွေကို တတ်နိုင်သလောက် ငွေအား လူအားနဲ့ ကူညီလုပ်ဆောင်ပေးဖြစ်ပါတယ်။

ပြီးတော့ အခါကြီး ရက်ကြီးလို နေ့ရက်တွေမှာဆိုရင် လုပ်အားဒါန လုပ်ဆောင်တာတွေ ဝတ်ရွတ်တာတွေ လုပ်ဆောင်ဖြစ်ပါတယ်။ မြန်မာပြည် ကိစ္စတွေမှာဆိုရင်

မိဘမဲ့ ကလေးကိုတွေ ပညာရေးကိစ္စတွေမှာ လှူဒါန်းဖြစ်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ လှူဒါန်းဖြစ်တဲ့ နေရာကတော့ မှော်ဘီမြို့နယ်ရှိ မြောင်းတကာကျောင်းရှိ မိဘမဲ့ ကလေးတွေအတွက် တစ်လတစ်ခါ လှူဒါန်းဖြစ်ပါတယ်။

မေး = သုခကာရီ ဆိုတဲ့ ပရဟိတ လုပ်ဆောင်တဲ့ နာမည်လေးကို ဘယ်လိုစိတ်ကူးလေးနဲ့ ရွေးချယ် ပေးဖြစ်လဲ ?

ဒီနာမည်လေးကို ပေးဖြစ်တာကတော့ ကျွန်တော်တို့ ဗုဒ္ဒဘာသာတွေဆိုတော့ သုခ ဆိုတာက ချမ်းသာခြင်း + ကာရီ ဆိုတာက အလုပ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဆိုတဲ့ စကားက ကောင်းတဲ့ အလုပ်ပေါ့ ..... ဒီလို အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် သုခကာရီဆိုတဲ့ အမည်လေးကို ပေးဖြစ်ပါတယ်။

မေး = အလှူကိစ္စ ပရဟိတတွေကို ရှေ့ဆက်လုပ်ကိုင်နိုင်ဖို့ အတွက် ရန်ပုံငွေ (မတည်ငွေ) များကို ဘယ်လို စီစဉ်ဆောင်ရွက်ထားလဲ ?

အလှူကိစ္စ ပရဟိတတွေကို ရှေ့ဆက် လုပ်ကိုင်နိုင်ဖို့ အတွက် အသင်းဝင်ထားတဲ့ လူငယ်တွေဆီက လစဉ် အလှူငွေ တစ်ယောက်ကို ၅ ကျပ်နှုန်း သတ်မှတ် ကောက်ခံပါတယ်။ အသင်းလေးအတွက် တစ်ခြား ရန်ပုံတွေရှာတာတို့ ထူးထူးထွေထွေ သိပ်မလုပ်ဖြစ်ပါဘူး။ ကျွန်တော်တို့အားလုံးက အလုပ်တစ်ဖက်နဲ့ ဆိုတော့ သိပ်အဆင် မပြေတာတွေ ရှိပါတယ်။ ဒါပေမဲ့ အချိန်ရရင်တော့ လုပ်ဆောင်ဖြစ်မှာပါ။

မေး = သုခကာရီ အသင်းလေးကို ဦးစီး ဦးဆောင်နေတဲ့ နာမည်လေးတွေကို ပြောပြပေးပါဦး ...

ကျွန်တော်တို့ အသင်းလေးကို ဥက္ကဌ တာဝန်ယူပြီး ဦးဆောင်နေတာကတော ကျွန်တော် အောင်အောင် ဖြစ်ပါတယ်။

တာဝန်ခံ - ၁ ကတော့ ကိုကျော်စွာဝင်း
တာဝန်ခံ -၂ ကတော့ ကိုမြင့်လွင်
တာဝန်ခံ - ၃ ကတော့ မချို
တာဝန်ခံ - ၄ ကတော့ မမော်လီ တို့ဖြစ်ပါတယ်။



