Wednesday, June 5, 2013

မလေးရှားတွင် ယနေ့မှ စတင်၍ ဖမ်းဆီးနေပြီ

 

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မလေးရှားနိုင်ငံအတွင်း မြန်မာအများစု တည်ရှိသော နေရာများကို အော်ပရာဇီ (အဖမ်းအဆီး) ဝင်မည်ဖြစ်ကြောင်း အသိပေး ထုပ်ပြန်ထားပါသည်။ ယနေ့ 5.6.2013 ဗုဒ္ဓဟူးနေ့ အခြေအနေမှာ .... နေ့လည်ဖက်တွင် Selayang ဈေးကြီး တစ်ဝိုက်အောက်ပိုင်းကို မလေးရှား အာဏာပိုင်းများ စတင်ပိတ်ဆို့စစ်ဆေးနေပြီး ယနေ့ 5.6.2013 ဗုဒ္ဓဟူးနေ့ ပြီးခဲ့တဲ့ 11 နာရီက မလေးရှားကွာလမ်ပူမြို့လယ် မြန်မာဆိုင်တန်းများနေရာကို အထူးဖမ်းဆီးရေး အဖွဲ့လိုက် ဖမ်းသွားပြီး ယခု မြန်မာများ နေထိုင်ရာ နေရာများတွင် ပိုက်စိမ်တိုက် ဖမ်းဆီးရေးအဖွဲ့များ စတင်ဖမ်းဆီနေကြောင်း မလေးရှားရာက် မြန်မာများအဖွဲ့မှ သတင်းရရှိပါသည် ။ 

အချုပ်ကား (၈)စီးဖြင့် အဖမ်းခံရသော လူများကို တင်ဆောင်သွားခဲ့သည်။ ယခုဖမ်းဆီးမှုများတွင် မလေးရှားတာဝန်ရှိသူများမှ တရားဥပဒေနှင့်အညီ လုပ်ဆောင်မည် ဖြစ်ပြီး ယခုလတ်လောတွင် အချုပ်ထဲထည့်မည် ဖြစ်ကြောင်း သိရှိရသည်။ ပထမဦးဆုံး မလေးရှား ကွာလာလမ်ပူတွင် ဖမ်းဆီးမှု့ အကြီးစား အပြီ ယခု ဆလာရန်းဈေး အား စတင်ဝိုင်း ထားပြီဖြစ်ပါသည် ။ 

ယနေ့ဖမ်းဆီးမှု့များ အားလုံးသည် မြန်မာနိုင်ငံသားမျာ ကြားဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုင်ခိုက်မှု့များအပေါ် ထိန်းချုပ်ကိုင်တွယ်နိုင်ရန် အတွက်နှင့် နိုင်ငံတကာမှ ဖိအားများဖြစ်မလာခင် မလေးရှား အာဏာပိုင်များစတင် အရေးယူနေသည်ဟု ယူဆရပါသည်။ 

 အောက်ပါနေရာတွင် အပြည့်အစုံ ဝင်ရောက်ဖတ်ပါရန် ..... http://www.malaysiaonlineradiomedia.com/2013/06/blog-post_7645.html

ယခုလက်ရှိ ကွာလာလမ်ပူ မြန်မာဆိုင်များတွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ

 

ယနေ့ 5.6.2013 နံနက် 11 နာရီမှ စတင်ပြီး ကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များတည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင်များ ၊ လမ်းထောင့်များ တွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား(ပြည်သူ့စစ်) များပါဝင်သည့် အထူးစီမံချက် တစ်ရပ်ပြုလုပ်ကာ မည်သူ့ကိုမဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။

 ပြီးခဲ့တဲ့ 4 ရက်ဆက်တိုင် မြန်မာနိုင်ငံသားများ ကြားတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု့များ ကြောင့် ယနေ့ကွာလာလမ်ပူတစ်ဝိုက် Block Checking များ ၊ နေအိမ်များသို့ ရှောင်တခင် စစ်ဆေးမှု့များ နှင့်ုမြန်မာနိုင်ငံသားများနေထိုင်မှု့ များသောနေရာဒေသများတွင် အထူးစီမံချက် ဖြင့် ဖမ်းဆီးစစ်ဆေးမှု့များ ပြုလုပ်နေတာဖြစ်တယ်လို့ ဖမ်းဆီးသည့် အဖွဲ့တွင်ပါဝင်သော ရေးလားမှ ပြောပြခဲ့တာ သိရပါတယ် ။ 

 အောက်ပါနေရာတွင် လက်ဆက်ဖတ်ရှုပါရန် .... 

