Tuesday, May 14, 2013

မလေးရှားမှ ရွှေမြန်မာများဖတ်ရန် အရေးပေါ် အထူးသတိပေးချက်(၁၈)

 

ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကေအယ် ကိုတာရာယာ ၊ မိုင်ဒင်း အနီးတစ်ဝိုက်နှင့် မြန်မာဆိုင်တန်း ဖက်များတွင် အော်ပရာဇီဝင်(စစ်ဆေးရေး)များ မကြာခဏ ခရီးသွားသူများကို စစ်ဆေးလျက် ရှိနေပြီး အထောက်အထား မခိုင်လုံပါက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ 

၁၄.၅.၂၀၁၃ အင်္ဂါနေ့ ညနေ ၂ နာရီကနေ ၄ နာရီအတွင်း ကေအယ်ရှိ ကိုတာရာယာ ကုန်တိုက်ရှေ့တွင် အချုပ်ကားများ ရပ်ထားပြီး ခရီးသွားလာသူများကို အထောက်အထား စစ်ဆေးကာ အထောက်အထား မခိုင်လုံသော သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ 

အောက်ပါနေရာတွင် ဝင်ရောက်ဖတ်ရှုပါရန် ........ 

နေဇော်လင်း 
Free Online Radio Media (Malaysia News) 

Saturday, May 11, 2013

မုန်တိုင်းသတင်း (2 PM) - May 11 2013 နောက်ဆုံးရ သတင်းများ

 
အပူပိုင်းမုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ ဘင်္ဂလား ပင်လယ်အော်မှ အပူပိုင်းမုန်တိုင်း ဆိုင်ကလုန်းမုန်တိုင်း အဆင့် ရောက်ရှိနိုင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒေသကို ဖြတ်ကျော်မည်ဟု ခန့်မှန်းမှုများက ဖော်ပြ ဘင်္ဂလား ပင်လယ်အော်မှ အပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရှိလာနိုင်ကြောင်း သတင်းရရှိပါသည်။ 

အဆိုပါ အပူပိုင်း မုန်တိုင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော်သက်ရောက်နိုင်သည်ဟုလည်း နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းရေးနှင့် သဘာဝဘေး ထုတ်ပြန်ရေးဆိုင်ရာ ၀က်ဘ်ဆိုက်များတွင် ခန့်မှန်းဖော်ပြ ထားကြသည်။ 

 Joint Typhoon Warning Center က မုန်တိုင်းသည် လာမည့် မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား (မောင်တောနှင့် စစ်တကောင်း) ကို ဖြတ်ကျော်ကာ ကုန်းတွင်းဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသည်။ 

 ဖြတ်ကျော် ၀င်ရောက်စဉ်တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၇၅ မိုင်မှ ၁၀၅ မိုင်ကြား ရှိနိုင်ပြီး မုန်တိုင်းဒီရေ အမြင့်မှာ သုံးပေမှ ငါးပေခန့် ရှိနိုင်သည်ဟုလည်း Myanmar Climate Change Watch က ထုတ်ပြန်ထားသည်။ accuweather.com ကလည်း မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော်မည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့ကို အဓိက သက်ရောက်မည်ဟု ခန့်မှန်းဖော်ပြထားသည်။ 

အဆိုပါ အပူပိုင်း မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိပြီးနောက် မေလ ၁၀ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ wunderground.com က မုန်တိုင်းသည် မကြာမီ category 1 အဆင့်သို့ ရောက်ရှိလာမည် ဖြစ်သည်ဟု ခန့်မှန်းထားသည်။ 

ရုပ်သံအစီအစဉ်ကို အောက်ပါနေရာတွင် ဝင်ရောက်ကြည့်ရှုပါရန် .... http://www.malaysiaonlineradiomedia.com/2013/05/2-pm-may-11-2013.html

Friday, May 10, 2013

ဆရာမျိုးဟန်ကို၏ 2013, May လ အတွက် ဗေဒင် ဟောစတမ်း

 

ဆရာမျိုးဟန်ကို - 2013, May လ အတွက် ဗေဒင် ဟောစတမ်း

အောက်ပါလိပ်စာတွင် ဝင်ရောက်ဖတ်ပါရန် ............

 http://www.malaysiaonlineradiomedia.com/2013/05/2013-may.html

Sunday, November 25, 2012

မလေးရှားနိုင်ငံ ပီနန် ပဲရပ်မြို့နယ် ကွာလာကူရောင်းတွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)


ဆရာတော် (ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ ၊ ပီနန်မြို့ ပဲရပ်မြို့နယ် ကွာလာကူရောင်းရွာ စတဲ့နေရာများတွင် တရားတော်များကို ဟောကြားခဲ့ပြီး ဆက်လက်၍ ၊ ပီနန်မြို့ ပီနန်ကျွန်း စသည့်နေရာများနှင့် ကွာလာလမ်ပူမြို့ ၊ မလ္လကာမြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၃.၁၁.၁၂ သောကြာနေ့တွင် မလေးရှားနိုင်ငံ (ပီနန်မြို့ ပဲရပ်မြို့နယ် ကွာလာကူရောင်းရွာ) ကိုစုလောင် မကြူခိုင်တို့၏ ဂိုဒေါင် တွင် ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဓမ္မဒါန တရားပွဲ အစီအစဉ်ကို ည ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ ရှစ်ပါး သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ သီလခံယူပြီးသော အချိန်တွင် တရားလာရောက် နာယူကြသော ပရိတ်သတ်များမှ သံဃာတော် အရှင်သူမြတ်များကို ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ 

သင်္ကန်းကပ်လှူပြီးသော အချိန်တွင် ဆရာတော်များမှ ဘေးရန်အန္တရာယ် ကင်းဝေးစေရန်အတွက် ပရိတ်တရားတော်များကို ရွတ်ဖတ်ပေးခဲ့ပါသည်။ ဆရာတော် တရား ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ ရတနာ သုံးပါးအကြောင်း လိုက်နာပြုပြင်သင့်သော သီလအကြောင်း ၊ သမာဓိအကြောင်း ပညာအကြောင်း ၊ ဘာသာရေးအကြောင်း အရာများ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမ အသိပေး ဟောပြောခဲ့ပါသည်။ 

ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုခဲ့ပါတယ်။ မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ် တ္ထု ၅၂၇၀ ကိုဆက်ကပ် လှူဒါန်းရာ ဆရာတော်၏ အကျိုးတော်ဆောင်မှ လက်ခံခဲ့ပါသည်။ 

၎င်းနောက် ပြုပြုသမျှ ကုလိုလ် ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံ (ပဲရပ်မြို့နယ် ကွာလာ ကူရောင်းရွာ) ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး ဂိုဒေါင် ပြည့်လျှံ သွားခဲ့ပါသည်။ 

တရားလာရောက် နာယူကြသော ပရိတ်သတ်များကို အကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ပါသည်။ ဆရာတော် တရားပွဲ အစီအစဉ်ကို " ဗုဒ္ဓသာသနံ စိရံ တိဌာတု " ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော် သုံးကြိမ်ရွတ်ဆိုပြီး ည ၁၁း၀၀ အချိန်တွင် ရပ်နားခဲ့ပါသည်။ 


နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/