မေး = ယခုလက်ရှိ ပရဟိတ ကိစ္စတွေ ကူညီပေး ဖြစ်ခဲ့ပုံလေးပေါ့ တစ်ခုခု ဖြေကြားစေလိုပါတယ်။

ကျွန်တော်တို့ အသင်းလေးက ဘာသာရေး လူမှုရေးကိစ္စတွေကို အတတ်နိုင်ဆုံး ပါဝင် လုပ်ဆောင် ကူညီပေးပါတယ်။ အခု မကြာသေးမီ အချိန်က ဘီအမ် ဖားအောက်တောရကျောင်းမှာ ကျောင်းဆောက်တဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ သုခကာရီ အသင်းလေးမှ သွားရောက်ပြီး အလှူငွေ လှူဒါန်းခြင်း လုပ်အားဒါန လုပ်ဆောင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းလေးမှ မလေးရှား ရင်းဂစ် ၈၀၀၀ ကျော်လှူဒါန်းခဲ့ပါတယ်။

မေး = ပရဟိတ ဆိုတာ အများနဲ့ လုပ်ဆောင်တဲ့ အလုပ်တစ်ခုလို့ ကျွန်တော် နားလည်ထားပါတယ်။ ဆိုတော့ အသင်းဝင် လူတွေအများနဲ့ အဆင်ပြေအောင် သူတို့စိတ်ကျေနပ်မှုရှိအောင် အစ်တို့က တာဝန်ယူ လုပ်ဆောင်နေတဲ့ ဦးစီး ဦးဆောင် လူကြီးတစ်ယောက် အနေနဲ့ ဘယ်လို အရာတွေကို သည်းခံနားလည်ပေးပြီး
လုပ်ဆောင်ဖြစ်သလဲ ? ဆက်လက်ပြီး တာဝန်ခံ - ၄ ကတော့ မမော်လီ မှ ဖြေကြားပေးပါ ခင်ဗျာ။

မင်္ဂလာပါရှင် .... ကျွန်မတို့ရဲ့ အလုပ်က အများနဲ့လုပ်ဆောင်ရတာပါ။ ငွေကြေး အလှူငွေ ကိစ္စတွေမှာ တစ်လ တစ်ခါ ရှင်းတမ်း အနေနဲ့ လူအများ မြင်သာတဲ့ မြန်မာဆိုင်တွေမှာ စာရွှက်တွေ လိုက်လံဖြန့်ဝေပေးပါတယ်။ ပြီးတော့ အသင်းဝင် လူငယ်တွေရဲ့ စိတ်ကျေနပ်မှုရအောင် အဆင်ပြေအောင် လုပ်ဆောင်ပေးပါတယ်။ လူအများနဲ့ လုပ်ဆောင်ရတယ် ဆိုတော့ အတတ်နိုင်ဆုံး ကျွန်တော်တို့လို ဦးစီး ဦးဆောင်လုပ်တဲ့ လူတွေက သူတို့ အဆင်ပြေအောင် လုပ်ဆောင်ပေးပါတယ်။ အားလုံးကိုပေါ့။

မေး = ရှေ့ဆက်ဘယ်လို လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိသလဲ ဆိုတာ အွန်လိုင်း ရေဒီယို ပရိသတ်များနဲ့ စာဖတ်သူများ သိအောင် ဖြေကြားပေးပါဦး ...

ရှေ့ဆက် ကျွန်တော်တို့ အသင်းလေးရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားမှာပါ။

မေး = မလေးရှားရောက် မြန်မာများအတွက် တစ်ခုခု ပြောပေးပါဦး ?