Tuesday, May 21, 2013

ပိုးမင်းသား နှင့် သိုင်းဝိညာဉ် (အပိုင်း ၁) တရုတ်သိုင်းကား


ကျွန်တော် ဝဘ်ဆိုဒ်လေးမှာ အရေးကြီးတာတွေ ဦးစားပေး တင်နေရတာနဲ့ ဗီဒီယို ဇတ်ကားတွေ မတင်ပေးရတာ ကြာနေပါပြီ ... အခု အခန်းဆက် တရုတ်သိုင်းကားတွေ တင်ပေးပါ့မယ်။ ပိုးမင်းသား နှင့် သိုင်းဝိညာဉ် (အပိုင်း ၁) တရုတ်သိုင်းကား အစီအစဉ်ကို တင်ဆက် ပေးလိုက်ပါတယ်။ အပိုင်း ၅၆ ပိုင်းရှိသော အခန်းဆက် သိုင်းကားဖြစ်ပြီး ကျွန်တော် အားတဲ့အချိန် အခန်း ဆက်တင် ပေးသွားပါမည်။ လောလောဆယ် အပိုင်း(၈) အထိတင်ပေး ထားပါတယ်။ https://www.youtube.com/ကို ဝင်ရောက်ပြီး နေဇော်လင်း လို့မြန်မာလို ရိုက်ပြီးကြည့်ရှုနိုင်ပါတယ်။

အောက်ပါနေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://www.malaysiaonlineradiomedia.com/2013/05/blog-post_21.html

Saturday, May 18, 2013

Android ဖုန်းများအတွက် Myanmar eRadio App Software ( New Update)

 
ဟိုနေ့က Play Store ထဲရေဒီယို ဆော့ဝဲလ်တွေ လိုက်ရှာတာရင်း တွေ့လို့သုံးကြည့်တော့ အရမ်းမိုက်တယ်ဗျာ... မြန်မာ Online radio တစ်ခုပါ။ လက်ရှိကျွန်တော် အသုံးပြုနေပါတယ်။ Mandalay FM , Voice of America (VOA) , Radio Free Asia (RFA မနက်ပိုင်း ၊ ညနေပိုင်း) , ABC Australia , BBC News (Morning) , BBC News (Evening) NHK World Radio , စတာတွေကို အမြဲနားထောင်လို့ ရပါတယ်။ 

အခု နောက်ပိုင်း အသစ်အနေနဲ့ ထည့်သွင်းပေးထားတဲ့ ရေဒီယိုတွေကတော့ Shwe FM , Just Music Radio , MUMC Online FM , Myanmar Online Broadcasting , MMYO Online Radio , Nay Nat Thar , Easy Music Radio စတာတွေကို ထည့်သွင်းပေးပါတယ်။ အားလုံး ရေဒီယိုလိုင်း ၁၃ လိုင်းကို ဒီကောင်လေးနဲ့ ကြိုက်ရာ လိုင်းတွေကို နားထော င်နိုင်ပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာများ အတွက် မြန်မာပြည် အလွမ်းပြေ Mandalay FM နှင့် Shwe FM စတဲ့ မြန်မာနိုင်ငံမှ လွင့်နေတဲ့ ရေဒီယို လိုင်းတွေကို နားထောင်လို့ ရပါတယ်။ 

ဥပမာ - Radio Free Asia (RFA) ရေဒီယို တိုက်ရိုက်လွင့်တာတွေ အလုပ်များနေလို့ နားမထောင်ဖြစ်ရင် ကိုယ်အားတဲ့ အချိန်ပြန်နားထောင်လို့ ရပါတယ်။ လမ်းသွားရင်း ကားစီးရင်း နားထောင်လို့ ရပါတယ်။ ရေဒီယိုလိုင်း ၆ လိုင်းကို ဝဘ်ဆိုက်တွေကို ဝင်ရောက်ဖို့ မလိုအပ်ပဲ Myanmar eRadio App လေးကိုဖွင့်ပြီး နားထောင်လို့ အဆင်ပြေတယ်။ အဓိက တစ်ချက်က internet ချိတ်ဆက်ပြီး နားထောင်ရမှာ ဖြစ်ပါတယ်။ လိုင်းကောင်းဖို့တော့ လိုအပ်ပါတယ်။ 

ရေဒီယိုကြီးဖွင့် နားထောင်ဖို့ မလိုအပ်ပဲ Myanmar eRadio App လေးနဲ့ လိုင်းစုံနားထောင်ရမှာပါ။ အားလုံး အိုကေပါတယ်။ သူငယ်ချင်းများလည်း သုံးကြည့်ပါ ခင်ဗျာ ... ဒီ App ကို ဖန်တီးခဲ့တဲ့ JS Media ကိုလဲ ကျေးဇူးတင်ပါတယ်။ နောက်လည်း ကောင်းတာတွေ တီထွင်နိုင်ပါစေဗျာ ... 

 အောက်ပါနေရာတွင် ဝင်ရောက် ရယူနိုင်ပါတယ်။