ဟုတ်ကဲ့ ... မလေးရှားရောက် မြန်မာများ အားလုံးပေါ့ ... ကိုယ်ရောက်ရှိနေတဲ့ နေရာကနေ အမျိုးဘာသာ သာသနာကို တတ်နိုင်သရွှေ့ တစ်ထောင့်တစ် နေရာကနေ အကျိုးပြုနိုင်ကြပါစေလို့ ပြောကြားလိုပါတယ်။



မေး = သုခကာရီ အသင်းလေးကို ဆက်သွယ်နိုင်မဲ့ လိပ်စာလေးကိုလည်း အသင်းတာဝန်ခံ ကိုမြင့်လွင်မှ ဖြစ်တဲ့ ဖြေကြားပေးပါဦး ....

ဟုတ်ကဲ့ ... ကျွန်တော်တို့ရဲ့ သုခကာရီ အသင်းလေးကို ဆက်သွယ်မယ်ဆိုရင် LORONG 1 No (1) TAMAN NEGGASARI 13600 PRAI , PENANG , MALAYSAI နဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်လေးတွေကို http://thukhakari.blogspot.com/ ဒီနေရာလေးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဖုန်းနံပတ်ကတော့ ကိုအောင်အောင် - ၀၁၆ - ၅၀၅၂ ၂၇၁ - ကိုမြင့်လွင် - ၀၁၇ - ၅၈၉၁ ၃၀၉ နဲ့ အီးမေး kyawyaza1985@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။

အခုလို သိချင်တာ လေးတွေကို အချိန်ပေး ဖြေကြားပေးသော သုခကာရီ အသင်း ဥက္ကဌ ဖြစ်တဲ့ ကိုအောင်အောင် ၊ ကိုမြင့်လွင် ၊ မမော်လီ တို့အား ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ ဆက်လက်၍ ပရဟိတကိစ္စတွေကို ရှေ့ဆက် အများအတွက် လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ။

ဟုတ်ကဲ့ပါ ရှင် ... ကျွန်မတို့ရဲ့ သုခကာရီ အသင်းလေးကို အခုလို ပီနန်လာရောက်ပြီး အင်တာဗျူး လာရောက် မေးမြန်းပေးတဲ့ ကိုနေဇော်လင်း ကိုလည်းအထူးပဲ ကျေးဇူးတင်ရှိပါတယ်ကြောင်း ပြောကြားပါရစေ .... ရှင်....



အင်တာဗျူး လေးနဲ့ ဒီလောက်ပါပဲဗျာ ... မလေးရှားနိုင်ငံ ပီနန်ကိုရောက်တယ် ဆိုရင် သုခကာရီ အသင်းလေးနဲ့ ပက်သက်ပြီး သွားရောက် လေ့လာ နိုင်ပါကြောင်း သုခကာရီ ပရဟိတ အသင်းလေးနဲ့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးရင်း ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို ဒီနေရာလေးမှာပဲ ရပ်နားလိုက်ပါတယ် ခင်ဗျား ....

အင်တာဗျူး အစီအစဉ် အသံဖိုင်အား ကျွန်တော်ရဲ့ ရေဒီယို အစီအစဉ်မှ မလေးစံတော်ချိန် တွင် အွန်လိုင်းမှ ထုပ်လွင့်ပါမည်။ ၂၂ ရက်နေ့တွင် ည ၉ နာ၇ီခွဲ ၂၆ ရက်နေ့တွင် ည ၁၂ နာရီတွင် ထုပ်လွင့်ပေးပါမည် ဖြစ်ပါ၍ အွန်လိုင်းမှ တိုက်ရိုက် နားဆင်နိုင်ပါသည်။


အွန်လိုင်းရေဒီယို လိပ်စာ
http://nayzawlin1music.listen2myradio.com/


http://www.nayzawlin.com/search/label/Interview

Malaysia News Information & Online Radio Blogger

Thursday, February 16, 2012

သမီးအလိမ္မာတုံးလေး ၏ ပေးစာ

သို့ ... ဖေဖေနှင့် မေမေ ကျောင်းစဖွင့်ကတည်းက မအားတော့တာနဲ့ မေမေ ဖေဖေတို့ ဆီကို စာမရေးဖြစ်တော့ဘူးနော်။ အခုမှပဲ ဖြစ်ဖြစ်သမျှ အကြောင်းတွေကို အားရပါးရ ပြောပြရတော့မယ်။ ဒီစာဖတ်ပြီး တော့လဲ စိတ်ပူမနေကြနဲ့ ဦး။ ဖြစ်ပုံကဒီလို… ဘာမှတော့ စိုးရိမ်စရာမဟုတ်ပါဘူး။ ပြီခဲ့တဲ့ တစ်ပတ်လောက်ကတော့ ပါတီတစ်ခုကိုသွားပြီး အပြန်မှာ ခေါင်းတွေ သွက်သွက်ခါလောက်အောင်ကို မူးခဲ့တယ်။ ဒါကလည်း ဆေးမှားသောက်မိလို့ ပါ။ အဲဒီဆေးကလဲ ပါတီမှာတွေ့ တဲ့ ကောင်လေးတစ်ယောက်က သမီးကို စမ်းသောက်ကြည့်ဖို့ ပေးတာလေ။ ဒါပေမယ့် အဲဒီနေ့ က အဖြစ်အပျက်တွေကိုတော့ ပြန်ပြောပြလို့ ရလောက်အောင် သိပ်ပြီး မမှတ်မိချင်တော့ဘူး။ သမီးရဲ့ အဝတ်အစားတွေ အကုန်လုံးကိုတော့ နောက်နေ့ မနက် ပြန်ရှာတွေ့ ပါတယ်။ အဲဒီအတွက်တော့ ဘာမှ စိတ်ပူစရာမလိုပါဘူး။ ဆေးရုံရောက်မသွားတာပဲ တော်သေးတယ် ပြောရမယ်လေ။ အခုတော့ တစ်နေ့  သုံးကြိမ်လောက် ခေါင်းတအား ထိုးထိုးကိုက်တာက လွဲလို့  ဘာမှမဖြစ်တော့ပါဘူး။ ကျောင်းတက်ခါစက အဆောင်မှာ နေတာဆိုတော့ ဆူဆူညံညံ အသံတွေကြောင့် မလွတ်လပ်ဘူးပေါ့။ အခုတော့ ကောင်လေးတစ်ယောက်နဲ့  လိုက်နေတာ အားလုံး အဆင်ပြေပါတယ်။ သူက သမီးတို့ ကျောင်းနားက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တယ်လေ။ သူကသမီးအပေါ်မှာ ကောင်းရှာပါတယ်။ အခုလဲ သူကလက်ထပ်မယ်တဲ့လေ။ ဘယ်နေ့ ဘယ်ရက်လို့ တော့ မရွေးရသေးပါဘူး။ ဒါပေမယ့် သမီးကတော့ သိပ်ကြာကြာ မစောင့်ချင်တော့ဘူး။ ဗိုက်ကလဲ တနေ့ ထက်တနေ့  ပိုပိုပူပူ လာနေပြီ။ ဖေဖေနဲ့  မေမေတို့ ရေ… ဖေဖေတို့ ရဲ့ သမီးက ကလေးအမေဖြစ်တော့မှာ။ အားလုံး အဆင်ပြေပါတယ်။ တခါတခါတော့ ခေါင်းထဲမူးတူးတူး ရှိတာပေါ့။ ဒါပေမယ်လဲ ဒါက အနာတွေပေါက်နေလို့  ဆေးသောက်နေရလို့ ဖြစ်တာပါ။ အနာတွေက အာဘ်ဒူဆီက ကူးတာလေ။ ဒါလဲ သူ့ အပြစ်တော့ မဟုတ်ပါဘူး။ အမှန်က သမီးကိုယ်တိုင် စောစောထဲက ဆင်ခြင်ခဲ့ဖို့ ကောင်းတာပါ။ အာဘ်ဒူကိုတော့ ဖေဖေ မေမေတို့ လက်ခံရလိမ့်မယ်။ သူက ဘာပညာမှတော့ မတတ်ပါဘူး။ ဒါပေမယ့် အရမ်း ရည်ရွယ်ချက်ကြီးတာ။ အခုလဲ သူက ကိုယ်ပိုင်ဓာတ်ဆီဆိုင် ဖွင့်မယ်တဲ့လေ။ သမီးနာမည်နဲ့  ဘဏ်ကနေ ငွေချေးလို့ ရရင်ပေါ့။ သူကအချုပ် ကျဖူးထားတော့ ဘဏ်မှာ သူ့ နာမည်နဲ့ ငွေချေးလို့ မရဘူးတဲ့လေ။ သူက နိုင်ငံရေးကိုတော့ စိတ်ဝင်စားမှုရှိပါတယ်။ သူက အာရတ်အဖွဲ့ သုံးဖွဲ့ ရဲ့ အဖွဲ့ ဝင်တစ်ယောက်လေ။ ဘင်လာဒင် ထောင်ထားတဲ့ အဖွဲ့ တွေပေါ့။ ဘင်လာဒင်ဆိုတာ တကယ့်ကို ကျိကျိတက်ချမ်းသာတဲ့ မီးခိုးရောင် မုတ်ဆိတ်ရှည်ကြီးနဲ့ လူလေ။ သမီးက ဒီထက်ပိုပြီးတော့ တော့ သူတို့ အကြောင်းတွေ မသိပါဘူး။ သူတို့  စည်ဝေးနေပြီဆိုရင်လဲ သမီးကို သူတို့ အနားကနေ အမြဲ ထွက်သွားခိုင်တယ်လေ။ မနေ့ တနေကတော့ သူ့ ကို သမီးကိုယ်တိုင် ရဲစခန်းမှာ သွားပြီးရွေးခဲ့ရသေးတယ်။ သူ ရဲတွေကို ပြန်ထိုးနှက်ပြီး ပြောနေလိုက်တာအမေရယ် ရဲမှူးသုံးယောက်မှာ ပါးစပ်ကို ပိတ်ရောပဲ။ သူကသမီးအတွက် ဂုဏ်ယူတယ်တဲ့။ သမီးက မွတ်စလင်ဘာသာဝင် မိန်းကလေးတွေလို ခေါင်းပေါင်းဆောင်းထားတာ (ဟုတ်တယ် အမေ သမီးအဲဒါကို မဆောင်းမနေ ဆောင်းရတယ်) သူ့  အရင်မိန်းမတွေထက် ပိုပြီး ကြည့်လို့ လှတယ်တဲ့။ ကဲ… အခုတော့ သမီးရဲ့ ဘဝအခြေအနေ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်ဆိုတာ အမေတို့ သိပြီမဟုတ်လား။ အမှန်တော့ သမီးပြောခဲ့တဲ့ ခေါင်းကိုက်တာတို့ ၊ ဆေးမှားတာတို့ ၊ ကလေးရတာတို့ ၊ အနာတွေပေါက်တာတို့ ၊ ရည်းစားရနေတာတို့ ဆိုတာ တကယ်မဟုတ်ပါဘူး။ သမီးဒီလ ဖြေခဲ့တဲ့ စာမေးပွဲ ၅ ဘာသာမှာ နှစ်ဘာသာကကျပြီး နှစ်ဘာသာက ပြန်ဖြေရမှာတဲ့။ ဒါပေမယ့် အခုဏက ပြောခဲ့တဲ့ အဖြစ်အပျက်တွေနဲ့  နှိုင်းယှဉ်ကြည့်ရင်တော့ ဒါဟာ ဘာမှ မပြောပလောက်ပါဘူး လေ… နော် ချစ်တဲ့ သမီး




face book စာမျက်နှာရဲ့ ဟာသကမ္ဘာ (Funny World) တင်ထားတာလေးကို သဘောကျမိလို့ ကူးယူလာတာပါ